Magic Watch 2 ကို ပိုကောင်းတဲ့ Battery Life နဲ့မိတ်ဆက်လိုက်တဲ့ Honor
Huawei ရဲ့လက်အောက် Brand တစ်ခုဖြစ်တဲ့ Honor ဟာ ဒီနေ့မှာပဲ Smartwatch အသစ်တစ်လုံးကို မိတ်ဆက်ခဲ့ပြီး လွန်ခဲ့တဲ့ Magic Watch ရဲ့မျိုးဆက်တစ်ခုအနေနဲ့ Honor Magic Watch 2 ဆိုပြီးပွဲထုတ်ခဲ့ပါတယ်။
နာရီခွက် အဝိုင်းနဲ့လာတဲ့ Honor Magic Watch 2 ဟာ Stainless Steel ကိုအခြေခံတည်ဆောက်ထားတာဖြစ်ပြီး အရွယ်အစား ၂မျိုး နဲ့လာပါတယ်။ တစ်ခုကတော့ 42mm ဖြစ်ပြီး နောက်တစ်ခုကတော့ 46mm ရှိပါတယ်။ 42mm အလုံးရဲ့မျက်နှာပြင်က 1.2-inch ရှိတဲ့ 360px x 360px Resolution နဲ့ AMOLED Display သုံးထားပြီးတော့ အကြီးတစ်ခုကတော့ 1.39-inch ရှိတဲ့ 454px x 454px Resolution နဲ့ AMOLED Display ကိုသုံးထားတာဖြစ်ပါတယ်။
Honor Magic Watch 2 ဟာ ကျန်းမာရေးထောက်ပံ့မှုကို အထူးအသားပေးထားပြီး စုံလင်တဲ့ Fitness Feature တွေပါရှိပါတယ်။ ရေအနက် ၅၀မီတာလောက်နဲ့ညီမျှတဲ့ ရေဖိအား 5ATM ကိုခံနိုင်ရည်ရှိပါတယ်။ GPS ပါဝင်ပြီး Fitness Mode တွေ ၁၅ခုလောက်ပါဝင်ပါတယ်။ ကိုယ့်ရဲ့ နှလုံးခုန်နှုန်းတွေကိုတိုင်းပေးတဲ့ Huawei TruSeen 3.5၊ အိပ်စက်ချိန်တွေကို တွက်ပေးတဲ့ Huawei TruSleep 2.0 အပြင် စိတ်ဖိစီးမှုကို တိုင်းတာပေးတဲ့ Huawei TruRelax တွေလည်းပါဝင်ပါတယ်။ ဒါကြောင့် Honor Magic Watch 2 ဟာလည်း နေ့စဉ်သုံးရာမှာ အားကစားတွေ Workout တွေလိုက်စားသူတွေအတွက် ရွေးချယ်စရာကောင်းတစ်ခု ဖြစ်နေစေမှာပါ။
Battery အနေနဲ့ဆိုရင် Features တွေအားလုံးဖွင့်ပြီးသုံးတဲ့အခါ 42mm Version ဟာ ၇ရက် ဆက်တိုက်ခံပြီး 46mm Version ကတော့ ၁၄ရက်အထိ ဆက်တိုက်အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါဟာ Magic Watch 1 တုန်းနဲ့ယှဉ်ရင် တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။ အရောင်တွေအနေနဲ့ အသေးအတွက် မဟူရာနက်ရောင်(Agate Black)၊ ဆာကူရာရွှေရောင် (Sakura Gold) နဲ့ အကြီးအတွက် မီးသွေးနက်ရောင်(Charcoal Black)၊ နှမ်းကြတ်ညို(Flax Brown) ဆိုပြီး ရွေးချယ်စရာ နှစ်မျိုးစီရှိမှာပါ။

ဈေးနှုန်းတွေအနေနဲ့ 42mm အတွက် တရုတ်ငွေ 1,099 ယွမ် (မြန်မာငွေ ၃သိန်းခန့်)၊ 46mm အတွက် တရုတ်ငွေ 1,199 ယွမ် (မြန်မာငွေ ၃သိန်းကျော်) လောက်မှာကျသင့်မှာဖြစ်ပြီး 46mm အတွက် နှမ်းကြတ်ညိုရောင် Flax Brown ဟာ တရုတ်ငွေ 1,399 ယွမ် (မြန်မာငွေ ၃သိန်းခွဲကျော်) လောက်ကျသင့်မှာဖြစ်ပါတယ်။
Honor Magic Watch 2 ကိုကမ္ဘာ့ဈေးကွက်ကို ဒီဇင်ဘာ ၁၂ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံကိုလည်းရောက်လာနိုင်ပါတယ်။
Ref: Pocket Now ၊ Android Authority