Samsung Tab S8 ရဲ့လက်တွေ့အသုံးဝင်သောအချက်ဆယ်ချက်
11 လက်မ Display ကြောင့် Application တွေအများကြီးတစ်ပြိုင်တည်းအသုံးပြုနိုင်မဲ့ Multitasking
Multitasking ပိုင်းအတွက် 11 inches display က အလုပ်လုပ်တဲ့အခါမှာ Application တွေကိုတပြိုင်တည်းဖွင့်ပြီးသုံးနိုင်မှာဖြစ်ပါတယ်။ အဓိကအားသာချက်ကတော့ App တွေကို တပြိုင်တည်းသုံးနိုင်တဲ့အတွက် App တွေကိုဖွင့်လိုက်ပိတ်လိုက်လုပ်နေစရာမလိုပဲ ထိထိရောက်ရောက်သုံးနိုင်မှာပါ။ နောက်ပြီး Edge Panel ကြောင့် ကိုယ်တွဲသုံးချင်တဲ့ Application တွေကို တွဲထားနိုင်ပြီး တပြိုင်တည်းလွယ်လွယ်ကူကူပဲ ပြန်ဖွင့်နိုင်မှာပါ။ နောက်ပြီး App window size တွေနဲ့ နေရာအထားအသိုကိုလည်း ကိုကြိုက်သလိုချိန်ညှိနိုင်ပါသေးတယ်။
2. 12 MP Ultra-wide front ကင်မရာ နဲ့ 6MP Ultra-wide Rear ကင်မရာကြောင့် Tablet တစ်လုံးမှာ လုံလောက်တဲ့ Camera Performance ကိုရရှိပြီးသားဖြစ်
Tablet တစ်လုံးမှာ ကင်မရာကလည်းအထိုက်အလျှောက်အရေးပါပါတယ်။ Ultrawide ကင်မရာ ထဲ့ပေးထားတဲ့အတွက်ကြောင့် ရုတ်တရက်အရေးပေါ်ကင်မရာလိုလာပြီဆိုရင် quality ကောင်းတဲ့ပုံတွေရိုက်နိုင်ပါပြီ။ Flash light လေးမှာ ထည့်ပေးထားတဲ့အတွက်ညဘက်မှောင်နေတဲ့အချိန်တွေမှာပါအသုံးဝင်ပါတယ်။ Tablet တစ်လုံးအနေနဲ့ဆိုရင်တော့ Document တွေ scan ဖတ်တာ AR doodle တွေနဲ့ ကိုယ်စိတ်ကြိုက်ဒီဇိုင်းဖန်တီးတာမျိုးတွေပါလုပ်နိုင်ပါတယ်။
3. S-pen performance and Latency
ကိုယ့်အတွက်အရေးတကြီးမှတ်စရာတွေအတွက် Samsung Tab S8 မှာ ပါဝင်လာတဲ့ S-pen ရဲ့ Latency ဟာ 6.2ms ပဲရှိတဲ့အတွက် Tab S8 ရှိနေရုံနဲ့စာအုပ်တစ်အုပ် မှာရေးမှတ်နေရသလိုပဲလို့ပြောကြပါတယ်။ ဒါပေမဲ့ စာအုပ်တစ်အုပ်နဲ့မတူတာက သူမှာကြီးမားကျယ်ပြန်တဲ့ 120Hz screen ကြောင့် အရေးတကြီးလိုက်မှတ်ရမဲ့နေရာတွေမှာထိရောက်တဲ့ ရေးမှတ်မှုမျိုးကိုပေးနိုင်မဲ့အပြင် Sketch ဆွဲတာနဲ့ Drawing တွေအတွက် Smooth ဖြစ်တဲ့ အတွေ့အကြုံကိုလည်းပေးနိုင်တဲ့အတွက် Meeting notes လိုက်မှတ်ရတဲ့လူတွေ Designer တွေ အတွက် ပေါ့ပါးတဲ့ Tab S8 တစ်လုံးရှိရုံနဲ့ ဘက်စုံသုံးနိုင်မှာပါ။ S-pen ကိုလည်း ကျောဘက်မှာ သံလိုက်နဲ့ အလွယ်တကူကပ်နိုင်ပြီး သွားလေရာသယ်ယူသွားနိုင်တဲ့အပြင် S-pen ကိုလည်း တပြိုင်တည်းအားသွင်းနိုင်ပါတယ်။
4. Notes တွေနဲ့ ဓာတ်ပုံတွေကို Samsung ecosystem ထဲမှာလွယ်ကူစွာရှဲနိုင်မဲ့ Quick share
Samsung Ecosystem ထဲက Devices တွေအတွက် Samsung Notes တွေအပြင် ဓာတ်ပုံတွေ Video တွေ Files တွေကို quick share သုံးပြီးလွယ်လွယ်ကူကူပဲရှဲနိုင်ပါတယ်။ Quick share ဆိုတဲ့အတိုင်းပဲ သုံးရတာလည်းမြန်သလို Wifi 6 နဲ့ Bluetooth 5.2 တို့ရဲ့အားသာချက်ကြောင့် 1GB size Files အကြီးကြီးတွေကိုတောင်မှ တစ်မိနစ်အတွင်းမှာလျင်မြန်စွာ share နိုင်ပါတယ်။
5. လွယ်ကူလျှင်မြန်စွာသုံးနိုင်မဲ့ Split screen
11 inches display ရဲ့ အဓိက အားသာချက်က Application တွေကို cross drag and drop လုပ်နိုင်တာပါ။ အဲ့တော့ ပုံတွေစာတွေရှဲချင်တဲ့အခါမှာ ခလုတ်တွေအများကြီးနိုပ်စရာမလိုတော့တဲ့အတွက် ကရိကထ မများတော့ပါဘူး။ ဒီနေရာမှာ အပေါ်ကပြောခဲ့တဲ့ S-pen ရဲ့ performance ကလည်းတော်တော်လေးသိသာလာပါပြီ။ ဘယ်လိုနေရာတွေအဓိကအသုံးဝင်လဲဆိုတော့ E-mail attach တွဲတာတွေ ဓာတ်ပုံတွေရှဲတာနဲ့ File တွေ Import လုပ်တဲ့နေရာတွေမှာတော်တော်လေးအသုံးဝင်တာကိုတွေ့ရမှာပါ။
6. Snapdragon 8 Gen 1 နဲ့ 4nm Samsung chipset အသစ်ကြောင့် 4k Resolution အထိ video editing လုပ်နိုင်
Samsung Tab S8 မော်ဒယ်တိုင်းမှာ နောက်ဆုံးပေါ် Flagship processor ဖြစ်တဲ့ Snapdragon 8 Gen 1 ကိုသုံးထားတဲ့အတွက် Performance ပိုင်းမှာ Raw performance ဖြစ်တဲ့ video export ထုတ်တာတွေ ဓာတ်ပုံ Edit လုပ်တာတွေနဲ့ အတွက်အရမ်းကြီးကြာတော့မှာမဟုတ်ပါဘူး။ GeekBench Mark မှာလည်း single core score နဲ့ Multicore မှာ တခြား Android Flagship SOC တွေကိုနှာတဖျားသာနေတဲ့အပြင် RAM ကလည်း 8GB ကို UFS နည်းပညာသုံးထားတာကြောင့် heavy usage တွေအတွက် Throttling မဖြစ်စေပါဘူး။နောက်ပြီး overclock လည်းလုပ်ထားပြီးသားပါ။ 4K footage တွေလျင်လျင်မြန်မြန် import လုပ်နိုင်ဖို့ USB Type-C နည်းပညာအသစ်ဖြစ်တဲ့ 3.2 ကို သုံးထားပါတယ်။
7. 8000 mAh Battery နဲ့ 120 Hz ကြောင့် ကောင်းမွန်သော Gaming Experience
Tablet ကို Productivity ပိုင်းကြီးပဲမသုံးချင်ဘူး။ ဂိမ်းလေးလဲဆော့ချင်တယ်ဆိုတဲ့လူတွေအတွက် Tab S8 မှာ gaming ပိုင်းအတွက်လိုအပ်တဲ့ chipset ဖြစ်တဲ့ Snapdragon 8 Gen1 ပါပြီးသားပါ။ ဂိမ်းဆော့ရတာကောင်းတယ်ဆိုပေမဲ့ ကြာရှည်စွာမကစားနိုင်ပဲ ခဏခဏအားသွင်းနေရမယ်ဆိုရင် သိပ်အဆင်မပြေပါဘူး။ ဒါကြောင့် Galaxy Tab S8 မှာ 8000 mAh Battery ကိုသုံးပေးထားပါတယ်။ ဒီလို Tablet ပါးပါးလေးမှာ 8000 mAh Battery အကြီးကြီးကိုသုံးပေးထားတာ ဒီဇိုင်းပိုင်း ချိးကျူးစရာပါ။ နောက်ပြီး 45W fast charging ကိုလည်းသုံးပေးထားတဲ့အတွက် 0 to 60 ကို နာရီဝက်အတွင်းအားသွင်းနိုင်မှာပါ။ Resolution ကလည်း 1600x2560 ရှိတဲ့အပြင် 120Hz refresh rate လည်းပါတဲ့အတွက် smooth and clear ဖြစ်တဲ့ Gaming experience ကိုရရှိမှာပါ။
8. 1600 x 2560 resolution နဲ့ quad dolby atoms speaker ကြောင့် Multimedia consumption ပိုင်းမှာသိသိသာသာကောင်းမွန်
Multimedia ပိုင်းအတွက်လည်း Speaker လေးလုံးအပြင် 1600x2560 resolution ကြောင့် ရုပ်ရှင်ကြည့်ဖို့အတွက်လည်း ကောင်းကောင်းကြီးသုံးနိုင်ပါသေးတယ်။ Resolution မြင့်တဲ့ ရုပ်ရှင်တွေ series တွေ Stream ဖို့အတွက် လုံလောက်တဲ့ display ပိုင်းနဲ့ ဘောင်ပါးတဲ့ဒီဇိုင်းကြောင့် screen မှာ ဘာအနှောင့်အယှက်မှမရှိစေပဲကြည့်နိုင်မှာဖြစ်ပါတယ်။
9. Google Duo နှင့် screen sharing လုပ်နိုင်
Video calling နဲ့ Online meet တွေအတွက် Samsung ecosystem Google duo ပါဝင်ပြီးသားဖြစ်ပါတယ်။ Samsung နဲ့ Google နဲ့ Partner လုပ်ထားတဲ့အတွက် Google Duo က Samsung device ဖြစ်တဲ့ Tab S8 မှာလွယ်လွယ်ကူကူအဆင်ပြေပြေပဲသုံးနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်တူတူကြည့်ချင်တာပဲဖြစ်ဖြစ် Google Duo video call ကနေတစ်ဆင့် Streaming App တွေရဲ့ content တွေကို sharing လုပ်နိုင်မှာပဲဖြစ်ပါတယ်။ အလုပ်လုပ်မယ်ဆိုရင်လည်း Power point slide တွေနဲ့ office app တွေပါ Google duo ကနေ sharing လုပ်နိုင်တဲ့အတွက် အလုပ်အတွက်ကောဖျော်ဖြေရေးတွေအတွက်ပါအသုံးဝင်မှာပါ။
10. Wide angle selfie ကြောင့် Video call မှာ ကိုယ့်မျက်နှာနောက်လိုက်မဲ့ Auto Framing mode
Video calling တွေအတွက် 12 MP ultrawide selfie ကင်မရာပါဝင်တဲ့အတွက် ကိုယ်မျက်နှာကို Frame ထဲကထွက်မသွားစေဖို့ Auto framing mode ပါဝင်ပါတယ်။ အဲ့တာတွေအပြင် Wide angle သုံးနိုင်တဲ့အပြင် Portrait နဲ့ AR Emoji တို့ပါပါဝင်တဲ့အတွက် Fun ဖြစ်ပြီးအသုံးဝင်တဲ့ Video calling experience Enjoy လုပ်နိုင်ပါတယ်။
အခုလို Productivity ပိုင်းမှာ Power house Tablet တစ်လုံးလိုပြီး အစုံလည်းသုံးချင် လပ်တော့ကြီးလည်းမဝယ်ချင်ဘူး Tablet တစ်လုံးလိုအပ်နေတဲ့သူများအတွက် Recommend ပေးလိုက်ပါတယ်။ Tab S8 series တွေကိုတော့ March လ 26 ရက်နေ့အထိ Pre-order တင်နိုင်ပြီး Tab S8 Ultra ကို Pre-order တင်မယ်ဆိုရင်တော့ ဒေါ်လာ 300 တန် Keyboard cover ကိုလက်ဆောင်ရဦးမှာပါ။ Trade in အစီအစဉ်ကြောင့် Galaxy S21 စီးရီး၊ Note 20 စီးရီးနှင့် Foldable စမတ်ဖုန်းများအပြင် Galaxy Tab S7၊ Tab S6 သာမက၊ အခြားတက်ဘလက်အမျိုးအစားများအား ကိုင်ဆောင်ထားသူများအနေနှင့် လိုအပ်သော ငွေကြေးပမာဏကိုသာ ထပ်မံစိုက်ထည့်၍ မိတ်ဆက်ခဲ့သည့် မျိုးဆက်သစ် Tab S8 Series များကို အရေအတွက်အကန့်အသတ်နဲ့ လဲလှယ်ဝယ်ယူနိုင်မှာပါ။ လဲလှယ် ဝယ်ယူသူတွေအတွက် ထပ်ဆောင်း လက်ဆောင်အနေနှင့် Tab S8 Ultra အတွက် အပိုလက်ဆောင် မြန်မာငွေကျပ် ၃၀၀,၀၀၀ (ပထမဆုံးမှာယူမှု ၁၀ ယောက်သာ)၊ Tab S8+ အား မြန်မာငွေကျပ် ၂၀၀,၀၀၀ (ပထမဆုံးမှာယူမှု ၃၀ ယောက်သာ) နှင့် Tab S8 အား မြန်မာငွေကျပ် ၁၀၀,၀၀၀ (ပထမဆုံးမှာယူမှု ၅၀ ယောက်သာ) တို့ကိုလည်း ထပ်မံ၍ ပေးအပ်သွားမည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Samsung Contact Center 01-2399888 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။