SMS တွေကို အစစ်အမှန်ဟုတ်မဟုတ်သိနိုင်မယ့် Verified SMS Feature ကို Google ထည့်သွင်း

Message တွေကိုယ်မသိတဲ့ လုပ်ငန်းတစ်ခုခုက ပို့လာပြီဆို အမှန်တကယ်ဟုတ်လား မဟုတ်လားဆိုတာ နံပတ်ကို ကြည့်ရုံနဲ့ ဝေခွဲရခက်ပါတယ်။ Google ကတော့ ဒီလို ပြဿနာကို လျှော့ချနိုင်ဖို့ သူ့ရဲ့ Messages App မှာ Spam Message တွေမရောက်အောင် ကာကွယ်ပေးမယ့် Verified SMS ဆိုတဲ့ Feature အသစ်ကို ထည့်ပေးလိုက်ပြီဖြစ်ပါတယ်။

Verified SMS ဟာ ခုချိန်မှာတော့ US တစ်နိုင်ငံထဲမှာပဲ​ ရသေးတာဖြစ်ပါတယ်။ နံပတ်တွေ အားလုံးကို စစ်မထုတ်နိုင်သေးပေမယ့် ဘာမှမရှိတာထက်တော့ ကောင်းတဲ့Feature တစ်ခုလို့ဆိုနိုင်ပါတယ်။

ဒီ App ကဘယ်လိုအလုပ်လုပ်သလဲဆိုရင် ကိုယ့်ကို Company တစ်ခုအနေနဲ့ Message ပို့လာတဲ့အခါ ပို့လိုက်တဲ့ လုပ်ငန်းက Google ရဲ့ Verified SMS နဲ့ချိတ်ဆက်ထားရင် Message က ပုံမှန်အတိုင်းဝင်မှာဖြစ်ပါတယ်။​ အဲ့လိုမဟုတ်ဘဲ ပို့လိုက်တဲ့ လုပ်ငန်းဟာ Spam Database ပဲဖြစ်ဖြစ် Verified SMS မချိတ်ထားရင်ပဲဖြစ်ဖြစ် Google Messages ကနေပြီးတော့ “Message could not be verified.” ဆိုပြီး သတိပေးမှာဖြစ်ပါတယ်။

ဒီတော့ နောက်ကျရင် ကိုယ့်ဆီ ရောက်လာတဲ့ Message ဟာ Spam လား အမှန်တကယ်လားဆိုတာကို ကူညီခွဲခြားပေးနိုင်မှာဖြစ်ပါတယ်။ Google အနေနဲ့ ဒီ Message တွေနဲ့မြင်နိုင်မှာ မဟုတ်ဘူးဆိုပြီးတော့ အာမခံထားပါတယ်။ Verified SMS ကိုသုံးမယ်ဆိုရင် Messages App ရဲ့ Settings ကနေပြီးတော့ Verified SMS ကိုအဖွင့်အပိတ် လုပ်ရုံပါပဲ။ (ခုတော့ US ပဲရဦးမှာပါ)

အကယ်၍ ဒီ Service ဟာမြန်မာနိုင်ငံကိုလည်း ရောက်လာမယ်ဆိုရင် ကျွန်တော်တို့ကို လိမ်ပြီး ပို့နေတဲ့ Message အယောင်အမှားတွေကနေ ရှောင်နိုင်ပြီး မဟုတ်တဲ့လူကို Sensitve Data တွေပို့မိခြင်းကနေ ကာကွယ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ခုတော့ စောင့်ဆိုင်းကြရုံပဲပေါ့။

Ref: PhoneArena

Previous
Previous

ရွေးချယ်စရာ အကောင်းဆုံး Gaming Laptop ဖြစ်လာတဲ့ Zephyrus GA502

Next
Next

iPod ရဲ့ Click Wheel ကိုအလွမ်းပြေပြန်တွေ့နိုင်မယ့် iPhone App