စျေးသက်သာပြီး Galaxy S11e အစား ရွေးချယ်စရာ ဖြစ်လာနိင်တဲ့ OnePlus 8 Lite
တစ်ခေတ်တခါတုန်းက Flagship Killer ဒါမှမဟုတ် တန်ဖိုးနည်း Performer စမတ်ဖုန်းတွေနဲ့ OnePlus အောင်မြင်ခဲ့တာ မှတ်မိဦးမယ်ထင်ပါတယ်။ ၂၀၁၉ မှာ ဘဝပြောင်းသွားပေမယ့် Budget ကနေ Mid-Range တန်းမှာ တိုးဖို့ခက်သွားခဲ့တယ်။
သေချာသလောက် ပြောရင်တော့ စွမ်းဆောင်ရည်ကောင်းပြီး Affordable မဖြစ်တဲ့အတွက် OnePlus အနေနဲ့ စီးရီးအသစ်မှာ Strategy ပြောင်းသွားဟန် ရှိနေပါပါတယ်။
Fans တွေအနေနဲ့ စောင့်စားနိုင်တာကတော့ OnePlus 8 Generation မှာ စျေးပိုသက်သာပြီး စိတ်ဝင်စားစရာကောင်းတဲ့ Lite Version ရှိနေတယ်။ နေက်တစ်နည်းပြောရင် Galaxy S11e Counter စမတ်ဖုန်း အနေနဲ့ ကျွန်တော်တို့ မြင်ရဖို့ရှိနေပါတယ်။

ဒါပေမယ့်လည်း လက်ရှိ Hot နေတဲ့အချက်တွေအရ Mid-Range ဖက်ကို သွားဖို့ရှိနေပါတယ်။ ပထမဆုံး ဆွေးနွေးစရာ ပြောရင်တော့ OnePlus 8 Lite မှာ Fluid AMOLED Screen သုံးမသုံးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ကျနော့်အထင်ရ ပြောရင်တော့ All-rounder စမတ်ဖုန်း ဖြစ်ဖို့ဆိုရင်တော့ 90Hz Refresh Rate သုံးလာဖို့က ရာခိုင်နှုန်းများပါတယ်။ Render ထွက်ထားတဲ့ ပုံစံအရဆိုရင်လည်း Galaxy S11 နဲ့ ဆင်တူဖြစ်နေတယ်လို့ သိရပါတယ်။

Rumours တွေအရ OnePlus 8 Lite Level တန်းမှာ Redmi K30 Pro ၊ Reno3 Pro ဖုန်းတွေ ရှိနေပါတယ်။ ဒီဖုန်းတွေမှာ Punch Hole Display ၊ 90Hz (Reno3 Pro) 120Hz (K30 Pro) သုံးလာနိုင်ချေရှိတဲ့အတွက် Compete လုပ်မယ်ဆိုရင် Fluid Display က ပါကိုပါလာရမှာဖြစ်ပါတယ်။
Snapdragon 765G Processor နဲ့ Coupling လုပ်ထားနိုင်တဲ့အတွက် Mid-Range ဖက်ကို ရောက်နေတယ်။ ဒါကလည်း OnePlus 8 နဲ့ OnePlus 8 Pro ၂ မျိုး ရှိနေသေးတဲ့အတွက်ကြောင့် Lite Version ကို Mid-Range Counterpart စမတ်ဖုန်း အနေနဲ့ ယူဆနိုင်ပါတယ်။ (မသေချာသေးပါဘူး)

ဒါပေမယ့် Galaxy S11e နဲ့ တိုက်ရိုက်ပြိုင်ဖို့ မလွယ်သလို သိသာနေတဲ့အချက်ပြောရရင် OnePlus 8 Lite မှာ 6.5” AMOLED Display သုံးလာမယ်၊ Render ဒီဇိုင်းမှာတော့ ကျောဖက် Fingerprint Scanner မတွေ့ရတဲ့အတွက် In-display သုံးလာဖို့ များပါတယ်။
နောက်တစ်ချက် ပြောစရာဖြစ်နေတာက OnePlus ရဲ့ Camera ပဲ ဖြစ်ပါတယ်။ Lite လို့ ဆိုသော်ငြားလည်း Dual Camera နဲ့ ထွက်လာတဲ့အတွက်ကြောင့်မလို့ S11e နဲ့ ယှဥ်မယ်ဆိုရင် Flagship Performance ဖက် သွားမယ်လို့ သုံးသပ်မိပါတယ်။

K30 Pro နဲ့ Reno3 Pro မှာ Quad Camera သုံးမယ်လို့ သိထားရတဲ့အချိန်မှာ OnePlus က Dual နဲ့ဆိုတော့ ၃ လုံးစလုံးထွက်လာခဲ့ရင် ပွဲက ပိုကြည့်ကောင်းသွားမှာပါ။ ထိပ်မှာလည်း Galaxy S11e ရှိနေတယ်ဆိုတော့ Game Changer ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။
Source: Engadget ၊ GizmoChina