Google Play Service တွေကိုအစားထိုးတော့မယ့် Huawei

Trump နဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြားမှာ Huawei ဟာ ကြပ်တည်းမှုတွေ​ရှိခဲ့ပါတယ်။ သူ့ရဲ့ စီးပွားရေးပိတ်ဆို့ခံရမှုတွေထဲကမှ Google Play Service တွေကို အသုံးပြုခွင့်ကို Google ကပိတ်ပင်လိုက်တာဟာလည်း ကမ္ဘာတစ်ဝှမ်းအသုံးပြုသူတွေအတွက် Huawei မှာနစ်နာမှုတွေရှိခဲ့ပါတယ်။

အခက်အခဲတွေကြားထဲကနေပြီးတော့ Huawei ကရုန်းထွက်ဖို့ကြိုးစားနေတာဖြစ်ပြီး Google ကိုအခြေခံထားတဲ့ Android စနစ်မှာ Huawei အနေနဲ့ ပိတ်ပင်ထားခံရတဲ့ Google Play Service တွေနေရာမှာ သူတို့ရဲ့ ကိုယ်ပိုင် Service တွေကို ထည့်သွင်းဖို့ကြိုးစားနေတယ်ဆိုတာကို သိရပါတယ်။

Huawei ကနေထုတ်မယ့် Google Play Service အစားထိုးမှာကတော့ Huawei Mobile Service (HMS) လို့ခေါ်မှာဖြစ်ပြီး Huawei ရဲ့တရုတ်ပြင်ပ ဈေးကွက်တွေမှာ အကောင်းဆုံးအသုံးပြုနိုင်အောင် ဆောင်ရွက်မယ်ဆိုပြီး ဆိုပါတယ်။

Huawei ဟာ နောက်ပိုင်းမှာ HMS ကိုအသုံးပြုပြီး Android တွေမှာ Default ပါလာလေ့ရှိတဲ့ Google Apps တွေ (YouTube, Google Maps, Gmail, Google Drive စသဖြင့်) တွေကိုအစားထိုးဖို့ရှိပါတယ်။

တကယ်တော့ တစ်ကမ္ဘာလုံး သုံးနေတဲ့ Google Service တွေကိုအစားထိုးဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ Goolge Mobile Service တွေဟာ Gmail, Maps စတဲ့ Apps တွေကိုပဲပံ့ပိုးနေတာမဟုတ်ဘဲ Cloud Storage, Messaging တို့အပြင် Location Service တွေအတွက် API တွေကိုလည်း ပံ့ပိုးထားတာဖြစ်ပါတယ်။ ဒါကိုတောင် Huawei ဘက်ကနေပြီး Google Service တွေကို သူတို့ဖုန်းတွေမှာ အစားထိုးနိုင်အောင်လုပ်မယ်ဆိုတဲ့ ကြေညာချက်ဟာ တော်ရုံယုံကြည်ချက်နဲ့တောင် မရပါဘူး။

Service တွေကိုအပထား။​ Google ရဲ့ YouTube ကိုတောင် အစားထိုးဖို့ဆိုတာ ခက်ပါတယ်။ YouTube ဟာ သူနဲ့ရှေ့ဆင့်နောက်ဆင့် လိုက်နေတဲ့ ပြိုင်ဘက်တွေနဲ့တောင်မှ အများကြီးသာနေပါတယ်။ Google Drive ဆိုရင်လည်း တကမ္ဘာလုံးက Google User အများစု မှီခိုနေကြတဲ့ Cloud Storage ဖြစ်ပါတယ်။

Huawei ကတော့ ဒီနှစ်ကုန်လောက်မှာ စပြီး Service တွေကို တဖြည်းဖြည်း အစားထိုးသွားမယ်လို့တော့ဆိုပါတယ်။ စစချင်းမှာတော့  Navigation, Payments, Gaming, Messages စတာတွေကိုပဲ​မိတ်ဆက်နိုင်လောက်ဦးမယ်လို့ ခန့်မှန်းပါတယ်။

Harmony OS (Hongmeng OS)

Huawei ဟာ Google ရဲ့ပြင်ပကနေ သီးသန့်ရပ်တည်နိုင်ဖို့ကြိုးစားနေပေမဲ့ ဒါဟာသိပ်လွယ်တဲ့ လုပ်ငန်းစဉ်တော့ဖြစ်မှာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကလည်း Harmony OS ကိုထုတ်ကြေညာခဲ့ပေမဲ့ သုံးဖို့အသင့်မဖြစ်တာ အသိသာကြီးပါ။ ဒါပေမ​ယ့် ဒီလိုအခက်အခဲတွေကြားကနေတောင်မှ Huawei ဟာ ၂၀၁၉ ခုနှစ်မှာ လွန်ခဲ့တဲ့နှစ်တွေအားလုံးထက် ဖုန်းအရေအတွက်တွေကို ပိုမိုများပြားစွာ ရောင်းချနိုင်ခဲ့ပါတယ်။

Ref: Android CentralSlash Gear

Previous
Previous

2020 မှာ Hardware Upgrades တွေနဲ့ ပွဲထွက်လာမယ့် Sony

Next
Next

Redmi K20 အတွက် Android 10 ပါဝင်တဲ့ MIUI 11 Update