အပျောက််စာရင်းသွင်းထားတဲ့ iPhones တွေကို Apple တရားဝင် Stores တွေမှာ ပြင်ပေးမှာမဟုတ်တော့

Apple တရားဝင် Stores တွေနဲ့ Authorized ဆိုင်တွေအနေနဲ့ ပျောက်တယ်လို့ စာရင်းထွက်ထားတဲ့ ဖုန်းတွေကို ပြင်ဆင်တဲ့ Services တွေပေးမှာမဟုတ်တော့ဘူးလို့ Apple ကထုတ်ပြန်ထားပါတယ်။ GSMA Device Registery မှာပျောက််တယ်လို့ စာရင်းဝင်သွားရင် Apple ရဲ့ Service Technician တွေအနေနဲ့ ဖုန်းကိုပြင်ဖို့ စစ်တဲ့အခါ ပျောက်တယ််လို့ စာရင်းထွက်ထားရင် ဖုန်းကို ပြင်မပေးတော့ပါဘူး။ MobileGenius ဒါမှဟုတ် GSX စတဲ့ Registery Number စစ်တဲ့ Service တွေကိုသုံးပြီး ဖုန်းပြင်တဲ့အခါ ပျောက်တယ်လို့ စာရင်းမှာ ဖော်ပြထားရင် တရားမဝင်ဘူးလို့ မှတ်ယူပြီး ဖုန်းမပြင်ပေးတော့ပါဘူး။


GSMA(Global System for Mobile Communications) Device Registry ဆိုတာ Database တစ်ခုဖြစ်ပြီး ဖုန်းတစ်ခုချင်းဆီရဲ့ အသေးစိတ်အချက်အလက်တွေကို ပိုင်ရှင်နဲ့ တွဲပြီး မှတ်ထားပေးတဲ့ စနစ်ပဲဖြစ်ပါတယ််။ တစ်ကယ်လို့ ဖုန်းပျောက်သူတစ်ယောက်က GSMA စနစ်ကနေတစ််ဆင့် ဖုန်းပျောက််ကြောင်းကို အမှုဖွင့်ထားရင် Database ထဲမှာ ဖုန်းဟာ ပျောက်နေတယ်လို့ စာရင်းဝင်နေပြီး ပိုင်ရှင်က ပြန််တွေ့တယ် အကြောင်းမကြားမချင်း ပျောက်ဆုံးစာရင်း ဝင်နေမှာဖြစ်ပါတယ်။

Apple အနေနဲ့ GSMA ကိုသုံးပြီး ခိုးယူခံရတဲ့ ဖုန်းတွေကို ဖုန်းပြင်ဆိုင်တွေမှာ ပြန်ပြင်ပြီးသုံးတာတွေ မဖြစ်ရအောင် ကာကွယ်ဖို့အတွက် ခုလိုပြုလုပ်တာဖြစ်တယ်လို့ဆိုပါတယ်။ ဖုန်းပြင်ဆိုင်တွေမှာ unlock လုပ်တာမျိုးတွေကိုလည်း မဖြစ်စေအောင် ပြုလုပ်ခြင်းဖြစ်တယ်လို့လည််း ထပ်ဆောင်းပြောခဲ့ပါတယ်။ တစ်ကယ်လို့ ဖုန်းဟာ lock ဖြစ်နေပြီး ဖုန်းကို ပိုင်ဆိုင်ကြောင်း သက်သေအထောက်အထားမပြနိုင်တဲ့အပြင် ဖုန်းဟာ ပျောက်ဆုံးကြောင်း အချက်အလက် ပြနေရင် အဆိုပါဖုန်းကို Apple အနေနဲ့ပြင်ပေးမှာမဟုတ်ပါဘူး။ ဒါ့အပြင် Lost Mode ဖြစ်နေတဲ့ ဖုန်းတွေကိုလည်း အလုံးစုံဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ​ မည်သည့် ဝန််ဆောင်မှုမှ မပေးပဲ ငြင်းဆန်သွားမယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်ကို တရားဝင် ထုတ်ပြန်မှုမလုပ်သေးပေမယ့် မကြာတော့မယ့် ကာလမှာ တရားဝင်ထုတ်ပြန်သွားမယ််လို့ဆိုပါတယ်။ ဒီအပြောင်းအလဲဟာ အနောက်နိုင်ငံတွေမှာ အများကြီး မထိခိုက််နိုင်ပေမယ့် ပြည်တွင်း ခိုးလုံးတွေနဲ့Second ဈေးကွက်ကို အထိအခိုက်ရှိလာ မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Ref : MacRumors

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

နိုင်ငံအလံ Emojiအသစ် ထွက်ဖို့မရှိဟု Unicode ထုတ်ပြန်

Next
Next

အသစ်ထွက်လာတဲ့ Nvidia GeForce RTX 3090 Ti