iPod ရဲ့ Click Wheel ကိုအလွမ်းပြေပြန်တွေ့နိုင်မယ့် iPhone App

iPod မှာပါဝင်တဲ့ Click Wheel လိုမျိုး Feature ပါဝင်တဲ့ iPhone App ကို iOS Developer တစ်ယောက်က လောလောဆယ်မှာ Develop လုပ်နေတယ်လို့ သိရပါတယ်။ Developer ကတော့ Elvin Hu ဆိုသူ New York, Cooper Union College က Design Major ကျောင်းသားတစ်ယောက်ဖြစ်ပြီး  ဒီ App ကို October ကတည်းက စတင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

App ရဲ့ဒီဇိုင်းကိုတော့ မနေ့က Twitter မှာတင်ခဲ့ပြီး iPhone Users တွေကြားမှာ ဂယက်ထသွားခဲ့ပါတယ်။ဒီ Software မှာ iPhone Screen ကို iPod ရဲ့ ပုံစံပေါ်စေမှာဖြစ်ပြီး iPod လိုမျိုး Click Wheel လည်းပါမှာဖြစ်ပြီး Haptic Feedback လည်းရမှာဖြစ်ပါတယ်။ပြီးတော့ Click Wheel အတွက် Click Sound လည်းပါဝင်မှာဖြစ်ပါတယ်။

Twitter မှာလည်း iPod ရဲ့ဖခင်လို့ခေါ်ကြတဲ့ Tony Fadell ကိုယ်တိုင်က “သိပ်ကောင်းတဲ့ ပြန်လည်ဖန်တီးမှု” တစ်ခုလို့ မှတ်ချက်ပေးခဲ့ပါတယ်။ App Developer Elvin Hu ကတော့ ဒီ Software ကိုကျောင်းပရောဂျက်တစ်ခုမှာ iPod အကြောင်းကိုလေ့လာရင်း လုပ်ဖြစ်ခဲ့တာလို့ သိရပါတယ်။

”ကျွန်တော် ငယ်ငယ်ကတည်းက Apple Product တွေကိုအရမ်းသဘောကျခဲ့တာပါ”လို့ The Verge ကိုပြောခဲ့ပါသေးတယ်။ ”ငယ်ငယ်ကတည်းက Apple iPhone UI Design တွေကို ကတ်ထူစက္ကူပေါ်မှာ ဆွဲနေခဲ့တာပါ။Apple Product တွေက ကျွန်တော့်ကို Professional အသက်မွေးလမ်းကြောင်း ရွေးချယ်ရာမှာ တော်တော်လေး လွှမ်းမိုးခဲ့တယ်” လို့ဆိုပါတယ်။

Apple ရဲ့တင်းကျပ်တဲ့ App Store Policy တွေကြောင့် ဒီ App ကို Launch လုပ်နိုင်မလုပ်နိုင် မသေချာပေမယ့် ဒီပရောဂျက်ကို October ကတည်းက စတင်နေခဲ့တာလို့ ဆိုပါတယ်။

App အတွင်းမှာ Apple ရဲ့ အရင်တုန်းက ပုံစံတစ်ခုဖြစ်တဲ့ Albums တွေ၊ Songs တွေကို Flip , Scroll လုပ်ပြီး ပြောင်းလို့ရတဲ့ Animation လည်းပါဝင်ပါသေးတယ်။ပြီးတော့ Landscape လည်းသုံးလို့ရပါသေးတယ်။

တစ်ကယ်လို့ Apple ကဒီ App ကို App Store ပေါ်တင်ခွင့် မပေးဘူးဆိုရင်တော့ ဒီပရောဂျက်ကို Open Source အနေနဲ့ ခွင့်ပြုထားမှာဖြစ်ပြီး သူကတော့ ဒီပရောဂျက်ကို December လထဲမှာ အဆုံးသတ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။တစ်ကယ်လို့ Apple က ဒီပရောဂျက်ကို ခွင့်မပြုခဲ့ဘူးဆိုရင်လည်း iOS Development Team ကတစ်ယောက်ယောက်က နောက်ပိုင်း Update တွေမှာ ဒီ Feature ကို Update ပေးရင်တော့ အတော်လေး ဝမ်းသာစရာဖြစ်လာနိုင်ပါတယ်။

Ref: The Verge

Wai Yan (AkhayarMedia)

Previous
Previous

SMS တွေကို အစစ်အမှန်ဟုတ်မဟုတ်သိနိုင်မယ့် Verified SMS Feature ကို Google ထည့်သွင်း

Next
Next

မတူတော့တဲ့ Display Size တွေနဲ့အတူ ပိုပြီးပါးလွှာတဲ့ Display နည်းပညာကို သုံးနိုင်ဖွယ်ရှိတဲ့ 2020 iPhone များ