2020 ပထမနှစ်လယ်မှာ smart phone တင်ပို့မှုအများဆုံးရပ်တည်နိုင်ခဲ့တဲ့ Samsung, Huawei နဲ့ Apple

COVID-19 ကြောင့်ထင်ထားတဲ့အတိုင်းပဲဒီနှစ် ပထမနှစ်လယ်မှာ အရင် 2019 ထက်စမတ်ဖုန်းတင်ပို့ရောင်းချမှုဟာသိသိသာလျှော့နည်းခဲ့ပါတယ်။အရင်နှစ်ကထက် 20.4% ပိုမိုနည်းပါးခဲ့ပြီးစုစုပေါင်းစမတ်ဖုန်းပေါင်းအလုံးရေ 294.7 သန်းတင်ပို့ရောင်းချခဲ့ပါတယ်။2019 Q2 မှာတော့စမတ်ဖုန်းအလုံးရေသန်းပေါင်း 370.3 သန်းတင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။

ထိပ်ဆုံးသုံးယောက်ကတော့မပြောင်းလဲပဲတည်ရှိနေပြီး Samsung နဲ့ Huawei က 20% နီးပါးစီနဲ့ Apple ကတော့စျေးကွက်ရဲ့ 13.5% အထိရရှိခဲ့ပါတယ်။ Samsung က 2019 Q2 မှာ အလုံးရေ 75.1 သန်းရောင်းချနိုင်ခဲ့ရာကနေ 2020 Q2 မှာတော့ 54.7 သန်းရောင်းချနိုင်ခဲ့ပါတယ်။ Huawei က 2019 Q2 မှာစမတ်ဖုန်းအလုံးရေ 58 သန်းရောင်းချနိုင်ခဲ့ပြီး 2020 Q2 မှာတော့ 54.1 သန်းအထိရောင်းချခဲ့ပါတယ်။ Apple လည်း 2019 Q2 မှာစမတ်ဖုန်းအလုံးရေ 38.5 သန်းရောင်းချနိုင်ခဲ့ရာကနေ 2020 Q2 မှာ 38.3 သန်းနဲ့အသီးသီးကျဆင်းခဲ့ပါတယ်။ Apple ကတော့သိသိသာသာကြီးကျဆင်းသွားခြင်းမရှိပဲတည်ငြိမ်နေပါတယ်။

တခြားနာမည်ကြီး Brand တွေကတော့ရှောင်မီက 10.2%, OPPO က 8.6% နဲ့ Realme ကတော့ 11% အသီးသီရရှိထားပါတယ်။

Omdia ရဲ့အချက်အလက်တွေအရ iPhone 11 ဟာ 2020 ပထမနှစ်လယ်မှာ 37.7 သန်းနဲ့အရောင်းရဆုံးဖုန်းအဖြစ်ရပ်တည်နေပြီး Galaxy A51 ကတော့ဒုတိယနေရာမှာ 11.4 သန်းနဲ့ရပ်တည်နေပြီး တတိယနဲ့စတုတ္ထနေရာမှာတော့ Xiaomi ရဲ့ Note 8 နဲ့ Note 8 Pro တို့ကအသီးသီးရပ်တည်နေပါတယ်။

Author : Hein Htet

Ref: GSMarena

Previous
Previous

Asus နဲ့ပူးပေါင်းပြီး Gaming phone ထုတ်ဖို့ပြင်နေတဲ့ Qualcomm

Next
Next

OPPO မှ မိတ်ဖက်များ၊ Developer များနှင့် ပူးပေါင်း၍ Multi-device နှင့် စွမ်းဆောင်ရည်မြင့်မား၍ ဆန်းသစ်သော အတွေ့အကြုံများ ရရှိစေရန် တိုးမြှင့်လုပ်ဆောင်