ကောလဟာလတွေနဲ့ ပိုပြီးရုပ်လုံးပေါ်လာတဲ့ iPhone SE2

iPhone SE2 လို့အမည်တပ်ခံနေရတဲ့ New Budget iPhone ရဲ့ ကောလဟာလတွေဟာ တစ်နေ့တခြား ပိုပိုများလာတဲ့အလျောက် လူအများစုက စောင့်မျှော်နေကြတဲ့ သူ့ရဲ့ပုံရိပ်ဟာလည်း တစ်နေ့တစ်နေ့အကောင်အလုံးပေါ်လာပြီဖြစ်ပါတယ်။

အရင်တစ်ခါ Post မှာ iPhone SE2 ရဲ့ အကြမ်းဖျင်းအကြောင်းအရာတွေကိုသာဖော်ပြခဲ့ပြီး ခုတစ်ကြိမ်မှာတော့ ပိုပြီး အသေးစိတ်ကျတဲ့ အချက်တွေကိုပါ ကြားသိလာရပါတယ်။

ယုံကြည်ရတဲ့ Analyst ဖြစ်တဲ့ Ming-Chi Kuo ပြောဆိုချက်အသစ်အရ iPhone SE2 မှာ ပိုကောင်းတဲ့ အင်တာနာနည်းပညာဖြစ်တဲ့ Liquid Crystal Polymer Antenna ကိုသုံးလာနိုင်ဖွယ်ရှိတဲ့အတွက်ကြောင့် အရင်ကထက်ပိုပြီးကောင်းတဲ့ ဖုန်းလိုင်းဆွဲအားကို ရရှိမှာဖြစ်ပါတယ်။

နောက်ပိုင်း ထပ်ထွက်ထားတဲ့ Rumors တွေအရ ခုလာမယ့် iPhone ဟာ Budget ဆိုပေမဲ့ iPhone 11 Series မှာအသုံးပြုထားတဲ့ A13 Bionic Chip ကိုအသုံးပြုထားမှာဖြစ်ပါတယ်။ ဒါ့အပြင် iPhone X မှာသုံးထားသလို RAM 3GB နဲ့လာနိုင်ဖွယ်ရှိပြီး 64GB နဲ့ 128GB ဆိုပြီး နှစ်မျိုးမိတ်ဆက်နိုင်ဖွယ်ရှိပါတယ်။ ကိုယ်ထည် ဒီဇိုင်းကတော့ iPhone 8 နဲ့ဆင်တူမယ်လို့သိရပြီး Under Display Technology ကိုမသုံးရင်တောင် Touch ID နဲ့တော့ထုတ်လုပ်နိုင်ခြေရှိပါတယ်။ 3D Touch တော့ပါလာဖွယ်မရှိပါဘူး။ iPhone 11 ကို iPhone 8 လိုပုံစံမျိုးထဲ သွပ်ထည့်ထားသလိုမျိုးဖြစ်ပါလိမ့်မယ်။

Display ပိုင်းမှာကတော့ OLED ကိုသုံးမှာမဟုတ်တာကတော့ သေချာသလောက်ဖြစ်ပြီး LCD Display ကိုပဲသုံးနိုင်ခြေရှိပါတယ်။Korea သတင်းဆိုဒ် တစ်ခုကတော့ 2020 Budget iPhone ရဲ့ Display တွေကိုထုတ်လုပ်ဖို့အတွက် LG ကဆောင်ရွက်နေတယ်လို့ဆိုထားပါတယ်။ Display Size က အရမ်းလည်းမကြီး အရမ်းလည်းမသေးမယ့် 4.7-inch နဲ့လာနိုင်ဖွယ်ရှိတယ်လို့လည်း ဆိုထားတဲ့အတွက်ကြောင့် Screen Size ကြီးတာကြိုက်သူအတွက်တော့ ဒါဟာ မကျေမနပ်ဖြစ်နိုင်ဖွယ်ရှိပါတယ်။

Ming-Chi Kuo ရဲ့ပြောဆိုပုံအရ iPhone SE2 ဟာ Space Gray, Silver နဲ့ Red ဆိုတဲ့အရောင်သုံးရောင်နဲ့ လာနိုင်ခြေရှိပါတယ်။ ဈေးနှုန်းဟာလည်း Budget ဖုန်းဖြစ်နေတဲ့အတွက်ကြောင့် $399 (မြန်မာကျပ်ငွေ ၆သိန်းကျော်မှ ၈သိန်းခန့်) ကနေစတင်ပြီးရောင်းချနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီဈေးဟာ iPhone SE ဈေးနဲ့သွားတူနေပြီး အမှန်တကယ်သာဖြစ်ခဲ့မယ်ဆိုရင် 2020 iPhone အနေနဲ့ အတော်အားကျစရာကောင်းမှာပါ။

Ming-Chi Kuo ရဲ့ထုတ်ပြန်မှုအသစ်အရ iPhone SE2 ကိုလာမယ့် 2020 အစောပိုင်းမှာ ရောင်းချနိုင်တယ်လို့ဆိုပါတယ်။ iPhone SE တုန်းကတော့ March 2016 မှာရောင်းချခဲ့တာဖြစ်ပါတယ်။

Previous
Previous

Pixel 3 ဆီရောက်လာမယ့် Pixel 4 ရဲ့ Top-Line Features များ

Next
Next

၁၃ လက်မ Ultrabook တန်းမှာ အကြမ်းဆုံးဖြစ်လာတဲ့ Razer Blade Stealth 2019