PS5 ကထွက်လာပြီဒီအချိန်မှာ PS4 ဝယ်သင့်လား?

Sony ရဲ့ Next generation console ကမကြာခင်အချိန်တောအတွင်းမှာရောက်လာတော့မှာပါ။လပေါင်းများစွာ PS5 အကြောင်း leak တွေ rumors တွေထုတ်လွှတ်ခဲ့ပြီးနောက်မှာတော့နောက်ဆုံးမှာ Next gen console PS5 ကိုစျေးနှုန်းရောရောင်းမဲ့နေ့ရက်ပါကြေငြာလိုက်ပါတယ်။Sony က PS5 ကို edition နှစ်မျိုးနဲ့မိတ်ဆက်ခဲ့ပါတယ်။ အခွေထည့်ဆော့လို့ရမဲ့ standard edition နဲ့ PlayStation store ကနေ digital ဂိမ်းတွေပဲဝယ်ဆော့နိုင်မဲ့ Digital edition ဆိုပြီးနှစ်မျိုးရှိပါတယ်။စျေးနှုန်းကလည်းသူတို့နှစ်မျိုးလုံးကဒေါ်လာ ၁၀၀ လောက်ကွာပြီး နှစ်မျိုးလုံးမှာ Performance ပိုင်းကလည်းအတူတူပဲဆိုတော့ digital edition ကရွေးချယ်စရာတစ်ခုပါ။ Digital edition က 399 ဒေါ်လာ, standard edition က 499 ဒေါ်လာဆိုတော့စျေးကွက်လိုအပ်ချက်နဲ့မြန်မာနိုင်ငံမှာပြန်ရောင်းမဲ့စျေးဆိုရင် စစထွက်ချင်းမှာ digital edition ကိုပဲ 8 သိန်းနီးပါးလောက်ရှိနိုင်ပါတယ်။အဲ့တော့ဒီအချိန်မှာ PS4 ဝယ်သင့်လား။

PS4 ကိုအခုချိန်မှာဝယ်မယ်ဆိုရင် 4 သိန်း 8သောင်း 5သိန်းနီးပါးလောက်ဆို 4k ရုပ်ထွက်ရမဲ့ PS4 pro ရနိုင်ပါတယ်။ Slim ဆိုရင် သုံးသိန်းကျော်ကျော်လောက်နဲ့ရပါတယ်။နောက်တစ်ခုကဂိမ်းတွေပါ။ PS4 မှာထွက်ခဲ့သမျှဂိမ်းတွေဟာအခုဆိုရင်မတရားကိုစျေးပေါ်နေပါပြီ။ဆော့နိုင်တဲ့နာမည်ကြီးဂိမ်းတွေလည်းပေါ်ပါတယ်။

နာမည်ကြီး PlayStation Hits ဂိမ်းတွေဖြစ်တဲ့ The last of us remaster, God of war 3. Batman Arkham Knight, Horizon Zero Dawn, Uncharted the thief’s end တို့ဆိုရင်စျေးနှုန်းသက်သက်သာနဲ့ Play station store မှာရော digital အခွေတွေကိုဝယ်ဆော့လို့ရပါတယ်။Second Game ခွေရောင်းတဲ့ Market မှာသွားရှာကြည့်မယ်ဆိုရင် တော်တော်စျေးသက်သက်သာသာနဲ့ရနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်အခုအချိန်မှာ collector တွေကလွဲရင် P4 ကိုနှစ်နှစ်သုံးနှစ်လောက်ဆော့ပြီးတဲ့လူတွေကအခွေတွေကိုပြန်ထုတ်နေကြပါပြီ။အခုလောလောလတ်ဆိုရင် Marvel Avenger, Ghost of Tsushima နဲ့ the Last of Us Part II တို့ရှိပါတယ်။ PS4 ဝယ်တယ်ဆိုကတည်းက PlayStation exclusive ဂိမ်းတွေ‌ဆော့ချင်လို့ဖြစ်ပါတယ်။ Marvel Avengers တောင်မှ PS4 ပေါ်မှာဆော့မှ Spiderman ဇာတ်ကောင်ကိုရမှာပါ။ အဲ့ဒိလောက်ထိ Sony ရဲလွှမ်းမိုးမှုကကြီးပါတယ်။ ‌နောက်ထက်နှစ်နှစ်လောက်ထိတော့ PS4 အတွက်ဂိမ်းတွေကထပ်ထွက်နေဦးမှာဖြစ်ပါတယ်။အခု PS5 မှာလာမဲ့Spider-man Miles morals ဆိုရင် PS4 အတွက်ပါထွက်ဦးမှာပါ။ 2020 အလွန် PS4 အတွက် အတည်ပြုထားတဲ့ဂီမ်းတွေထဲမှာလူအများစိတ်ဝင်စားခြင်းခံနေရတဲ့  Crash Bandicoot 4 : it’s about time . Watchdog legion. Cyberpunk 2077 , Assassin’s Creed Valhalla နဲ့ FIFA ရဲ့ Next generation ဖြစ်တဲ့ FIFA 2021 တို့ပါ။ဒီဂီမ်းတွေဟာဒီအချိန်မှာ PS4 ဝယ်ထားရင်နောက်နှစ်လောက်အထိ worth playing ဖြစ်ပါတယ်။ အခုကျွန်တော်ပြောနေတာ Graphic နဲ့ FPS ကိုစိတ်မဝင်စားဘူး Story ကောင်းတဲ့ဂိမ်းဖြစ်ရင်ရပြီဆိုတဲ့လူတွေအတွက်ပါ။ Graphic ကောင်းဖို့လိုတယ် ပိုက်ဆံရှိတယ်ဆိုရင်တော့ PS5ကို ဝယ်ပါ။ဘာဖြစ်လို့လဲဆိုတော့ PS5 ကို ဝယ်ပြီး PS plus subscription လုပ်ထားရင် PS4 ဂိမ်းတွေဖြစ်တဲ့ God of war တို့ Batman Arkham Knight တို့လိုဂိမ်းတွေကို PS5 ပေါ်မှအလကားဆော့ခွင့်ရမှာဖြစ်ပါတယ်။ဒါဟာလည်း Sony ရဲ့ PS5 ကိုဝယ်အောင်လုပ်မဲ့ နည်းဗျူဟာပါ။

Author: Hein Htet

Photo crd: Tech rader

Previous
Previous

နည်းပညာနယ်ပယ် ငါးခုပေါင်းစည်းဆောင်ရွက်မှုဖြင့် စံနှုန်းသစ်တစ်ခုကို ဖန်တီးခြင်း

Next
Next

အမြင်သစ်နှင့် စတိုင်ကျလှပသည့်အပြင် ကိုယ်ကာယကြံ့ခိုင်မှုအတွက်ပါ အထောက်အကူဖြစ်စေမည့် HUAWEI WATCH FIT အမျိုးအစားသစ်ကို မြန်မာနိုင်ငံတွင် ရောင်းချသွားမည်။