2020 မှာ Hardware Upgrades တွေနဲ့ ပွဲထွက်လာမယ့် Sony
Sony အနေနဲ့ 2019 အတွင်း Camera Setup၊Display Quality စတာတွေမှာ တစ်ခြားဖုန်းတွေနဲ့ ယှဥ်ရင် သိသိသာသာ ထူးထူးခြားခြား မလုပ်နိုင်ခဲ့ဘူးလို့ မြင်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း ဖုန်းသုံးသူတွေကြား တစ်ခြား Brand တွေနဲ့ယှဉ်ရင် 2019 မှာ ရေပန်းစားနည်းခဲ့ပါတယ်။ ဒါကြောင့် 2020 မှာ 21:9 Ratio Dispaly အပြင် Punch-hole Display၊ ကင်မရာ (၆) လုံး Setup နဲ့ပြန်လည် ပွဲထွက်လာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။


၂၀၂၀ အစောပိုင်းမှာ ထွက်လာမယ့် Sony ဖုန်းဟာ Snapdragon 865 သုံးထားပြီး RAM 12 GB ပါဝင်လာနိုင်ပါတယ်။နောက်တစ်ခုကတော့ 2020 နည်းပညာ Trend ဖြစ်လာမယ့် 5G လည်းပါဝင်နေဦးမှာပါ။Snapdragon 865 သုံးမယ်ဆိုကတည်းက 5G ကတော့ ပါဝင်လာဖို့ သေချာပါတယ်။Display အနေနဲ့ QHD ဖြစ်လာဖို့ ရှိနေသလို Camera ကလည်း ၆ လုံးဆိုတော့ နဂိုကတည်းက Camera ကြမ်းခဲ့တဲ့ Sony နဲ့ လက်ရှိ Camera Ranking ကောင်းနေတဲ့ Huawei နဲ့တော့ ပွဲကြီးပွဲကောင်း တွေ့ရဦးမှာပါ။
Ref : www.theverge.com