Linux ကိုစတင်လေ့လာတော့မယ်ဆိုရင်
Linux OS ဆိုတာ Feature ပေါင်းစုံနဲ့ Security တွေအများကြီးပေါင်းထည့်ထားတဲ့ Free(တော်တော်များများ) open source platform ဖြစ်ပါတယ်။ Desktop မှာဆို window နဲ့ Mac အပြင်နောက်ထပ်ရွေးချယ်စရာ open source platform တစ်ခုလည်းဖြစ်ပါတယ်။နည်းပညာကိုစိတ်ဝင်စားသူတွေ လေ့လာနေတဲ့လူတွေအတွက်လက်တည့်စမ်းစရာ ကလိစရာ OS တစ်ခုဆိုလည်းမမှားပါဘူး။
Linux ဆိုတာဘာလဲ?
Linux ဆိုတာ Laptop တွေကနေ စူပါကွန်ပြူတာတွေအထိ smart ရေခဲသေတ္တာတွေ စက်ရုပ်တွေ ဂြိုလ်တုတွေမှာပါသုံးတဲ့ computer system တစ်ခုဖြစ်ပါတယ်။ဟိုတလောတုန်းက Elon musk လွှတ်တင်သွားတဲ့ Crew dragon အာကသယဉ်မှာ Linux ကိုသုံးသွားပါတယ်။
desktop မှာတော့ Linux က စီးပွားဖြစ်ထုတ်ရောင်းနေတဲ့ Mac နဲ့ windowတွေအတွက်အိမ်မက်ဆိုးပြိုင်ဘက်တစ်ခုပါပဲ။Unix အနေနဲ့အစောဆုံး Computer system တွေထဲမှာပါဝင်ခဲ့ပြီး 1991 မှာ Linux Torvalds က Linux ကို Personal project အနေနဲ့စခဲ့ပြီး အခမဲ့ Operating system kernel အနေနဲ့ဖန်တီးခဲ့ပါတယ်။ User level အထိsecurity အားကောင်းတာတွေ တည်ငြိမ်တဲ့ system အားကောင်းမှုတို့ကြောင့်နာမည်ကြီးလာပါတယ်။
အဲ့တော့အရင်ဆုံး Linux ရဲ့ Distros တွေကိုသိရပါမယ်။
Linux kernel က engine ဆိုရင် distribution တွေက Engine တွေနဲ့မောင်းနှင်တဲ့ စက်ယန္တရားတွေနဲ့တူပါတယ်။ Distribution တွေကွဲရင်ကွဲသလို Architecture တွေ software တွေ Interface တွေနဲ့အသုံးပြုရမဲ့ commend တွေပါကွဲသွားမှာပါ။ Linux ကထောင်ပေါင်းများစွာသော Distribution တွေကို Support လုပ်ပါတယ်။တစ်ခုချင်းဆီကိုလဲ Usage ပေါ်မူတည်ပြီးဖန်တီးထားတာပါ။တစ်ခုနဲ့တစ်ခု Hardware တောင်းဆိုမှုတွေလဲမတူပါဘူး။
Linux mint - အသုံးပြုဖို့အတွက်ကျွမ်းကျင်မှုအဆင့်အများကြီးမလိုပါဘူး။ Install လုပ်ရတာလွယ်သလို Window အသုံးပြုသူတွေနဲ့ရင်းနှီးတဲ့ Interface လည်းရှိပါတယ်။
Debian - လုံးဝကို Free ကိုလိုချင်နေတဲ့လူတွေအတွက်အကုန် driver တွေကအစ firmware software အကုန် Open free ဖြစ်ပါတယ်။
Ubuntu - နာမည်ကြီး Distro ဖြစ်ပြီး Install လုပ်ရလွယ်ပြီးသုံးရလွယ်ပါတယ်။ Community လည်းအားကောင်းပြီးသုံးတဲ့လူလည်းများပါတယ်။အခုမှစသုံးမယ့်လူတွေအတွက်သင့်တော်ပါတယ်။
OpenSUSE – Stable ဖြစ်တယ် Powerful ဖြစ်တယ်။ Mint နဲ့ Ubuntu လောက်တော့ install လုပ်ရမလွယ်ပါဘူး။
Fedora – Up to date အဖြစ်ဆုံး Distro ဖြစ်ပြီးconcept အသစ်တွေပါတက်ပါတယ်။
CentOS – Fedora နဲ့ဆင်တူပြီး Commercial Linux Distro ဖြစ်ပါတယ်။ Technical support လိုချင်ရင်တော့ပိုက်ဆံပေးရပြီး Stability အတွက်အဓိကတည်ဆောက်ထားပါတယ်။
Arch - အဆင်အဆက်မပြတ် update ထွက်နေတဲ့ Distro ပါ။ version အသစ်သွင်းစရာမလိုပဲ သူ့ဘာသာသူ Update လုပ်ပါတယ်။
Elementary – Mac interface နဲ့ဆင်တူနဲ့ Distro ကိုရှာနေရင်တော့သူ့ကိုရွေးပါ။
ဒါတွေအပြင်နောက်ထပ်ကျွန်တော်မသိသေးတဲ့မသုံးဖူးသေးတဲ့ Distro တွေအများကြီးရှိပါသေးတယ်။ကျွန်တော်လက်ရှိသုံးဖြစ်နေတဲ့ OS ကတော့ Ubuntu ဖြစ်ပါတယ်။ Ubuntu မှာ Window နဲ့ဆင်တူတဲ့ App တွေရှိပြီး Free သုံးလို့ရပါတယ်။ window မှာ Office ရှိသလို Ubuntu မှာ Libre Office ရှိပါတယ်။ အဲ့တာတွေအပြင် Photoshop တို့ lightroom တို့လို App တွေလိုသုံးလို့ရတဲ့ Free App တွေအများကြီးရှိပါတယ်။ Linux ကိုနားလည်ပြီးသုံးချင်တယ်ဆိုရင်တော့ Google ကိုကြေကြေညပ်ညပ်ခေါက်နိုင်မှရပါမယ်။စစသုံးမယ်ဆိုရင်တော့ Virtual machine မှာတင်သုံးဖို့ အကြံပေးပါတယ်။ ဒါမှမဟုတ် hard disk မှာ partition ခွဲပြီး dual boot တင်သုံးလည်းရပါတယ်။ Commend တွေဟာလုံးဝအသက်ဖြစ်ပါတယ်။ Commend တွေကျေညပ်နေရင်နေ့စဉ်သုံးနေတဲ့အလုပ်တွေမှာအသုံးဝင်မှာဖြစ်ပြီးတူတူသုံးနေတဲ့လူအချင်းချင်းခေါင်းတစ်လုံးသာနေသလိုခံစားရမှာပါ။ Commend တွေကိုတော့ daily usage တွေကနေ Shell script ရေးတာတွေ Process control, User and permission management , database management အစရှိတဲ့ Professional level တွေအထိသုံးကြပါတယ်။သောင်းပေါင်းများစွာသော Commend တွေရှိပေမဲ့ daily သုံးဖို့အတွက်တော့အနည်းငယ်ပဲလေ့လာရမှာပါ။အရင်ဆုံးလေ့လာရမဲ့ Commend တွေကိုလည်းအခါအခွင့်သင့်သလိုရေးပေးသွားပါဦးမယ်။
Author: Hein Htet
Ref : lifewire