Xiaomi Mi Band နဲ့အပြိုင် ဈေးကွက်ထဲဝင်လာမယ့် Realme Fitness Trackers များ

လာမယ့်နှစ် ၂၀၂၀ အစောပိုင်းမှာ Realme အနေနဲ့ Fitness Tracker ဈေးကွက်ထဲကို Xiaomi Mi Band နဲ့ယှဉ်ပြီး ဝင်လာမယ်လို့ Realme CEO Madhav Sheth ကပြောခဲ့ပါတယ်။Realme အနေနဲ့ Mobile Phone ဈေးကွက်မှာ Xiaomi နဲ့အပြိုင်ဖြစ်နေပြီး ဈေးကွက်ချဲ့တဲ့အနေနဲ့ Fitness Trackers တွေကိုဘက်ကို လှည့်လာပြန်ပါပြီ။Realme အနေနဲ့ India ရဲ့အသုံးအများဆုံး Fitness Tracker ဖြစ်လာဖို့အထိ ရည်ရွယ်ထားတယ်လို့ ပြောကြားခဲ့ပါသေးတယ်။

ခုလောလောဆယ် ဈေးကွက်အတွင်းမှာတော့ Xiaomi Mi Band 4 ဟာ သူ့ဈေးနှုန်းမှာ သူ့ကိုယှဉ်နိုင်တဲ့သူ မရှိသလောက်ရှားပါတယ်။Realme အနေနဲ့ ဖုန်းဘက်ပိုင်းမှာတော့ Xiaomi နဲ့အကြိတ်အနယ် ပြိုင်ဆိုင်နေပါတယ်။Fitness Tracker မှာလည်း Mi Band ထက်ဈေးချိုပြီး Quality ပိုင်းသာမလား ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပြီး နောက်နှစ် ၂၀၂၀ မှာတော့ ကျွန်တော်တို့  အနေနဲ့  Fitness Tracker ဝယ်မယ်ဆိုရင် ရွေးချယ်စရာတွေ ပိုများလာမယ်ဆိုတာတော့ သေချာနေပါပြီ။

Ref: Android Authority

Previous
Previous

ပါဝါမလာတော့တဲ့ iPhone 6s/6s Plus တွေကို အသစ်တစ်လုံး အခမဲ့ ပြန်လဲပေးမယ့် Apple

Next
Next

Samsung ရဲ့ဖုန်းအသစ်ကို Galaxy S11 အစား Galaxy S20 လို့အမည်ပေးဖွယ်ရှိ