iPhone 14 Pro ထက် ဈေးများတဲ့ iPhone first gen

မိတ်ဆွေအနေနဲ့ ၁၀ နှစ်ကျော် နောက်ကျနေပြီဖြစ်တဲ့ ဖုန်းအသစ်တစ်လုံးကို ဘယ်လောက်ပေးပြီး ဝယ်မယ်စိတ်ကူးထားလဲ။ သေချာတာကတော့ ရှေးဟောင်းမော်ဒယ်တွေ ဝယ်စုသူတွေမဟုတ်ရင် ဈေးကောင်းပေးဝယ်မှာမဟုတ်ပါဘူး။

၂၀၀၇ တုန်း တစ်လုံးကို Retail ဈေး $599 ရှိခဲ့တဲ့ iPhone first generation 8GB ဟာ ငွေကြေးဖောင်းပွမှုကြောင့် ၂၀၂၂ မှာ $852 ဖြစ်သွားပေမယ့် လုံးဝ စက်ရုံပါကင်ပိတ် အသစ်စက်စက် iPhone တစ်လုံးကတော့ $39,339.60 နဲ့ရောင်းထွက်သွားခဲ့ပါတယ်။ စစဖွင့်ချင်း လေလံဈေးကတော့ $2500 ဖြစ်ပါတယ်။

ဒီလေလံပွဲကို ဦးစီးသူ Mark Montero ကတော့ ဒါဟာသမိုင်းတင်သင့်တဲ့ လေလံပွဲတစ်ခုဖြစ်ခဲ့ပြီး ခုလိုဝယ်သွားတဲ့ လေလံအောင်သူကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီပမာဏဟာ ကြိုက်တဲ့ Apple Latest Product တစ်ခုကို အသာလေး ဝယ်နိုင်ရုံမက စိတ်ပါရင် Apple Product တွေအကုန်တန်းစီ ဝယ်လို့ရတဲ့ ငွေပမာဏဖြစ်တာမို့ Reddit Forum တစ်ခုမှာ နောက်ခဲ့ကြသလို "မင်း iPhone မှာ Nuclear Launch Code ပါလို့ ဒီဈေးပေးဝယ်ရမလား" ဆိုတဲ့ အမေးလိုပါပဲ။

မိတ်ဆွေတို့လည်း ဖုန်းအဟောင်းတွေစုရတာ ဝါသနာပါကြလားဗျ? ဘယ်ဖုန်းတွေသိမ်းထားဖြစ်ကြလဲ? ကျွန်တော်ကတော့ Nokia 3720 classic လေး ခုထိသိမ်းထားတုန်း…

Ref : CNBC

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Android 13 Support ပေးတော့မယ့် WIndows Subsystem for Android

Next
Next

XR Design အတိုင်းထွက်လာနိုင်တဲ့ iPhone SE 4