ပိုက်ဆံမပေးရင် iCloud အကောင့်တွေ ဖျက်မယ်လို့ Apple ကို ချိန်းခြောက်သူ Hacker ဖမ်းခံရ

London မှာနေထိုင်တဲ့ အသက် ၂၂ အရွယ် လူတစ်ဦးဟာ သူ့ကို Us $100,000 မပေးရင် iCloud Account သန်း ၃၀၀ ကျော်ကို ဖျက်မယ်လို့ Apple ကိုချိန်းခြောက်ပြီးတဲ့နောက် ဖမ်းခံလိုက်ရပါတယ်။Apple ကတော့ အကောင့်တွေ Hack ခံရတယ်ဆိုတာ မဟုတ်ကြောင်းနဲ့ Hacker အနေနဲ့ နာမည်ကြီးဖို့ အတွက် လိမ်လည်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Albayrak လို့အမည်ရတဲ့ Hacker ကိုသူ့နေအိမ်မှာပဲ ဖမ်းမိခဲ့ပြီး ထောင်ဒဏ် ၂ နှစ်အပါအဝင်၊ လူမှုရေးအလုပ် နာရီ ၃၀၀၊ လျှပ်စစ်ပစ္စည်း ကိုင်ဆောင်ခ္ငင့် ၆ လပိတ်ပင်မှု စတဲ့ပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။

နှစ်စဉ်ဆိုသလို Apple ရဲ့လုံခြုံရေးကို ချိုးဖောက်ထားပါတယ်ဆိုပြီး ငွေညှစ်မှုတွေရှိခဲ့ပြီး ခုကိစ္စဆိုရင်လည်း ၂၀၁၇ ကတည်းက ချိန်းခြောက်နေခဲ့တာပါ။

Ref  : www.9to5mac.com

Previous
Previous

Samsung ရဲ့ဖုန်းအသစ်ကို Galaxy S11 အစား Galaxy S20 လို့အမည်ပေးဖွယ်ရှိ

Next
Next

2020 မှာ Hardware Upgrades တွေနဲ့ ပွဲထွက်လာမယ့် Sony