အချက်အလက်တွေဖုံးတဲ့အခါမှာ ဘာကြောင့် Apple ရဲ့ Highlighter Tool ကိုမသုံးသင့်သလဲ
iPhone တွေမှာ iPad တွေမှာ Screenshot ရိုက်ပြီးတဲ့အခါပဲ ဖြစ်ဖြစ်၊ PDF တစ်ခုကိုပဲဖြစ်ဖြစ် အရေးကြီးပြီး သူများကို မမြင်စေချင်တဲ့အခါ Markup Tool နဲ့အချက်အလက်တွေကို ဖုံးကွယ်လေ့ရှိကြပါတယ်။ ဒီလိုဖုံးကွယ်ဖို့ လုပ်တဲ့အခါမှာ Pen Tool သုံးပြီး ဖုံးတာမဟုတ်ဘဲ Highlighter နဲ့ဖုံးတာမျိုးဟာ အပြည့်အဝ ဖုံးမိခြင်းမရှိဘဲ ပြန်ပြီးဖော်ကြည့်နိုင်တာကို Reddit Post တစ်ခုက တင်ပြခဲ့ပါတယ်။
iOS မှာပါတဲ့ Markup Tool ဟာ Document တွေ Screenshot တွေကို ပြင်ဆင်တည်းဖြတ်တဲ့အခါမှာ အလွန်အသုံးဝင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့တွေ Conversation တွေကို Screenshot ရိုက်ပြီး လူနာမည်တွေကိုဖုံးတာပဲဖြစ်ဖြစ်၊ Account ကို Screenshot ရိုက်ပြီး ဖုံးတာပဲဖြစ်ဖြစ်၊ PDF တွေမှာ လူမမြင်စေချင်တဲ့ အပိုင်းတွေကိုဖုံးတာပဲဖြစ်ဖြစ် Markup Tool မှာပါတဲ့ Pen Tool တွေ Highligher Tool တွေသုံးပြီးဖုံးကြပါတယ်။
Highligher ဆိုတာက စာတစ်ခုခုကို ပိုမြင်သာစေဖို့ Highlight သဘောအနေနဲ့ သုံးတာမျိုးဖြစ်ပါတယ်။ အုပ်ချဖို့ သုံးတာမဟုတ်ပါဘူး။ ဒါကြောင့် Highlighter Tool သုံးတဲ့အခါ Opacity ဟာ 100% မရှိတဲ့အတွက်ကြောင့် ကိုယ်ဖုံးလိုက်တဲ့ အချက်အလက်တွေကို ပြန်ဖော်လို့ရပါတယ်။
Opacity 100% မပြည့်ဘူးဆိုတာက တစ်နည်းမဟုတ် တစ်နည်းဖောက်မြင်လို့ရသေးတယ်လို့ ဆိုနိုင်ပါတယ်။ Opacity နှိမ့်လေလေ၊ ဖောက်မြင်ရဖို့ ပိုများလေလေပဲဖြစ်ပါတယ်။ ဒီနေရာ Opacity 100% မပြည့်တဲ့ Markup တွေဟာ Photo Editing ကိုအသုံးပြုပြီး ပြန်ဖော်လို့ရတာကို ပြသခဲ့ပါတယ်။
Here is why you shouldn’t censor sensitive info with the black highlighter on iOS, this video shows just how easy it is to reveal sensitive info censored with the black highlighter from r/ios
//embed.redditmedia.com/widgets/platform.js
ဒီ Reddit က Post မှာ သူဟာ မမြင်စေချင်တဲ့ နံပါတ်ကို Highlighter Tool နဲ့ဖုံးကွယ်ပြပြီး Photo Editing ကနေပြီး Exposure, Highlights, Shadows, Contrast စတာတွေကို တစ်ခုချင်းစီချိန်ပြီး ဖုံးထားတဲ့စာ ပေါ်မလာမချင်း ဖော်ထုတ်လို့ရတာကို စမ်းပြခဲ့ပါတယ်။

ဒါကြောင့် ကိုယ်က အချက်အလက်ကို သေချာဖုံးချင်တဲ့အခါ Highlighter ကိုမသုံးသင့်ဘဲ တခြား Markup Tool (Pen, Pencil)ကိုသုံးပြီး သူတို့ရဲ့ Opacity ကို 100% ထားထားသင့်ပါတယ်။ ဒါမှမဟုတ် ပိုပြီး သေချာချင်တယ်ဆိုရင် “+” ဆိုတဲ့ထဲကနေ အရောင်အပြည့်ပါတဲ့ Rectangle, Cirle စတာတွေနဲ့လည်း ဖုံးထားလို့ရပါတယ်။
Ref: The Next Web