Android 12 မှာ Third-party Appstore တွေကိုသုံးရလွယ်အောင်လုပ်ပေးမဲ့ Google
Android user အများစုဟာ app တွေကို Galaxy store တို့ ApkPure တို့လို့ Third party Store တွေကနေ Install လုပ်လို့ရပါတယ်။ Developer တွေရဲ့ တုံ့ပြန်ချက်အရနောက်နှစ်ထွက်လာမဲ့ Android 12 မှာ Android သုံးတဲ့အတွက်လုံခြုံရေးကိုဦးစားပေးသွားပြီးတခြား App store တွေကိုအသုံးပြုသူတွေအတွက်ပိုမိုလွယ်ကူအောင်လုပ်ဆောင်ချက်တွေထည့်သွင်းပေးသွားမယ်လို့ဆိုပါတယ်။နောက်ထပ်ပြောင်းလဲမှုအသေးစိတ်ကိုထုတ်ပြန်ပေးသွားမယ်လို့ဆိုပါတယ်။
Google ဟာ PlayStore App မှာ in-app payment system ကိုအသုံးပြုနေတာပဲဖြစ်ပါတယ်။ Digital ဖန်တီးမှုတွေကိုရောင်းချေနေတဲ့ Developer တွေအားလုံး Google play’s billing system ကိုအသုံးချဖို့လိုအပ်ပြီး Payment policy မှာလည်းထည့်သွင်းဖော်ပြထားပါတယ်။ App တွေအနေနဲ့Digital ထုတ်ကုန်တွေကိုရောင်းချချင်တယ်ဆိုရင်တော့ 2021 စက်တင်ဘာ 30 မတိုင်မှီမှာ Google Play’s Billing system ကိုအသုံးချဖို့လိုတယ်လို့ဆိုပါတယ်။

ဒါဟာလွန်ခဲ့တဲ့ August လက Epic အနေနဲ့ Fortnite မှာ ကိုယ်ပိုင် Billing method ကိုအသုံးပြုရင်း PlayStore ပေါ်ကနေကစ်ခံလိုက်ရတာကနေစတာပါ။အကစ်ခံလိုက်ရပြီးကတည်းကပြန်မလာတော့တဲ့ Fortnite ကိုအခုချိန်မှာ Android အတွက် Third party Store နဲ့ Epic website ကနေပဲ Download ဆွဲလို့ရမှာပါ။ Google ကတော့ Fortnite ကိုပြန်တင်ဖို့အစီအစဉ်ရှိပုံမရပဲ ဒါဟာ Developer တွေအနေနဲ့ Billing ကိစ္စနဲ့ပတ်သက်ပြီး Google နဲ့သဘောမတူရင် Android Platform ပေါ်မှာဘယ်လိုဆက်ဖြန့်မလဲဆိုတာ Epic ကဥပမာပေးသွားတာပါ။
Apple မှာတော့ App တွေ Install လုပ်မယ်ဆိုရင်သူတို့ရဲ့ App store တစ်ခုပဲရှိတာပါ။ Google မှာတော့ Third party app တွေနဲ့မတူညီတဲ့ website တွေအရင်းအမြစ်တွေကနေဒေါင်းလုပ်ဆွဲလို့ရတဲ့အတွက် Android မှာတော့အခိုင်အမာနာမည်ရထားရင်ဆက်လက်ရှင်သန်နိုင်ပါသေးတယ်။ဒါဆို Digital ထုတ်ကုန်တွေမရောင်းပဲ service တွေရောင်းတဲ့ Airbnb လို Class pass လို App တွေကျတော့ကော? Airbnb ကတော့ Apple ကို COVID ကာလအတွင်းမှာ service fee တွေနဲ့ပတ်သက်ပြီး Complain တက်ထားပါတယ်။ Google ကတော့ဒီလိုစီးပွားရေးလုပ်ငန်းမျိုးတွေဟာအနာဂတ်မှာ Android ရဲ့ Google Play billing စနစ်ကိုအသုံးပြုစရာလိုတော့မှမဟုတ်ဘူးလို့ပြောထားပါတယ်။
Author: Hein Htet
Ref: theverge