Window 10 October update (20H2) မှထူးခြားပြောင်းလဲမှုများ

20H2 လို့ခေါ်တဲ့ window 10 October update ကရောက်လာတော့မှာပါ။ဒီ Update မှာထုံးစံအတိုင်းပဲ Performance နဲ့ bug တွေပဲအဓိက fixed လုပ်သွားမှာဆိုပေမဲ့နဲနဲကြီးမားတဲ့ပြောင်းလဲမှုလေးတွေတော့ရှိပါတယ်။ သတိထားလောက်မိစရာ ပြောင်းလဲမှုကတော့ control panel ထဲက System pane ပျောက်သွားပြီးပြောင်းလဲသွားတဲ့သေးသေးလေးတွေကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ Update အသေးပြီးရင်အကြီးထုတ်ပေးနေကြMicrosoft ကနှစ်တိုင်းအဲ့လိုလုပ်ဖို့အစီအစဉ်တော့မရှိပါဘူး။အရင် 20H1 update ကိုပဲ Microsoft ကပြန်ရွှိုင်းမှာပါ။အဲ့တော့ဒီ Update မှာပိုပြီး Stable ဖြစ်လာဖို့ပဲရှိပါတယ်။May 2020 (20H1) Update ကိုသွင်းထားရင် 20H2 update ကို Install လုပ်ဖို့ reboot ချစရာတောင်မလိုပါဘူး။

Control Panel က System Pane ကိုဖျောက်ပစ်လိုက်ပြီး Setting app ထဲက About ထဲကိုရောက်သွားမှာပါ။ဒါဟာ Microsoft ရဲ့ control panel ထဲက tab တွေကိုဖြည်းဖြည်းချင်း System setting ထဲကိုပြောင်းနေတဲ့ခြေလှမ်းပါ။နောက်ဆိုရင် Control panel တစ်ခုလုံးကိုတောင်ဖျောက်ပစ်နိုင်ပါတယ်။

Built in ပါလာတဲ့ Microsoft edge

Chrome အခြေခံထားတဲ့ Browser ပါလာတဲ့ပထမဆုံး Window 10 version ပါ။ဒါပေမဲ့ Edge Browser အသစ်ကိုတော့ Install လုပ်လို့ရနေတာ 2020 January 15 ထဲကပါ။ဒါပေမဲ့ ဒီ Update ကစပြီး window 10 မှာ Edge Browser အသစ်ကအဟောင်းကိုလုံးဝအစားထိုးပစ်မှာဖြစ်ပါတယ်။

Your Phone App ကိုအဆင်မြှင့်တင်ခဲ့

အရင် Window version တွေမှာပါခဲ့တဲ့ Your Phone App ကိုအခု Select Samsung Device ဆိုတဲ့ Option နဲ့ ချဲ့ကားလိုက်ပါပြီ။ Samsung ဖုန်းရှိရင် window 10 pc ကနေတိုက်ရိုက်ဖွင့်လို့ရပါပြီ။ ဖုန်းပေါ်မှာပဲ Run နေတာဖြစ်ပေမဲ့ Window 10 desktop ကနေတစ်ဆင့်ဖုန်းဖြေတာတွေ Message ပို့တာတွေလုပ်လို့ရပါပြီ။ ဒါဟာ Samsung နဲ့ Microsoft နဲ့အကြီးအကျယ်ပူးပေါင်းမှုထဲကတစ်ခုပါ။

Window 10 icon အသစ်တွေနဲ့ပိုမိုလိုက်ဖက်လာတဲ့ Start menu theme

Icon နောက်က Solid color ကိုဖယ်ထုတ်ပလိုက်ပြီးitles နဲ့‌ Icon ကိုဖောက်ထွင်းမြင်ရမှာပါ။ကိုယ်သုံးတဲ့ Window 10 ရဲ့ Light နဲ့ Dark အရောင်ကိုလိုက်ပြီး Match ဖြစ်နေမှာပါ။

Notification ပြောင်းလဲမှုများ

ဘယ် App က Noti ပြလဲဆိုတာ App icon ပါတစ်ခါတည်းပြတော့မှာပါ။အဲ့တော့နည်းနည်းမြန်မြန်ပိတ်လို့ရပါပြီ။

Focus assist မှာ Notification မပြတော့မဲ့အကြောင်း Notification ပြပြီးအသိပေးပါတယ်။ နောက်ပြီး Focus ‌Assist ကိုသုံးပြီးရင်လည်းမပြခဲ့တဲ့ Noti တွေကို Pop up လုပ်ပြီးပြပါတယ်။အခုတော့ အဲ့လိုအာရုံနောက်စရာတွေကိုအကုန်ဖြုတ်ပစ်လိုက်ပါပြီ။

Author: Hein Htet

Ref :How to Geek

Previous
Previous

ပေါ့ပါးသယ်ယူရလွယ်ကူ၍ ဈေးနှုန်းသင့်တင့်မျှတပြီး မိသားစုတစ်ခုလုံး အသုံးတည့်စေမည့် HUAWEI MatePad T10 ကို မြန်မာနိုင်ငံတွင် ရောင်းချတော့မည်

Next
Next

2019 ခုနှစ်မှာ DRAM Modules တင်ပို့ရောင်းချမှုမှာပထမရပ်တည်နိုင်ခဲ့တဲ့ Kingston technology