Pixel soli radar နဲ့ Motion Sense ကိုလက်မလျှော့သေးတဲ့ Google
ဒေါ်လာ ၇၉၉ တန် pixel 4 မှာ radar ပါပါတယ်။ ၆၉၉ တန် Pixel 5 မှာတော့ပါမလာပါဘူး။အရင်မျိုးဆက်တွေမှာပါလာခဲ့တဲ့ sensor ကိုဘေးဘောင်တွေကျဉ်းဖို့နဲ့ Hole punch camera အတွက်ဖျောက်ပစ်လိုက်ပါတယ်။ Finger print sensor အနေနဲ့ပဲအစားထိုးခဲ့ပြီး Motion sense gesture က Apple ရဲ့ Face ID အတွက်တော့အဖြေမဟုတ်ခဲ့ပါဘူး။ Motion gesture နဲ့သီချင်းကျော်တာတွေ alarm ပိတ်တာတွေကစာရွက်ပေါ်မှာတော့အဆင်ပြေပေမဲ့လက်တွေ့ဘဝမှာတော့အရမ်းကြီးအသုံးဝင်မနေပါဘူး။

ဒါပေမဲ့ Google ရဲ့ Hardware အကြီးအကဲ Rick Osterloh က Soli radar နဲ့ gesture တွေဟာပြန်လာမယ်,အနာဂတ်မှာသုံးသွားမယ်လို့ပြောခဲ့ပါတယ်။အခုတော့ Google အခုတည်ဆောက်ချင်တဲ့ဖုန်းတွေအတွက်တအားစျေးကြီးပါသေးတယ်လို့ဆိုပါတယ်။ ဒါဟာ Pixel 5 ကို premium flag ship မဖြစ်စေပဲ Spin off flagship ဖြစ်စေတဲ့အချက်ပါ။ Pixel 5 မှာ Processor နဲ့ ဒီ sensor တွေကိုအဓိကဝိတ်လျှော့ထားတာပါ။
Pixel 5 ကိုဝယ်မဲ့လူတွေအတွက်အရင် Google ရဲ့ Pixel 4 မှာပါဝင်ခဲ့တဲ့ air gesture တွေကိုလွမ်းနေကောင်းလွမ်းနေပါလိမ့်မယ်။Google ကလည်း Pixel 4 နဲ့ 4 XL ကိုထုတ်လုပ်ပြီး ၁၀ လအကြာမှာပဲထုတ်လုပ်မှုကိုရပ်တန့်လိုက်ပါတယ်။ Rader chip ကသင့်ရဲ့တည်ရှိမှုကိုထောက်လှမ်းနေပြီးဖုန်းရဲ့ Face recognition sensor ကိုနည်းနည်းမြန်အောင်လုပ်ပေးလိုက်တာပါပဲ။ကြော်ငြာထားသလိုထင်သလောက် Air gesture တွေကအလုပ်မဖြစ်ပါဘူး။ဒါပေမဲ့ Google အနေနဲ့ soli radar ကိုနောက်ငါးနှစ်စီမံကိန်းအတွက်ဥထားပါတယ်။အရင်တုန်းကလည်း soli radar ကိုအသေးဆုံးတည်ဆောက်ပြီး Smart watch နဲ့ speaker တွေမှာရှေ့ပြေးအနေနဲ့ထည့်သွားပါသေးတယ်။အခုတော့ ၆၉၉ တန် Pixel 5 မှာ finger print reader ပဲပါဝင်လာမှာပါ။အဲ့တော့ Google ရဲ့ soli radar အကြောင်းကိုဒိထက်ပိုပြီးဖတ်ချင်သေးလား?
Author : Hein Htet
Ref; theverge . neowin