OLED နဲ့ QLED ဘာတွေကွာလဲ၊ ဘယ်ဟာပိုကောင်းလဲ?

-OLED ကို “Organic Light Emitting diode” လို့အရှည်ကောက်ခေါ်ပါတယ်။

-QLED ကတော့ Quantum dot LED ပါ။ဒီနည်းပညာကို Samsung မှ ၂၀၁၃ မှာမိတ်ဆက်ခဲ့ပြီး Sony တို့ TCL တို့ကလည်းဒီနည်းပညာကိုလိုင်စင်ယူခဲ့ပါတယ်။အဓိကကတော့ Brightness နဲ့ color ထုတ်လုပ်မှုပမာဏတိုးမြင့်ဖို့ပါ။

-OLED ကတော့လုံးဝကွဲပြားတဲ့ပုံအရည်အသွေးတွေကိုထုတ်ပေးနိုင်ပြီးဒီနေ့ခေတ် TV တွေရဲ့ main stream ဖြစ်နေပါပြီ။

-QLED က LED, LCD တွေရဲ့မျိုးကွဲဖြစ်ပြီး LCD ကိုပဲ Quantum Dots နည်းပညာထပ်ဖြည့်ထားတာပါ။

LED နဲ့ LCD ကွာခြားချက်

LCD ကို အရှည်ကောက် Liquid crystal display လို့ခေါ်ပြီး LED ရော LCD ရောနှစ်ခုလုံးက liquid crystal display တွေပါ။အခြေခံနည်းပညာအားဖြင့်နှစ်ခုလုံးကတူညီကြပါတယ်။ TV နှစ်မျိုးလုံးမှာ Polarized glass အလွှာနှစ်ခုပါဝင်ပြီး liquid crystal လေးတွေက အလင်းကိုပိတ်ပြီးလွှတ်ကြတာပါ။ LED TV တွေဟာ LCD တွေရဲ့အခွဲတစ်ခုပါပဲ။

LED ကိုအရှည်ကောက် Light emitting diodes လို့ခေါ်ပါတယ်။ LCD TV တွေကတော့ fluorescent light ကိုသုံးပြီး LED တွေကတော့ light emitting diodes ကိုသုံးပါတယ်။ အခြေခံအားဖြင့် LED ဟာ LCD နည်းပညာကိုပဲတစ်ဆင့်ထပ်မြင့်ထားတာပါ။

OLED နဲ့ LED ကွာခြားချက်

OLED နည်းပညာဟာ LCD နည်းပညာနဲ့ဘာမှကိုမဆိုင်ပဲအခြေခံကအစကွာခြားပါတယ်။ OLED display တွေဟာ self-emissive ဖြစ်ပါတယ်။သဘောကတော့ Pixel တစ်ခုချင်းဆီမှာကိုယ်ပိုင်အလင်းထုတ်လွှတ်နိုင်တဲ့စွမ်းအားရှိပါတယ်။OLED မှာ Pixel တွေကိုပိတ်လိုက်ရင်ပြီးပြည့်စုံတဲ့အမည်းကိုရပါတယ်။ LCD မှာတော့ backlighting ထုတ်လွှတ်ဖို့သက်သက်လိုအပ်ပါတယ်။ (Backlight က LCD တွေမှာသုံးတဲ့ lighting တစ်မျိုးဖြစ်ပြီး မြင်ရတဲ့ပုံတွေထုတ်ပေးနိုင်ဖို့အတွက် Ambient light ဒါမှမဟုတ် special light source ကိုခေါ်တာပါ။)

စျေးအနည်းဆုံးကနေအများဆုံးဖြစ်တဲ့ QLED တွေအထိပါ။အဲ့တာကြောင့်ဒီ TV တွေမှာ backlighting ထားတဲ့ပုံစံနဲ့အရည်အသွေးကောင်းရင်ကောင်းသလောက်စျေးကလည်းကွာခြားသွားပါတယ်။ QLED ဆိုတာစျေးကွက်အသုံးအနှုန်းဖြစ်ပြီး OLED ဆိုတာ display နည်းပညာဖြစ်ပါတယ်။ QLEDကတော့ LCD နည်းပညာကနေမြစ်ဖျားခံလာတာပါ။

OLED မှာပြီးပြည့်စုံတဲ့အမည်းကိုရနိုင်ပါတယ်။Contrast ratio ဆိုတာ display တစ်ခုကထုတ်လွှတ်နိုင်တဲ့အလင်းဆုံးအဖြူနဲ့အမှောင်ဆုံးအနက်ကိုပြောတာပါ။ပုံရဲ့အရည်အသွေးမှာဒီဟာကအရေးပါဆုံးလို့အများကယူဆကြပါတယ်။ OLED မှာသူတို့ရဲ့ pixel တစ်ခုချင်းဆီကိုပိတ်ထားလို့ရတာကြောင့် contrast ratio မှာအမည်းဆုံးအမှောင်ကိုရပါတယ်။အဲ့တာကြောင့် OLED တွေဟာမှောင်မည်းနေတဲ့ရုပ်ရှင်ရုံလိုအခန်းမျိုးတွေအတွက်ကိုက်ပါတယ်။

LCD မှာတော့ပုံတစ်ပုံထုတ်ဖို့အတွက် backlight ကနေအလွှာပေါင်းများစွာကိုဖြတ်ပြီးပြရပါတယ်။အဲ့တာကြောင့် LCD မှာမြင်ရတဲ့အမည်းဟာ OLED မှာမြင်ရတဲ့အမည်းလောက်မမှန်ပါဘူး။ OLED တွေဟာအမှောင်ဘက်ခြမ်းမှာကောင်းပေမဲ့ LCD တွေလောက် Brightness level မရောက်နိုင်ပါဘူး။ LCD ရဲ့ Pixel သဘာဝက အရောင်မှိန်လွယ်ပါတယ်။အဲ့တာကြောင့်ထုတ်လုပ်သူတွေဟာအချိန်မတိုင်ခင် အရောင်ကျသွားနိုင်တဲ့အတွက် Pixel တွေရဲ့ Brightness level ကိုသင့်တင့်တဲ့နေရာမှာထားရပါတယ်။အရမ်းကြီးတောက်ရင်လည်းမကောင်းပါဘူး။

အဲ့တာကြောင့် OLED တွေဟာ High end TV ဖြစ်နေတာပါ။

OLED တွေဟာအရင်တုန်းကလောက်တော့ထုတ်လုပ်မှုစရိတ်မကြီးတော့ပေမဲ့ ထုတ်လုပ်တဲ့ process မှာ LCD တွေထက်တော့စျေးကြီးနေပါသေးတယ်။အဲ့တာကြောင့်လည်း OLED panel ပါတဲ့ TV တွေဆိုရင်စျေးတွေကလည်းခေါင်ခိုက်နေတာပါ။ယေဘုယျအားဖြင့်တော့ပုံတစ်ပုံရဲ့အရည်အသွေးဟာ OLED မှာပိုကောင်းပါတယ်။ဒါဟာဖုန်းတွေမှာလည်းအတူတူပါပဲ။အဲ့တာကြောင့် OLED display ပါတဲ့ဖုန်းတွေဆိုရင် always on display လုပ်ဖို့ပိုမိုလွယ်ကူပြီးစျေးတွေကလည်းသာမန်ဖုန်းတွေထက်ကြီးနေတာပါ။

Author: Hein Htet

Ref: howtogeek

Previous
Previous

Note 20 series နဲ့ S-pen ရဲ့တွဲဖက်မှုမှာပဲရတဲ့စမ်းသုံးကြည့်သင့်တဲ့ cool feature များ

Next
Next

PS5 ရဲ့စျေးနှုန်းနဲ့ထွက်ရှိလာမဲ့ဂိမ်းတွေတရားဝင်ကြေငြာ