၁၃ လက်မ Ultrabook တန်းမှာ အကြမ်းဆုံးဖြစ်လာတဲ့ Razer Blade Stealth 2019

Razer Ultrabook
Blade Stealth 2019 (Late) Mercury White

Razer ပြောလိုက်ရင် မကြိုက်တဲ့သူ မရှိဘူးထင်ပါတယ်။ ဂိမ်းတစ်မျိုးထဲကိုပဲ အာရုံထားပြီး အကောင်းဆုံး Gadgets တွေနဲ့ Laptop ကိုပဲ အဓိကထား ထုတ်လုပ်နေတဲ့ Razer ကတော့ ဒီတစ်ခါ စွမ်းဆောင်ရည် အကောင်းဆုံး Ultrabook ကို ထုတ်ကြွားလိုက်ပါပြီ။

GTX 1650 Max-Q On-board

ဘာလို့ အကောင်းဆုံး ပြောရသလဲဆိုရင် Blade Stealth မှာ GTX 1650 Graphics Card ပါဝင်လာပြီဖြစ်ပြီး 1080p Resolution မှာ AAA ဂိမ်းတွေကို Medium ကနေ High Setting အထိ ကစားနိုင်လို့ ဖြစ်ပါတယ်။

With Ice Lake Processor

Blade Stealth 13 မှာ Ice Lake 10th Generation Core i7-1065G7 Processor ကို အသုံးပြုထားပြီဖြစ်ပြီး မော်ဒယ် ၃ မျိုးနဲ့ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အရင်က Blade Stealth ၃ မျိုး ရောင်းခဲ့ဖူးသလို Base (Entry) အလုံးမှာ Integrated Graphics ကိုပဲ အသုံးပြုထားမှာပါ။

Blade Stealth 2019 (Late) Mercury White
Photo: Windows Central

ဒါပေမယ့် 2019 မော်ဒယ် ပိုပြီး Powerful ဖြစ်လာမယ့်အချက်က Iris Plus Graphics အသုံးပြုထားပြီ ဖြစ်ပါတယ်။

Intel Iris now on Windows

Intel အဆိုရ 25W အထိ ပါဝါစားမယ့် Iris Graphics ဟာ ၂၀၁၈ – ၂၀၁၉ Ultrabook တွေမှာ အသုံးပြုထားတဲ့ MX130 ထက် ပိုကောင်းတယ်၊ MX150 လောက် မစွမ်းဆောင်နိုင်ဘူးဆိုမယ့် Light Weight Gaming အတွက်က အနေတော်ပဲလို့ ပြောရမှာပါ။

Gaming on the Go

ဂိမ်းဆော့ဖို့ ရည်ရွယ်ထားရင်တော့ GTX 1650 အသုံးပြုထားတဲ့ Blade Stealth ၂ မျိုးကို ရွေးချယ်သင့်ပါတယ်။ Nvidia အဆိုရ Turing Architecture နဲ့ ထုတ်လုပ်ထားတဲ့ GTX 1650 ဟာ အရင် Pascal ကတ်တွေဖြစ်တဲ့ GTX 1050 နဲ့ 1050 Ti တို့ထက် ၂၀% ကနေ ၅၀% လောက် ပိုကောင်းပါတယ်။

Blade Stealh 2019 (Late)
Photo: WIndows Central

Photo: Windows Central

အဲ့ဒါကြောင့် GTX 1650 စွမ်းဆောင်ရည်ကို GTX 1050 Ti နဲ့ GTX 1060 အကြားမှာ ရှိနေတယ်လို့ အကြမ်းဖျင်းယူဆရပြီး ဟိုမရောက်၊ ဒီမရောက်ကတ်တွေဖြစ်တဲ့ GTX 1060 3GB နဲ့ Max-Q Version တွေထက် သာသွားပါပြီ။
ဒါ့အပြင် Turing ကတ်တွေဟာ DirectX 12 ဂိမ်းတွေကို ပိုပြီး ကိုင်တွယ်ပေးနိုင်တဲ့အတွက် ကစားမယ့်ဂိမ်းဟာ DirectX 12 Tittle ဖြစ်နေရင် Pascal တွေထက် ၁၅% ကနေ ၂၅% လောက်ထိ ပိုမြန်နေဦးမှာပါ။

Fastest LPDDR4 RAM

Blade Stealth 2019 (Late) မှာ 3733 MHz မြန်နှုန်းရှိတဲ့ LPDDR4 RAM ကို Dual Channel သုံးထားတယ်ဆိုတော့ Speedy Performance ပေးစွမ်းဦးမယ်လို့ ပြောရဦးမှာပါ။

No Better than Whiskey Lake i7

ဒီလို Graphics ပိုင်း ကောင်းလာပြီဆိုပေမယ့်လို့ 10th Generation i7 တွေက Whiskey Lake တွေလောက် Clock Speed မများပါဘူး။ Base Clock ကို 1.3 GHz ကနေ 3.9 GHz အထိပဲ Boost လုပ်မှာဖြစ်ပြီး i7-8565U လို 1.8 GHz ကနေ 4.6 GHz ထိ မတွန်းပေးပါဘူး။

i7-1065G7 နဲ့ TDP 25W ချင်းတူတူဆိုရင် Intel Sacrifice လုပ်ပစ်တာက Processor Clock Speed လို့ သုံးသပ်ရမှာပါ။ Iris ပါလာတာ Graphics အပိုင်းမှာ Performance တိုးချင်ကောင်း တိုးသွားနိုင်ပေမယ့် GTX 1650 လို Dedicated Graphics ရွေးလိုက်ရင် မလိုတော့ပါဘူး။

Blade Stealth 2019 (Late) Mercury White
Photo: Vox-cdn

အဲ့ဒါကြောင့် Processor Benchmark ချင်းတိုင်းလိုက်ရင် Whiskey Lake အနိုင်ရဖို့ များနေတယ်ဆိုမယ့် တခြားရွေးစရာမရှိဘူးဆိုတော့ 10th Gen တွေနဲ့ပဲ ၂ ပါးသွားရမှာပါ။

Not a Generation Refresh

ထူးခြားတာလေး ပြောရရင် Blade Stealth Entry မော်ဒယ်ကို Mercury White Edition အနေနဲ့ ဝယ်လို့ရပါပြီ။ နောက် Blade Stealth ၂ လုံးမှာတော့ Full HD Panel နဲ့ 4K Panel ၂ မျိုးရွေးနိုင်မှာဖြစ်ပြီး မော်ဒယ် ၃ မျိုးလုံးက 13.3″ Display အသုံးပြုပေးထားပါတယ်။

ရောင်းချမယ့်စျေးနှုန်းကိုတော့ ဒေါ်လာ ၁,၄၀၀ ကနေ ၁,၈၀၀ အထိ သတ်မှတ်ထားပြီး စက်တင်ဘာလ အကုန်ပိုင်းလောက်မှာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Blade Stealth 2019 (Late) Comparison Chart
Credit: The Verge

ဒီလိုဆိုတော့ Specification Sheet လေး ကြည့်ရင်း 1.4kg လောက်ပဲ အလေးချိန်ရှိမယ့် Blade Stealth နဲ့ ဂိမ်းဆော့ဖို့ ရည်ရွယ်ထားရင် ပိုက်ဆံကြိုစုထားလိုက်ပါ။

Source: Windows CentralTheVergeRazer

Previous
Previous

ကောလဟာလတွေနဲ့ ပိုပြီးရုပ်လုံးပေါ်လာတဲ့ iPhone SE2

Next
Next

ASUS Strix G531 နဲ့ G731 Gaming Laptop တွေကို နှိုင်းယှဥ်ကြည့်ခြင်း