Apple ရဲ့ December Surprise Event မှာဘာတွေ ကြေညာနိုင်သလဲ

Apple ဟာ ဒီဇင်ဘာ ၂ ရက်နေ့မှာ Special Event တစ်ခုလုပ်မယ်ဆိုပြီး ကြေညာထားပါတယ်။ အောက်တိုဘာလတွေမှာ အမြဲ Special Event လုပ်တတ်တဲ့ Apple ဟာဒီနှစ်အောက်တိုဘာကိုတော့ တိတ်တိတ်ဆိတ်ဆိတ် နဲ့ပဲပြီးဆုံး သွားစေခဲ့ပါတယ်။ ခုတော့ ဒီဇင်ဘာလမှာ အထူးပွဲတစ်ခုစီစဉ်လိုက်ပြီး ဖိတ်ကြားစာထဲမှာ ရွှေရောင် App Store ပုံနဲ့အတူ “Loved by millions. Created by the best.” ဆိုတဲ့ခေါင်းစဉ်ပါဝင်ခဲ့ပါတယ်။

Apple ဟာနှစ်ကုန်ပိုင်းတွေမှာလုပ်တဲ့ Event ရောက်ရင် Hardware အသစ်တွေကြေညာတတ်ပါတယ်။ ဒိနှစ်မှာတော့ ဒီလိုဖြစ်ပုံပေါ်မယ်မထင်ပါဘူး။ ကြေညာစရာရှိတဲ့ ထုတ်ကုန်အသစ်တွေဖြစ်တဲ့ AirPods Pro နဲ့ 16-inch MacBook Pro ကိုလည်း တိတ်တဆိတ် ကြေညာခဲ့ပြီးပြီဖြစ်ပါတယ်။

Donut County wins iOS Game of the Year 2018
2018 ရဲ့ Game of the Year ဖြစ်တဲ့ Donut County

Apple အနေနဲ့ Major Product တွေကိုတောင် တိတ်တိတ်လေးထုတ်တတ်ရင်၊ ဒီလို Special Event ဆိုတာမျိုးမှာလည်း ဘာမှအသစ်အဆန်းတွေမှ မတွေ့ရအောင် စီစဉ်ရင် စီစဉ်ပါလိမ့်မယ်။ Poster ထဲကအရဆိုရင် “honoring our favourite apps and games of 2019” လို့ဆိုတားတဲ့အတွက်ကြောင့် ရှင်းပါတယ်။ ၂၀၁၉ရဲ့ အကောင်းဆုံး Game တွေ App တွေကို ဂုဏ်ပြု ပွဲထုတ်တဲ့ Event ပဲဖြစ်ပါလိမ့်မယ်။ ဆိုလိုတာက ဘာ Product အသစ်မှ မိတ်ဆက်ဖို့ အစီအစဉ်မရှိလောက်ပါဘူး။

ဒါလည်းဖြစ်နိုင်ပါတယ်။ Apple ဟာ နှစ်စဉ် နှစ်စဉ် ဒီဇင်ဘာရောက်တိုင်း App Store ကနေပြီးတော့ တစ်နှစ်တာအတွင်း အကောင်းဆုံး Game နဲ့ App တွေကို ဂုဏ်ပြုလေ့ရှိတာဖြစ်ပါတယ်။

Mac Pro and Apple Tag
Mac Pro နှင့် Apple Tag

Apple ရဲ့ December Event မှာ နောက်ထပ် ဘာတွေမျှော်လင့်လို့ရနိုင်သလဲဆိုရင် Mac Pro ရဲ့ ပိုအသေးစိတ်တဲ့သတင်းနဲ့  ပစ္စည်းတွေကို ခြေရာခံလို့ရမယ့် Apple Tile Tag လောက်ပဲရှိမယ်ထင်ပါတယ်။ ဒါတောင် မိတ်ဆက်မယ်ဆိုတာ သေချာမှာမဟုတ်ပါဘူး။

ခါတိုင်းနှစ်တွေဆိုရင် Apple ရဲ့ Apps of the Year, Games of the Year တို့ကို သတင်းအနေနဲ့၊ App Store ရဲ့ Editorial Section တွေမှာပဲဖော်ပြလေ့ရှိတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Event အနေနဲ့လုပ်ခြင်းဟာ ပိုပြီး အသေးစိတ်ကျကျ ပြောချင်လို့နေမှာပါဆိုတာက လွဲရင် ဘာမှသိပ်ဆန်းဆန်းပြားပြား ရှိမယ်မထင်ပါဘူး။

Apple December Special Event ကို New York မြို့မှာ ဒီဇင်ဘာ ၂ရက်နေ့ကျရင် ကျင်းပသွားမှာဖြစ်ပါတယ်။

Khant Thura (AkhayarMedia.com)

Previous
Previous

Meme တွေလုပ်လို့ရတော့မယ့် Facebook ရဲ့ Whale App

Next
Next

Build your brand with Akhayar