Google Modular Phone ( Project Ara)

မိတ်ဆွေအနေနဲ့ ဖုန်းတစ်လုံးကို ကိုယ်လိုချင်တဲ့ Function ပဲပါတဲ့ Hardware တွေကိုအသားပေးပြီး ဆင်ထားလို့ရမယ်ဆိုရင် သဘောကျမလား?? ဖုန်းကို ကင်မရာအဖြစ်သုံးချင်တဲ့အခါ Camera Module ကိုပဲအကြီးကြီးပြောင်းတပ်တာမျိုး၊ သီချင်းနားထောင်ချင်တဲ့အခါ Speaker Module ကိုပဲအသားပေးဆင်လိုက်တာမျိုး၊ ရုပ်ရှင်ကြည့်ချင်တဲ့အခါ Display ကို Resolution အမြင့်စားပြောင်းလိုက်တာမျိုးလုပ်နိုင်မယ်ဆိုရင် သဘောကျမယ်လို့ထင်ပါတယ်။ ခုလို လိုချင်တဲ့ Module တွေပြောင်းလဲပြီးတပ်ဆင်နိုင်လို့ Modular Phone လို့ပြောလို့ရပါမယ်။ ဒီလို ဖြုတ်လိုက်၊ တပ်လိုက် Customize လုပ်လို့ရတဲ့ ဖုန်းကို Motorola နဲ့ Google တို့ပေါင်းပြီး တီထွင်ခဲ့ကြဖူးပါတယ်။ 

Google ရဲ့ Modular Phone Project Ara ကို ဖုန်းတစ်ခုအတွက် လိုအပ်တဲ့ Processor, Displays, Battery, Camera တွေကို ဖရိန်တွေမှာ တစ်ခုချင်းစီတပ်ဆင်ပြီး ဖုန်းတစ်လုံးဖြစ်အောင် ပေါင်းစပ်တပ်ဆင်ရတာပဲဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ခုခေတ်မှာ နည်းပညာအသစ်ပေါ်တိုင်း ဖုန်းတစ်ခုလုံးကို အသစ်ဝယ်စရာမလိုပဲ Upgrade လုပ်ချင်တဲ့အပိုင်းကိုပဲ ဖြုတ်ပြီး Upgrade လုပ်လို့ရအောင် ရည်ရွယ်ပြီး ဒီ Project ကိုစတင်ခဲ့တာဖြစ်ပါတယ်။

ဒီ Project ကို ၂၀၁၆ နှစ်ကုန်ပိုင်းမှာ လူထုကိုချပြဖို့ စီစဥ်ခဲ့ပြီး ၂၀၁၇ မှာစတင်ပြီး ထုတ်လုပ်ရောင်းချဖို့ စီစဥ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၆ စက်တင်ဘာလမှာပဲ Google အနေနဲ့ ဒီ Project အတွက် အစိတ်အပိုင်းတွေ ထုတ်ပေးမယ့် စက်ရုံတွေနဲ့ သဘောတူစာချုပ်တွေ ဖျက်သိမ်းခဲ့ပြီး Project Ara ကိုလည်း တရားဝင်ဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ Google အနေနဲ့ ဒီဖုန်းကို တန်ဖိုးသင့် ​Flagship ဖုန်းတွေ ပိုမိုပေါ်ပေါက်လာအောင် ရည်ရွယ်ခဲ့ပေမယ့် ဖြစ်မလာခဲ့တာတော့ ဝမ်းနည်းစရာပဲဖြစ်ပါတယ်။

အစပိုင်း Teaser ပြထားတဲ့ Video တွေအရတော့ Modular ဖုန်းမှာ အဓိကလိုအပ်တဲ့ Processor နဲ့ Chipset ပါဝင်တဲ့ Module ကိုအငြိမ်ထားပြီး Batteryအကြီးကြီးလိုချင်တဲ့အခါ တစ်ခြား Module တွေလျော့ပြီး Battery Module ကို အကြီးကြီးပြောင်းတပ်တာမျိုး၊ ကင်မရာအသားပေးချင်တဲ့အခါ Camera Module ကိုအသားပေးတပ်လိုက်တာမျိုးတွေ လုပ်ပြထားသလို IP Rating ပါပါဝင်ပါသေးတယ်။ ဒီလို အလားအလာကောင်းတဲ့ Project တစ်ခုရပ်တန့်သွားရတာ ဖုန်းကုမ္ပဏီကြီးတွေအနေနဲ့ ဒီ Project သာအောင်မြင်သွားရင် ဝင်ငွေထိခိုက်သွားမှာမို့ Support ပေးဖို့ငြင်းဆန်ခဲ့တာလည်း ပါဝင်ပါတယ်။ 

Ref : Wikipedia

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကနဦးကြေငြာထားတဲ့ ဈေးထက်ပိုကြီးလာမယ့် Tesla Cybertruck

Next
Next

ခရီးသွားခွင့် ပြန်ဖွင့်တာနဲ့အတူ Airbnb Booking စံချိန်တင်မြင့်တက်