OPPO Reno 4 pro မှာပါဝင်လာတဲ့ 65W super VOOC 2.0 နည်းပညာကဘယ်လိုမျိုးလဲ?

OPPO မှမိတ်ဆက်ခဲ့တဲ့ Super VOOC 2.0 နည်းပညာဟာ Reno 4 pro ဖုန်းတွေမှာပါဝင်လာပါပြီ။ Fast charging နည်းပညာမှာဦးဆောင်ခဲ့တဲ့ OPPO ဟာ Super VOOC 2.0 ကို Reno ace မှာထည့်သွင်းခဲ့ပြီး အခုဒီနည်းပညာကို Reno 4 pro မှာလည်းသုံးပြုပေးထားပါတယ်။ 4G ခေတ်ကနေ 5G ခေတ်ကိုပြောင်းလာတာနဲ့အမျှ Battery အကုန်မြန်တဲ့ Internet ဆွဲအားတွေ Application တွေကြောင့် Fast charging နည်းပညာတွေဟာလည်းလူနေမှုဘဝထဲမှာအရေးကြီးလာပါတယ်။ Fast charging တွေဟာ ampere (A) နဲ့ Voltages (V) များလေအားသွင်းပိုမြန်လေပါပဲ။

SuperVooc

SuperVOOC နည်းပညာကတော့အရင် VOOC platform ကိုပဲအဆင့်မြင့်တင်ထားတာပါ။ 2018 ခုနှစ်မှာ SuperVOOC ကို OPPO Find X ရဲ့ Lamborghini edition မှာပထမဆုံးအကြိမ်ထည့်သွင်းခဲ့ပြီး Charging power 50W နဲ့ 3400 mAh ရှိတဲ့ဖုန်းကို 35 min နဲ့သွင်းပေးနိုင်ပါတယ်။ 2019 မှာတော့ QI standard ရှိတဲ့ 30W VOOC flash charging နည်းပညာကိုမိတ်ဆက်ခဲ့ပါတယ်။အခုလက်ရှိအချိန် စျေးကွက်ထဲမှာအမြန်ဆုံး charging technology ကတော့ Find X2 ရဲ့ SuperVOOC 2.0 ပါ။ Reno 4 Pro မှာ SuperVOOC 2.0 နည်းပညာကိုသုံးပေးထားပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ?

Series-connected cell နှစ်ခုနည်းပညာနဲ့ Current အမြင့်မှာဘက်ထရီထဲကိုတိုက်ရိုက်အားသွင်းတာကြောင့်ပါဝါဆုံးရှုံးမှုမရှိသလောက်နည်းပါတယ်။ 4000 mAh ဘက်ထရီကို 2000 mAh ဘက်ထရီနှစ်ခုခွဲထားပြီး Watts ကိုလည်း 32.5 W နှစ်ခုခွဲထားတာပါ။ voltage နည်းပြီး Current မြင့်တာကြောင့်စိတ်ချရသလိုဘက်ထရီကိုလည်း 5V နှစ်ခုခွဲထားတာကြောင့် voltage များရင်အပူများတဲ့ပြဿနာလည်းမရှိတော့ပါဘူး။

ဘ‌ယ်လောက်မြန်လဲ?

SuperVOOC 2.0 ဟာ 5 မိနစ်အားသွင်းတာနဲ့ 4 နာရီစာ video တစ်ပုဒ်ကြည့်လို့ရသလို 4000 mAh ရှိတဲ့ ဖုန်းကို 36 min နဲ့ အားအပြည့်သွင်းနိုင်ပါတယ်။ဖုန်းကိုပိတ်ပြီးသွင်းရင်ပိုမြန်ပါတယ်။သာမန် USB-C ကြိုးဟာ 5A ပဲသွင်းနိုင်တဲ့အချိန် Reno 4 pro ဘူးထဲမှာပါတဲ့ USB-C ကြိုးဟာ 6.5A charging current ကို stable သွင်းနိုင်ပါတယ်။ 10V x 6.5A = 65W fast charging ကို Deliver လုပ်ပေးနိုင်ပါတယ်။ဒီလိုလျှင်မြန်တဲ့ 65W charging speed ကိုစိတ်ချလက်ချသုံးနိုင်ဖို့အတွက် SuperVOOC charging system မှာ Protection layer 5ခုပါဝင်ပါတယ်။ Charging adaptor ထဲက Node တစ်ခုချင်းဆီ , cable , ဖုန်းနဲ့ ဘက်ထရီတစ်ခုချင်းဆီမှာ voltage နဲ့ current ကိုအရမ်းလည်းမများ အရမ်းလည်းမနည်းမှန်ကန်ပြီးစိတ်ချရတဲ့ပမာဏအတွင်းမှာရှိဖို့စောင့်ကြည့်ပေးတဲ့ protection chipset လေးတွေပါရှိပြီး  Node တစ်ခုခုမှာမူမမှန်တာတစ်ခုခုတွေ့တာနဲ့ current ကိုချက်ချင်းဖြတ်တောက်ပစ်မှာပါ။ဒါကတော့ တစ်ကမ္ဘာလုံးမှာအသုံးပြုသူပေါင်း ၁၅၇ သန်းရှိတဲ့ VOOC charging နည်းပညာဖြစ်ပါတယ်။ဒါကတော့ Reno 4 pro ကို charging နည်းပညာမှာထူးခြားစေတဲ့ SuperVOOV 2.0 နည်းပညာပါ။

စိတ်ဝင်စားလို့လိုချင်တယ်ဆိုရင်တော့ Reno 4 pro ကိုမြန်မာ‌‌ငွေ 699,900 ကျပ်နဲ့  Starry Night နှင့် Silky White ဆိုပြီးအရောင်ပြေးနှစ်မျိုးဖြင့်စက်တင်ဘာလ 9 ရက်နေ့မှစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Author : Hein Htet

‌‌

Previous
Previous

နည်းပညာရေစီးကြောင်းရှိ ဗဟုသုများကို မျှဝေနိုင်ရန် Huawei က ၂၀၂၀ ခုနှစ်အတွက် အွန်လိုင်း မီဒီယာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပ

Next
Next

Note 20 series နဲ့ S-pen ရဲ့တွဲဖက်မှုမှာပဲရတဲ့စမ်းသုံးကြည့်သင့်တဲ့ cool feature များ