Samsung ရဲ့ဖုန်းအသစ်ကို Galaxy S11 အစား Galaxy S20 လို့အမည်ပေးဖွယ်ရှိ

Samsung ဟာ သူတို့ရဲ့ Galaxy S11 Series ကို 2020 မှာကျင်းပမယ့် Mobile World Congress မှာထုတ်ဖော်သွားမယ်ဆိုတာ အားလုံးခန့်မှန်းထားပြီးသားဖြစ်ပါတယ်။

နောက်ဆုံးထွက်လာတဲ့ ကောလဟာလတစ်ခုကတော့ Samsung Galaxy S10 ရဲ့ နောက်ထပ်ဆက်ခံမယ့် Model အသစ်ဟာ Galaxy S11 လို့မခေါ်ဘဲ Galaxy S20 လို့ခေါ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီသတင်းကို Samsung နဲ့ပတ်သက်ပြီး ပေါက်ကြားမှုတွေကိုထောက်ပြတဲ့အခါမှာ နာမည်ကြီးသူဖြစ်တဲ့ Ice Universe (@UniverseIce) ကထုတ်ပေါ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ Twitter မှာ Galaxy S20 ဆိုပြီးတော့လည်းကောင်း၊ "နောက်နှစ်က 2020 ဆိုတော့ 20 ကအစ အသစ်ဖြစ်မှာ" ဆိုပြီးတင်ခဲ့ပါတယ်။

https://platform.twitter.com/widgets.js

ဒါသာမှန်ခဲ့မယ်ဆိုရင် ဒီ Series ထဲကဖုန်းတွေကို Galaxy S20+, Galaxy S20e ဆိုပြီး ခေါ်ဆိုလာနိုင်ပါတယ်။

ဒီလို အမှတ်စဉ် နာမည်ကျော်တာဟာ Samsung မှာတင်မဟုတ်ဘဲ Huawei ရဲ့ Honor မှာလည်းဖြစ်ခဲ့ပါတယ်။ Honor တုန်းကလည်း Honor 10 ပြီးတော့ နောက်ထွက်တဲ့ Model ကို Honor 20 လို့ခေါ်တွင်စေခဲ့ပါတယ်။ ဒါ့အပြင် Huawei P10 ရဲ့နောက်ထွက်တဲ့ Model ဟာလည်း Huawei P20 ဆိုပြီးဖြစ်ခဲ့ပါတယ်။ အကယ်၍ ဒီ Trend အတိုင်းပဲသွားမယ်ဆိုရင် နောက်ထွက်မယ့် Note Series ကလည်း Note 11 မဟုတ်ဘဲ Note 20 Series ဖြစ်သွားနိုင်ပါတ​ယ်။

ဒီဖုန်းအသစ်နဲ့ပတ်သက်ပြီး ထွက်ထားတဲ့ ကောလဟာလတွေကို ခြုံပြောရမယ်ဆိုရင် အဓိကအနေနဲ့ 108MP ISOCELL Bright HMX sensor ပါလာမှာဖြစ်ပြီး Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon 865 နဲ့ထုတ်လုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ 5G Support ပါလာမယ့်အပြင် LPDDR5 RAM နဲ့ UFS 3.0 Storage Support နဲ့လည်း လာနိုင်ပါတယ်။ ဒါ့အပြင် Display ပိုင်းမှာလည်း သိသိသာသာ တိုးတက်လာတဲ့ Screen Refresh Rate (120Hz) ကိုသုံးမှာဖြစ်ပြီး ဖြစ်ပြီး အသေးဆုံး Notch နဲ့ အကျယ်ဆုံး Display (Bezel အသေးဆုံး) နဲ့ထုတ်လုပ်လာနိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။

Ref: First Post

Previous
Previous

Xiaomi Mi Band နဲ့အပြိုင် ဈေးကွက်ထဲဝင်လာမယ့် Realme Fitness Trackers များ

Next
Next

ပိုက်ဆံမပေးရင် iCloud အကောင့်တွေ ဖျက်မယ်လို့ Apple ကို ချိန်းခြောက်သူ Hacker ဖမ်းခံရ