UnderDisplay FaceID Sensor နဲ့ထွက်လာနိုင်မယ့် iPhone 16 Pro

UnderDisplay Fingerprint ကို Android တွေမှာထည့်ထားခဲ့တာ နှစ်ပေါက်လို့ budget Lineup တချို့မှာပါမြင်နေရပါပြီ။ Innovation ဦးစားပေးတယ်လို့ နာမည်ကြီးတဲ့ Apple ကတော့ Notch ကိုအသည်းအသန်သုံးနေတုန်းပါပဲ။ လောလောဆယ်မှာတော့ သတင်းတွေအရ UnderDisplay FaceID ကို iPhone 16 မှာသုံးလာနိုင်တယ်လို့ သတင်းတွေထွက်နေပါတယ်။

၂၀၂၄ မှာထွက်မယ့် iPhone 16 Pro Series မှာ Apple အနေနဲ့ Physical Button တွေအပြင် FaceID ကို Display အောက်ကိုပို့ပစ်ပြီး Dynamic Island ကြီးကို ကျုံ့ပစ်လာနိုင်ပါတယ်။ Display အောက်ကို Sensor ပို့ပစ်လိုက်တဲ့အတွက် Sensor Speed ကျသွားမလားဆိုတာကို စိုးရိမ်ရပေမယ့် Apple ဆိုတာ Software Optimization ပိုင်းမှာ ဆရာတစ်ဆူမို့ စောင့်ကြည့်ရပါမယ်။

တစ်ကယ်လို့သာ ကင်မရာတွေ၊ Sensor တွေကို Display အောက်ကိုပို့ပစ်နိုင်ရင် iPhone User တွေလည်း Screen Size ကြီးကြီး သုံးရတဲ့အရသာကို ခံစားရတော့မှာပါ။ တစ်ခုရှိတာက Camera ကို Display အောက်ကိုပို့ပစ်လိုက်ရင် Camera Quality ပိုင်းကျသွားတဲ့ ပြဿနာရှိတာပဲဖြစ်ပါတယ်။ Android တွေ Innovation တွေအသည်းအသန်လုပ်နေကြချိန်မှာ Apple အနေနဲ့ Innovation တစ်ခုခုကို လုပ်ပြတာကို မြင်ချင်နေကြသူတွေများမယ်ထင်ပါတယ်။

Ref : CNET

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Samsung Galaxy S23 ပုံတွေထွက်လာပြီ

Next
Next

Galaxy Fold ဆက်လက်အသုံးပြုနေဆဲ Bill Gates