စီးပွားရေးလုပ်ငန်းအသေးလေးတွေလုပ်နေတဲ့လူတွေအတွက်စမ်းသုံးကြည့်သင့်တဲ့ online design edition sites

Graphic design တွေဖန်တီးဖို့အတွက် Photoshop ကို crack ဖြေနေရတာလည်းအဆင်ပြေမနေပါဘူး။ဝယ်သုံးမယ်ဆိုရင်လည်းစျေးကတအားကြီးတော့ Design ဆွဲဖို့အတွက် Application သွင်းစရာမလိုပဲ Online ပေါ်ကနေပဲ editing လုပ်လို့ရမယ့် sites ငါးခုကိုဖော်ပြလိုက်ပါတယ်။သူ့တို့လည်း premium prize ပေးရင်တော့ premium feature တွေရမှာပါ။ဒါပေမဲ့တစ်ချို့ကတော့ free ပေးထားတဲ့ feature တွေကလည်းတော်တော်အသုံးဝင်နေတာကိုတွေ့ရပါတယ်။

White page with color chart for your ideas!
Photo by Keila Hötzel / Unsplash

Design wizard

သူ့မှာ Format တွေတော်တော်များများရှိပါတယ်။ ကိုယ်ဖန်တီးချင်တဲ့ဒီဇိုင်းပေါ်လိုက်ပြီးသူ့အလိုလို format ကိုချိန်ပေးမှာပါ။ ဥပမာ- Facebook post ဆိုရင် Facebook ပေါ်မှာတင်မဲ့ Size ကိုအော်တိုရွေးရွေးပေးမှာပါ။ Template တွေလည်းများသလို quality ကောင်းတဲ့ပုံတွေလည်းတော်တော်များများရှိပါတယ်။ vector , icon နဲ့ transparent image တွေလည်းရှိပါတယ်။ Plan တွေလည်းရွေးချယ်စရာရှိပါတယ်။ Basic ဆိုရင်တော့ Free သုံးလို့ရပါတယ်။ Pro ဆို တစ်လကို ပုံဒီဇိုင်း 60 အထိ Download လုပ်လို့ရပါတယ်။ fonts တွေလည်း Upload လုပ်လို့ရပြီး 1Gb storage ကိုရမှာပါ။ Business ကတော့ တစ်လကို 49 ဒေါ်လာကျသင့်မှာဖြစ်ပြီး 10 GB storage နဲ့ Video တွေမှာ ပုံနဲ့စာတွေထည့်လို့ရပါတယ်။

Befunky

Fun and functional လို့အမည်ရတဲ့ ဒီ site မှာ design ကောင်းကောင်းတစ်ပုံထွက်ဖို့အတွက် Background တွေကိုယ်တိုင်လုပ်စရာမလိုပါဘူး။သူ့မှာ ရှိတဲ့ Template တွေနဲ့တင်လှပါတဲ့ဒီဇိုင်းတွေဖန်တီးလို့ရပါတယ်။အသုံးပြုရလွယ်ပြီး Pixababy နဲ့လက်တွဲထားတာကြောင့်သူ့မှာ free ပုံပေါင်း 1 သန်းကျော်လောက်ရှိပါတယ်။ Banner တွေနဲ့ infographic တွေပါလုပ်နိုင်ပြီးဖုန်းနဲ့လည်းသုံးလို့ရပါတယ်။

Canva

Drag and drop နဲ့လွယ်လွယ်ကူကူ Design တွေဖန်တီးလို့ရပါတယ်။သူ့မှာလည်း Business card လုပ်တာကအစ PowerPoint proposal လုပ်တာအဆုံး format တွေအစုံရှိပါတယ်။အဲ့တာအပြင် Premium ဝယ်ထားရင်တော်တော်သုံးလို့ကောင်းတဲ့ Element ပေါင်းစုံရှိပါတယ်။ Business သေးသေးလေးတွေနဲ့ကိုယ်ပိုင်Online shopping လုပ်နေတဲ့လူတွေအတွက် Free Plan နဲ့ဆိုအဆင်ပြေပါတယ်။ Fonts တွေလည်းရာကျော်ရှိတဲ့အပြင်မြန်မာစာလည်းသုံးရတာအဆင်ပြေပါတယ်။

Pixlr

အသုံးပြုသူပေါင်း 500 million နဲ့ Photoshop အပြင်နောက်ထပ်ရွေးချယ်စရာတစ်ခုပါ။Tools တွေအများကြီးနဲ့ Photoshop နဲ့တောင် Interface ဆင်တူပါတယ်။ အသေးစားနဲ့အလတ်စား Design တွေဆွဲဖို့အတွက်အချိန်အများကြီးပေးမသင်ချင်တဲ့ Beginner တွေအတွက်သင့်တော်ပြီး Vector editor တွေ နဲ့တခြား Pro feature တွေအတွက်တစ်လကို 5 ဒေါ်လာပဲကျသင့်မှာပါ။

Crello

Print ထုတ်ဖို့ပဲဖြစ်ဖြစ် Online ပေါ်တင်ဖို့အတွက်ပဲဖြစ်ဖြစ် Crello မှာကျွမ်းကျင်သူတွေဖန်တီးထားတဲ့ Template တွေရှိပါတယ်။တစ်လကို 8.30 ပဲကျသင့်မဲ့ crello pro မှစီးပွားဖြစ်ကို unlimited သုံးလို့ရပါတယ်။ animation တွေမှာ watermark တွေမပါတဲ့ Pro features တွေကိုစမ်းသုံးကြည့်လိုက်ပါ။မတူညီတဲ့ဒီဇိုင်းတွေအတွက်ပုံအများကြီးရှိLibrary လည်းသူ့မှာရှိပါတယ်။ Resources တွေလည်းများပြီး tutorials နဲ့ Guides တွေလည်းရှိပါတယ်။

Author: Hein Htet

Ref: Format

Previous
Previous

ပိုမိုကောင်းမွန်သည့် spec များနှင့်အတူ “90Hz Display, ဘက်စုံအသုံးဝင်စမတ်ဖုန်းဘုရင်” realme C17 စမတ်ဖုန်းသစ်ကိုစတင်မိတ်ဆက်

Next
Next

အကောင်းဆုံးဓာတ်ပုံပညာနှင့် ဂိမ်းကစားမှုအတွေ့အကြုံများကို ပေးစွမ်းနိုင်မည့် OPPO A53 မြန်မာနိုင်ငံ ဈေးကွက်သို့ စတင်ရောက်ရှိ