ကွန်ပြုတာတွေမှာ OS မလာခင်တွေ့ရမယ့် UEFI ဆိုတာဘာကိုပြောတာလဲ?
Unified Extensible Firmware interface (UEFI)ဆိုတာတစ်နည်းအားဖြင့်ကွန်ပြူတာ Hardware တွေကိုကို Power ဖွင့်ဖွင့်ချင်းမှာ Initiate လုပ်တာပါ။အရင်တုန်းက UEFI နေရာမှာ BIOS ( Basic Input Output System) တွေကိုသုံးခဲ့ရတာပါ။အခုခေတ် PC တော်တော်များများရဲ့ Motherboard တွေကတော့ UEFI တွေပဲအားလုံးသုံးကြတော့ပါတယ်။ပြီးပြည့်စုံတဲ့နည်းပညာဆိုတာမရှိတဲ့အတွက် UEFI မှာ ကောင်းကျိုးလဲရှိသလိုအားနည်းချက်တွေလည်းရှိပါတယ်။

BIOS (Basic input output system)
ကွန်ပြုတာကို Power ဖွင့်ဖွင့်ချင်းမှာ Operating System ကတန်းပြီးအလုပ်လုပ်တာမဟုတ်ပါဘူး။ Power On Self Test (POST) ပြီးတာနဲ့ BIOS က operating system ရဲ့ Bootloader ကိုစလိုက်ပါတယ်။ဒီလုပ်ငန်းကကွန်ပြုတာရဲ့ Hardware component တွေတစ်ခုနဲ့တစ်ခုအဆင်ပြေပြေ ဆက်သွယ်နိုင်ဖို့ကူညီပေးပါတယ်။
UEFI (Unified Extensible Firmware interface)
UEFI ကတော့ Hardware နဲ့ Software တွေကွန်ပြုတာ system တစ်ခုမှာဘယ်လို Communicate လုပ်မလဲဆိုတာသတ်မှတ်ပေးတဲ့ Specification အသစ်ဖြစ်ပါတယ်။ဒီ Specification မှာလုပ်ငန်းနှစ်ခုပါဝင်ပါတယ်။
တစ်ခုက Boot service ပါ။ Hardware အနေနဲ့ Software ဒါမှမဟုတ် Operating system တွေဖွင့်ဖို့ ဘယ်လို Initiates လုပ်မလဲဆိုတာသတ်မှတ်ရတာပါ။Bootloader တွေမလိုတဲ့အတွက် Bootloader တွေရဲ့ Processor ကိုကျော်ပစ်လိုက်ပါတယ်။
Runtime service က UEFI က Application တွေတိုက်ရိုက်ဖွင့်တာပါ။
BIOS နဲ့ UEFI
UEFI (Unified Extensible Firmware Interface) လို့ခေါ်ပါတယ်။သူ့ကတော့ အရင် BIOS ကို 21 ရာစုရဲ့ပိုမိုကောင်းမွန်တဲ့ version ဖြစ်အောင်လုပ်ထားတာပါ။ အရင်တုန်းက BIOS မှာကန့်သတ်ခံခဲ့ရတဲ့သတ်မှတ်ချက်တွေကိုဖယ်ရှားပစ်ဖို့ပါပဲ။ BIOS အနေနဲ့ drive တွေရဲ size ကို 2.2 Terabyte ပဲ support လုပ်တဲ့အချိန်မှာ UEFI အနေနဲ့ 9 zettabyte ( 9000000000 terabyte) အထိ support လုပ်ပါတယ်။ UEFI တွေကြတော့ Motherboard ထုတ်လုပ်သူတွေအနေနဲ့ စိတ်ကြိုက်customized လုပ်နိုင်စွမ်းအားပိုကောင်းသွားပြီး Design ပေါ်မူတည်ပြီးနောက်ပိုင်း UEFI တွေအကုန်လုံးမှာ Mouse cursor တွေတောင်တွေ့ရမှာပါ
BIOS ကိုတော့ (basic input output system) လို့ခေါ်ပါတယ်။ firmware တစ်ခုဖြစ်ပြီး Operating system မလာခင်အပြင်ဘက်မှာအလုပ်လုပ်ပါတယ်။ သူ့ကို Motherboard ရဲ့ chip လေးတစ်ခုအနေနဲ့တွေ့နိုင်ပြီး တစ်ချို့ Motherboard တွေမှတော့သူ့ကိုဖြုတ်လို့တပ်လို့ရအောင်လုပ်ပေးထားပါတယ်။သူကတော့ Boot device order တွေ , integrated component တွေအတွက် Parameter သတ်မှတ်တာတွေအစရှိတဲ့ Operating system မလာခင်အရေးကြီးတဲ့ Process တွေကိုလုပ်ပေးပါတယ်။ အရင်တုန်းကတော့ board ဝယ်မယ်ဆိုရင် UEFI နဲ့ BIOS ဆိုပြီးဝယ်ယူရပေမဲ့အခုတော့ Board တွေအကုန် UEFI တွေပဲဖြစ်ကုန်ပါပြီ။
UEFI ရဲ့ကောင်းကျိုးတွေကတော့ Hardware သတ်မှတ်ချက်မှိခိုချက်မရှိတာပါ။ BIOS က x86 architecture ပေါ်မှာပဲအလုပ်လုပ်ပြီး UEFI က PC ကိုမတူညီတဲ့ Processor တွေ Legacy x86 coding မရှိလည်းသုံးလို့ရပါတယ်။ပြောချင်တဲ့သဘောက architecture တူစရာလိုဖို့မလိုသလို Intel AMD ကြိုက်တာသုံးလို့ရပါတယ်။နောက်တစ်ခုကတော့ UEFI က Operating system တော်တော်များများကို Support လုပ်ပြီး LILO တို့ GRUB တို့လို Bootloader တွေမလိုပါဘူး။ UEFI က Runtime service မှာ Hard disk က Operating system ရှိတဲ့ Partition ကိုရွေးပြီးဖွင့်လိုက်ရင် OS တက်ပါပြီ။ရလဒ်ကတော့ Boot time အရမ်းမြန်ပါတယ်။ UEFI မှာသုံးရလွယ်တဲ့ Interface နဲ့ Mouse cursor ပါပါတယ်။OS ကြီးတစ်ခုလုံးဖွင့်စရာမလိုပဲသတ်မှတ်ထားတဲ့OS နဲ့ Mail client တွေသုံးလို့ရပါတယ်။
အားနည်းချက်ကတော့ Hardware နဲ့ Software support နည်းနည်းရွေးပြီး OS နဲ့ Hardware ကသင့်တင့်လျှောက်ပတ်တဲ့ Specification ကိုထောက်ပံ့ဖို့လိုပါတယ်။ဒါပေမဲ့အခုခေတ် Window OS နဲ့ Mac Os တွေအတွက်တော့ပြဿနာမဟုတ်တော့ပါဘူး။
UEFI ရဲ့သမိုင်းကြောင်း
UEFI ကို Intel မှဖန်တီးခဲ့တာပါ။server တွေအတွက် Itanium processor ကိုကြေငြာခဲ့ချိန်မှာစပြီးUEFI ကိုမိတ်ဆက်ခဲ့ပါတယ်။ BIOS ရဲ့ ကန့်သတ်ချက်တွေကြောင့် မတူညီတဲ့ Hardwareအမျိုးမျိုးတွေ ကို OS အနေနဲ့ ကိုင်တွယ်နိုင်ဖို့အတွက်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
Author : Hein Htet
Ref: Lifewire