Google ဟာဘီလီယံပေါင်းများစွာ တန်တဲ့ Data တွေကိုဘယ်လိုကာကွယ်ထားလဲ

ကမ္ဘာပေါ်မှာရှိတဲ့နေ့စဉ်ဘီလီယံနဲ့ချီတဲ့ Data တွေကိုကိုင်တွယ်နေရတဲ့Google ရဲ့ Data center ထဲမှာ computer တွေကိုဘယ်လိုထိန်းသိမ်းလဲဆိုတာစိတ်ဝင်စားဖို့‌ကောင်းပါတယ်။ Cloud security ဆိုပြီး Software ပိုင်းသာမက Hardware ပိုင်းမှာပါ Google က Datacenter အတွင်းကနေအပြင်ကိုအလွှာခြောက်လွှာနဲ့ထိန်းသိမ်းထားပါတယ်။

Optic-fiber telecommunication equipment in rack
Photo by Kirill Sh / Unsplash

ပထမဆုံးအလွှာနှစ်ခုကတော့ ခြံစည်းရိုးအကာနဲ့ဂိတ်ပေါက်ဝတွေပါ။ ခြံစည်းရိုးတစ်ခုခြင်းဆီကိုတွယ်တက်လို့မရအောင် fiberသားနဲ့ပြုလုပ်ထားပြီးတစ်ယောက်ယောက်ကခြံစည်းရိုးကိုထိလိုက်တာပဲဖြစ်ဖြစ်ဖြတ်လျှောက်သွားတာပဲဖြစ်ဖြစ်သိနိုင်ပါတယ်။ CCTV ကင်မရာတွေကိုလည်းအပူချိန်အာရုံခံတဲ့ ကင်မရာနဲ့သာမန်ကင်မရာနှစ်မျိုးပေါင်းစပ်ထားပြီးညဘက်မှာပါလှုပ်ရှားမှုတွေကိုထင်ထင်ရှားရှားမြင်ရမှာပါ။ Data center ထဲရောက်တာနဲ့ဘယ်ကိုသွားတယ်ဘာတွေလုပ်တယ်ဆိုတာကိုဒီ layer နှစ်ခုနဲ့စောင့်ကြည့်နေမှာဖြစ်ပြီးအစောင့်တွေကလည်းကားနဲ့သို့မဟုတ်လူနဲ့တစ်ချိန်လုံးလှည့်နေမှာပါ။

Photo by Niclas Illg / Unsplash

သုံးခုမြောက်အလွှာကတော့ Data center ထဲကိုမဝင်ခင်မှာဖြစ်ကျော်ရမှာဖြစ်ပြီး ဝင်ခွင့်ကဒ် ID နဲ့ မျက်ကြည်လွှာကိုတိုက်စစ်မှာပါ။ ID နဲ့လူနဲ့တွဲမှဝင်နိုင်မှာဖြစ်ပြီးတစ်ခါမှာတစ်ယောက်ပဲဖြတ်လို့ရမှာပါ။

လေးခုမြောက်အလွှာကတော့ security operation center ဖြစ်ပါတယ်။ Datacenter တစ်ခုလုံးကို ၂၄ နာရီ ၁ ရက် ၃၆၅ ရက်တစ်နှစ်အမြဲမပြတ်စောင့်ကြည့်နေတာပါ။တံခါးတွေ, ID card တွေ မျက်ကြည်လွှာဖတ်စက်တွေအကုန်လုံးနဲ့ Data center ရဲ့လုံခြုံရေးပိုင်းအားလုံးကိုဒီအလွှာကနေထိန်းချုပ်ပါတယ်။

ငါးခုမြောက်အလွှာကတော့ Data center ကိုယ်တိုင်ပဲဖြစ်ပါတယ်။ဒီထဲကိုတော့ Google ရဲ့ဝန်ထမ်း ၁ ရာခိုင်နှုန်းလောက်သာဝင်ခွင့်ရှိပါတယ်။ဒီထဲကိုတော့ Datacenter ကိုပြုပြင်ထိန်းသိမ်းဖို့လိုတဲ့ ကျွမ်းကျင်သူတွေနဲ့အင်ဂျင်နီယာတွေသာဝင်ခွင့်ရှိပြီးခွင့်ပြုထားတဲ့ ပစ္စည်းတွေကိုသာပြုပြင်ခွင့်ရှိပါတယ်။ ကွန်ပြူတာတွေကိုတော့ပြုပြင်ပြီး Data တွေကိုတော့ဝှက်စာနဲ့ဖုံးထားပါတယ်။

အတွင်းဆုံးမှာရှိတဲ့ ခြောက်ခုမြှောက်အလွှာကတော့ Data သိုလှောင်ထားတဲ့ပျက်စီးပြီးသက်တမ်းရင့်လာတဲ့ Disk တွေကိုဖျက်ဆီးပစ်တဲ့အလွှာဖြစ်ပါတယ်။ Crasher room ကတော့ အနည်းငယ်သောလူနည်းစုသာဝင်ခွင့်ရှိပြီးဖျက်စီးဖို့လိုတဲ့ Disk တွေကဒီအခန်းထဲကို security နှစ်ခုခံထားတဲ့ Locker ဆီကနေဒီအခန်းထဲကိုဝင်လာမှာဖြစ်ပါတယ်။ဒီအခန်းကိုတာဝန်ပေးထားတဲ့ Technicians ကသာဒီ Disk တွေကိုယူပြီးဖျက်စီးနိုင်မှာဖြစ်ပါတယ်။ Disk တွေကို scan ဖတ်ပြီး Software ကဖျက်စီးဖို့လိုတဲ့ disk တွေကိုဖျက်စီးပါတယ်။

ဒါ့အပြင် Google ကသူတို့ရဲ့ Data center ရဲ့လုံခြုံရေးကို အပြင်ကနေဖောက်ထွင်းပြီးစစ်ဆေးဖို့အတွက်တခြားကုမဏီတွေကိုငှားရမ်းခဲ့ပါသေးတယ်။နောက်တစ်ခုကတော့ Google ကဝန်ထမ်းကိုယ်တိုင်အထဲကနေလုံခြုံရေးအစီအစဉ်တွေကိုဖောက်ထွင်းပြီးစမ်းသပ်ခဲ့ပါသေးတယ်။

Author: Hein Htet

Ref: Googleplatform

Previous
Previous

OPPO မှ မိတ်ဖက်များ၊ Developer များနှင့် ပူးပေါင်း၍ Multi-device နှင့် စွမ်းဆောင်ရည်မြင့်မား၍ ဆန်းသစ်သော အတွေ့အကြုံများ ရရှိစေရန် တိုးမြှင့်လုပ်ဆောင်

Next
Next

ပိုမိုကောင်းမွန်သည့် spec များနှင့်အတူ “90Hz Display, ဘက်စုံအသုံးဝင်စမတ်ဖုန်းဘုရင်” realme C17 စမတ်ဖုန်းသစ်ကိုစတင်မိတ်ဆက်