90Hz Screen ၊ Snapdragon 765G နဲ့ 12GB RAM သုံးလာနိုင်တဲ့ OPPO Reno3 Pro 5G
လက်ရှိ Mid-Range တန်းမှာ ရွေးချယ်စရာ ဖုန်းတစ်လုံးအဖြစ် ရပ်တည်နေတဲ့ Reno စီးရီးတွေကတော့ နောက်ခရီးဆက်ပါဦးမယ်။ OPPO အနေနဲ့လည်း တရုတ်နိုင်ငံအတွက် ဒေါ်လာ ၂၀၀ နဲ့ 5G စမတ်ဖုန်း ကိုင်နိုင်အောင် ဖန်တီးသွားတော့မှာဖြစ်တဲ့အတွက် ၂၀၂၀ OPPO ဖုန်းအများစုမှာ 5G ပါလာနိုင်ပါတယ်။
Global အလုံးတွေအတွက် ထုတ်ပြန်ထားချက်မရှိသေးပေမယ့် အခုပေါက်ကြားလာတဲ့ Reno3 Pro မှာ 5G ပါလာမှာပါ။ Snapdragon 765G Processor နဲ့ တွဲဖက်ထားမှာဖြစ်ပြီး စျေးကွက်ပြိုင်ဖက် Redmi K30 5G နဲ့ Head-to-head ထွက်လာနိုင်ချေရှိပါတယ်။

OPPO ရဲ့ ဒုက္ကဌဖြစ်သူ Shen Yiren ကိုယ်တိုင်က အချက်လက်တချို့ လှစ်ဟပြနေတဲ့အတွက် Reno3 Pro မှာ 6.5” အရွယ်ရှိ Curved Display သုံးလာနိုင်ချေရှိပါတယ်။ Reno2 စီးရီးတွေလို FullView Display နဲ့ ထွက်ရှိလာမလားကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပြီး ကောလာဟလအရ Punch Hole Display သုံးထားမှာ ဖြစ်ပါတယ်။
OPPO စမတ်ဖုန်းတွေရဲ့ Signature Feature တစ်ခုဖြစ်တဲ့ ပါးလွာတဲ့ကိုယ်ထည်ကို Reno3 Pro နဲ့ ထပ်မြင်ရနိုင်ပြီး 7.7mm အထူပဲ ရှိမယ်၊ အလေးချိန်အနေနဲ့လည်း 180g အောက်ပဲ ရှိမယ်လို့ သိရပါတယ်။ ဒီကိုယ်ထည်ထဲမှာ 4,025 mAh Battery တပ်ဆင်ထားမှာဖြစ်တဲ့အတွက် Premium Mid-Range ဖက် သွားနိုင်ပါတယ်။

Display ပိုင်းနဲ့ ပတ်သက်လို့ Digital Chat Station ကနေ ပေါက်ကြားထားတာရှိပြီး Reno3 Pro မှာ 90Hz Refresh Rate ပါဝင်လာမယ့် Fluid AMOLED Panel ကို သုံးလာနိုင်ပါတယ်။ တဆက်ထဲ တွေးနိုင်တာက In-display Fingerprint Sensor ကိုလည်း Reno2 စီးရီးတွေလို သုံးထားဦးမယ်ဆိုတာပဲ ဖြစ်ပါတယ်။
Snapdragon 765G သုံးလာနိုင်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ Reno2 ထက်ပိုကောင်းလာမယ်၊ 12GB RAM နဲ့ 256GB Storage ပါလာဦးမှာဖြစ်တဲ့အတွက် ပွဲကတော့ ကြည့်ကောင်းဦးမယ် ထင်ပါတယ်။
ကင်မရာပိုင်းမှာဆိုရင် 48MP Sensor ပါဝင်တဲ့ Quad Camera စနစ်ကိုပဲ သုံးထားနိုင်ပြီး Reno3 Pro မှာ 30W Fast Charging ကို ထောက်ပံ့နိုင်တဲ့ VOOC 4.0 Flash Charge လည်း ပါလာနိုင်ပါတယ်။ ဒါကြောင့် Redmi K30 Pro (120Hz, 4,500 mAh Battery) နဲ့ ယှဥ်ရင် ဘယ်သူက Real Game Changer ဖြစ်လာမလဲကိုတော့ စောင့်ကြည့်လိုက်ရအောင်။
Source: GizmoChina