Google Pixel 5 event ကောက်နှုတ်ချက်
Google ရဲ့ဆောင်းဦးပိုင်း Hardware event မှာ Pixel 5 , Pixel 4a 5G ,Google TV built in ပါဝင်တဲ့ Chromecast နဲ့ speaker အသစ် Nest Audio smart speaker တို့ကိုအဓိကကြေငြာသွားပါတယ်။

Mid-range CPU သုံးထားတဲ့ Google Pixel 5 flagship
Google Pixel 5 ကိုတော့ Snapdragon 765G mid-range processor သုံးထားတဲ့ Flagship စမတ်ဖုန်းတစ်လုံးလို့သတ်မှတ်လို့ရပါတယ်။ဘာလို့လဲဆိုတော့သူ့မှာ Flagship feature တစ်ချို့ပါဝင်လို့ပါ။ Ram 8GB , 5G support နဲ့ 90Hz refresh rate တို့နဲ့ဖွဲ့စည်းထားပါတယ်။ Water နဲ့ dust resistance ဖြစ်တဲ့ IPX8 rating ပါဝင်လာပြီးဒီဖုန်းမှာကင်မရာပိုင်းအနေနဲ့ ultrawide lens လည်းပါဝင်ပါတယ်။ Camera software ပိုင်းမှာတော့ lighting တွေကိုချိန်ညှိနိုင်တဲ့ Night sight portrait mode ပါဝင်လာပြီး video recording ပိုင်းကိုလည်းအဆင့်မြှင့်တင်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။ Pixel 5 ကိုတော့ 699 ဒေါ်လာနဲ့ရောင်းချသွားမှာပါ။အရောင်ကတော့အစိမ်းနဲ့အနက်နှစ်မျိုးကိုဝယ်ယူနိုင်မှာပါ။

Pixel 4A 5G ကိုတော့ 5G နဲ့ specs တွေတိုးမြှင့်ထားပါတယ်။
Pixel 4A XL လိုချင်နေတဲ့လူတွေအတွက် 6.2 inches screen နဲ့ Pixel 5 ကလို Snapdragon 765G processor ကိုသုံးပေးထားပါတယ်။ 4A မှာတော့ 730G ပဲသုံးထားပါတယ်။ဒါပေမဲ့ Pixel 4A မှာ refresh rate အမြင့် . water proof တို့လို flagship feature တွေပါဝင်လာမှာမဟုတ်ပါဘူး။အနက်နဲ့အဖြူဆိုပြီးနှစ်ရောင်ထွက်လာမှာဖြစ်ပါတယ်။စျေးနှုန်းကတော့ 499 ဒေါ်လာကျသင့်မှာပါ။စျေးကွက်ထဲကိုနောက်ထပ် 5G mid-range ဖုန်းတစ်လုံးထပ်ဝင်လာပါပြီ။
Google TV နဲ့ Chromecast အသစ်
သီချင်းတွေဗီဒီယိုတွေ Play ဖို့အတွက်ဖုန်းမလိုတော့ပါဘူး။ Assistant button ပါတဲ့ remote ကိုဘူးထဲမှာတစ်ခါတည်းထည့်ပေးထားမှာဖြစ်ပြီး 4K HDR support လုပ်တဲ့ streaming service တွေကိုကြည့်နိုင်မှာပါ။ရိုးရိုး TV ကို Android TV အဖြစ်ပြောင်းပေးနိုင်ပါတယ်။စျေးနှုန်းတော့ ဒေါ်လာ 50 နဲ့အရောင်ကိုတော့သုံးရောင်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

99 ဒေါ်လာကျသင့်မဲ့ Smart speaker အသစ် Nest
Google ရဲ့အရင် Speaker တွေလို Fiber သားသုံးပေးထားပြီး Google Home နဲ့ Google Max ကိုတစ်ခုတည်းပေါင်းလိုက်သလိုပါပဲ။ Google ကတော့ဒီ Speaker ဟာ Google Home ထက် 75 ရာခိုင်နှုန်းအသံပိုကျယ်ပြီး 50 ရာခိုင်နှုန်း Base သံပိုထည့်ထားတယ်လိုဆိုပါတယ်။ Speaker ကိုလည်း 70 ရာခိုင်နှုန်း Recycle plastic သားကိုသုံးပြီးတည်ဆောက်ထားပါတယ်။
Author : Hein Htet
Ref: theverge