Entertainment ပိုင်းနဲ့ smoothness အတွက် ထည့်သွင်းစဉ်းစားရမဲ့ Reno4 pro ရဲ့ Curved display
OPPO က Upper mid-range ဖုန်းအသစ်ဖြစ်တဲ့ Reno4 Pro မှာ အဆင့်မြင့်တင်မှုများစွာနဲအတူ entertainment ပိုင်းနဲ့ smoothness မှာအဓိကအဆင့်မြင့်တင်မှုတွေပြုလုပ်ပေးခဲ့ပါတယ်။ ဖုန်းက Mid-range ဖုန်းဖြစ်နေပေမဲ့ Reno4 pro ဟာ entertainment ပိုင်းအတွက် Display ပိုင်းမှာ Flagship level feature တွေထည့်ပေးခဲ့ပါတယ်။ OPPO Reno4 Pro ကို လက်ရှိအချိန်မှာ မြန်မာငွေ ၆၉၉,၉၀၀ ကျပ်နဲ့ ရောင်းချနေတာဖြစ်ပြီး Shop.com.mm ကနေ Delivery ခ ပေးစရာမလိုပဲ ဝယ်ယူနိုင်ပါတယ်။

Display မှာတော့ Reno3 Pro မှာမပါခဲ့တဲ့ HDR 10+ နဲ့ 90 refresh နဲ့ Premium curved display ကိုသုံးပေးထားပါတယ်။နောက်ပြီး အစင်းရာအခြစ်ရာတွေနဲ့ပြုတ်ကျရင်လွယ်လွယ်ကွဲနိုင်မှုတွေကိုကာကွယ်ပေးဖို့ Flagship ဖုန်းတွေမှာပဲပါတဲ့ display ကိုCorning Gorilla Glass 5 ကိုသုံးထားပါတယ်။ Display ကိုလည်း AMOLED ကိုမှ curved display ကြောင့်ရုပ်ရှင်ကြည့်တာနဲ့ဂိမ်းဆော့တာအတွက်ကောင်းမွန်တဲ့အတွေ့ကြုံကိုရမှာပါ။ဂိမ်းဆော့ဖို့အတွက်ကိုလည်း Snapdragon 765G နဲ့ Andreno 620 GPU ကိုသုံးပေးထားတဲ့အတွက်ဂိမ်းအမျိုးအစားပေါင်းစုံကိုအဆင်ပြေပြေဆော့နိုင်ပါတယ်။နောက်တစ်ခုကချောမွတ်တဲ့ အတွေ့အကြုံအတွက် 90 refresh rate ကိုထည့်ပေးထားပါတယ်။

90 refresh rate က ဂိမ်းဆော့ဖို့အတွက်ပဲမဟုတ်ပဲ စာဖတ်ရာမှာနဲ့ Social media တွေအသုံးပြုရမှာချောမွတ်မြန်ဆန်မှုကိုပေးနိုင်ပါတယ်။ edge to edge curved display ကြောင့်ဖုန်းကိုကြည့်နိုင်တဲ့ဧရိယာပိုများလားပြီး screen to body ratio ကိုလည်း 92.01 % အထိရရှိမှာပါ။ screen resolution က 1080x2400 နဲ့ Pixel density ကို 402 ppi အထိ support Refresh rate မြင့်မြင့်ကို Curved display မှာသုံးချင်သူတွေအတွက် Mid-range ဖုန်းတွေထဲမှာရွေးချယ်စရာတစ်ခုပါ။
Entertainment ပိုင်းအတွက်ဆိုရင်မရှိမဖြစ်က Stereo speaker ပါ။ Flagship ဖုန်းတွေမှာပဲ ထည့်လေ့ရှိတဲ့ Stereo Speaker ကို Reno4 pro မှာထည့်ပေးထားပါတယ်။ Entertainment ပိုင်းအတွက် ဒီဖုန်းမှာ 90 refresh rate + edge to edge curved AMOLED display + Stereo Speaker တို့နဲ့ပေါင်းစပ်ထားပါတယ်။ ဖုန်းကိုအချိန်ကြာမြင့်စွာသုံးသူတွေအတွက် အလယ်အလတ် 90 Hz refresh rate ကြောင့် Battery ပိုင်းကို Optimized လုပ်ထားပြီးဖြစ်ပါတယ်။

တခြားအဆင့်မြှင့်တင်မှုတွေမှာတော့OPPO ရဲ့ 65W Super VOOC 2.0 fast charging က 36 မိနစ်နဲ့အားအပြည့်သွင်းနိုင်ပါတယ်။ဒါက Reno4 pro မှာ လုံးဝပြောင်းလဲသွားတဲ့အချက်ပါ။ 5 မိနစ်အားသွင်းရင် 4 နာရီစာ Video ကြည့်လို့ရပါတယ်။Entertainment ပိုင်းအတွက် Reno4 pro မှာ Battery ပိုင်းကိုဦးစားပေးထားတဲ့နောက်တစ်ချက်ပါ။ စွမ်းဆောင်ရည်ပိုင်းမှာနောက်တစ်ခုအားလုံးသတိမထားမိတဲ့အဆင့်မြင့်တင်မှုကတော့ USB 3.1 နည်းပညာကိုသုံးထားပါတယ်။ချိတ်ဆက်မှုပိုင်းမှာလည်း Bluetooth 5.0 နဲ့ USB 3.1 ကိုရရှိမှာဖြစ်ပါတယ်။
Author: Hein Htet