AVG Antivirus သုံးသူအချို့ Windows 10 Update မရရှိမှုများဖြစ်ပေါ်

Microsoft ကနေပြီးတော့ Avast ရယ် AVG ရယ်ကနေထုတ်ထားတဲ့ Antivirus Software သုံးသူတွေအချို့အတွက် Windows 10 Update တွေကိုပိတ်ထားတယ်လို့သိရပါတယ်။ AVG Anitivirus သုံးထားတဲ့ User တွေတချို့မှာ Windows 10 ရဲ့နောက်ဆုံး ထွက်ထားတဲ့ November 2019 Update ဖြစ်တဲ့ Build 1909 ကိုမြှင့်လို့မရဘဲ Update မရှိဘူးဆိုပြီး ပေါ်နေတာမျိုးဖြစ်နေတာပါ။

ဒီလိုဖြစ်ရတာဟာ AVG ရဲ့ Free Antivirus Tools နဲ့ Windows နဲ့အကြားမှာ ကိုက်ညီမှုမရှိတဲ့ ပြဿနာတစ်ခုကြောင့်ဖြစ်ပါတယ်လို့ဆိုပါတယ်။ AVG နဲ့ Microsoft ဟာ ဒီပြဿနာကိုအတာည်ပြုထားပြီးဖြစ်ပါတယ်။ Avast ကနေထုတ်တဲ့ Application တွေနဲ့ AVG ရဲ့ Antivirus Version 19.5.4444.567 နှင့်အထက်အပေါ် သက်ရောက်နေတာမျိုးဖြစ်ပါတယ်။

avast-antivirus

Windows 10 Update ကိုတင်လို့မရတဲ့သူတွေအနေနဲ့ Avast ဒါမှမဟုတ် AVG ရဲ့ Antivirus ကိုနောက်ဆုံး Version ကိုဒေါင်းဖို့လိုပါတယ်။ ခုလိုဖြစ်တာဟာ Microsoft နဲ့ AVG Avast ဖြစ်တဲ့ ပထမဆုံး ကိုက်ညီမှုမရှိတဲ့ပြဿနာ Compatibility Issue ဖြစ်ပါတယ်။

Ref: Gadgets 360

Previous
Previous

Magic Watch 2 ကို ပိုကောင်းတဲ့ Battery Life နဲ့မိတ်ဆက်လိုက်တဲ့ Honor

Next
Next

Huawei ရဲ့ iPad Pro လို့တင်စားနိုင်လောက်မယ့် MatePad Pro ကိုမိတ်ဆက်