Cloud storage ဆိုတာဘာကိုပြောတာလဲ?

Cloud storage ဆိုတာကတော့ဖိုင်တွေဒေတာတွေကိုကိုယ်တိုင်လက်ထဲမှာ ( hard drive , external hard disk , memory stick ) အနေနဲ့ မသိမ်းပဲ မမြင်ရတဲ့ Server တွေပေါ်မှာသိမ်းနိုင်တာပါ။Online storage system တစ်ခုပါ။ online ပေါ်ကနေအသုံးပြုသူကအချိန်မရွေးလိုချင်တဲ့ဒေတာကို လိုချင်တဲ့အချိန်တိုင်းမှာတောင်းဆိုနိုင်ပါတယ်။

အားသားချက်ရှိသလိုအားနည်းချက်လည်းရှိတယ်။

အားသာချက်ကတော့ကိုယ် backup လုပ်ထားတဲ့ ( Cloud storage ) ပေါ်တင်ထားတဲ့ဒေတာတွေကိုအချိန်မရွေးအကန့်အသတ်မရှိပြန်ယူနိုင်တာပါ။နောက်တစ်ခုကတစ်ကမ္ဘာလုံးကိုကြိုက်သလိုရှဲနိုင်တာပါ။မြန်မာနိုင်ငံကနေအင်္ဂလန်မှာရှိနေတဲ့သူငယ်ချင်းကိုလည်းရှဲလို့ရပါတယ်။ service နဲ့ platform တောင်တူစရာမလိုပါဘူး။အဲ့တာအပြင် media streaming တွေပါလုပ်နိုင်တာပါ။ကိုယ်ကြိုက်တဲ့သီချင်းတွေ ဗီဒီယိုတွေကိုအချိန်မရွေးယူနိုင်သလို ကိုယ့်ရုံးကဖိုင်‌တွေ၊ ဒေတာတွေကိုယူပြီးအိမ်ကနေအလုပ်လှမ်းလုပ်နိုင်ပါတယ်။

အားနည်းချက်ကတော့ Upload speed / download speed လုံလောက်တဲ့ internet connection ကောင်းကောင်းတစ်ခုရှိဖို့လိုတာပါ။အင်တာနက်မကောင်းရင် Cloud storage service သုံးရတာအရမ်းစိတ်ပျက်ဖို့ကောင်းပါတယ်။နောက်တစ်ခုကတော့ကိုယ့်ဒေတာတွေကို sharing လုပ်တဲ့အခါမှာ share မဲ့လူနဲ့အဖွဲ့အစည်းတွေအတွက် Permission (ရယူခွင့်/တည်းဖြတ်ခွင့်) တွေလိုက်ပေးရတာပါ။

Cloud service ကိုသုံးဖို့အတွက်အကြောင်းအရင်းတွေအများကြီးရှိပါတယ်။

ဥပမာ ကိုယ့်ရဲ့ ဖုန်း Laptop ကွန်ပြုတာမှာ Storage မလောက်တော့တာပဲဖြစ်ဖြစ်external hard disk တွေအလေးခံပြီးမသယ်ချင်တော့တာပဲဖြစ်ဖြစ် cloud storage တွေကိုသုံးကြပါတယ်။တစ်ချို့ကြတော့ကိုယ့်ရဲ့အရေးကြီးဒေတာတွေကို Password တွေ encryption တွေမသုံးပဲသိမ်းထားချင်ရင်လည်း စိတ်ချရတဲ့ Cloud storage တွေကိုသုံးကြပါတယ်။ ဥပမာ ကိုယ့်ရဲ့အရေးကြီးဒေတာတွေကို Hard disk တစ်ခုထဲမှာသိမ်းထားမယ်ဆိုရင်အဲ့ Hard disk ပျောက်သွားတာနဲ့‌ဒေတာတွေပါပျောက်သွားမှာပါ။တစ်ယောက်ယောက်ကခိုးယူခဲ့မယ်ဆိုရင်လည်းဒေတာတွေပါသွားနိုင်ပါတယ်။Bit locker နဲ့တော့ Hard disk ကို Password ခံထားလို့ရပေမဲ့ Password crack တဲ့ software တွေကလည်းတောင်လိုပုံနေပါပြီ။

Cloud storage ဆိုတာ back up လုပ်လို့ရရုံမကပဲ security နဲ့ file တွေ‌ ဒေတာတွေကိုလွယ်လွယ်ကူကူနဲ့ sharing လုပ်နိုင်တာအပြင် Platform မရွေးပဲ Phone,tablet, computer တွေနဲ့လွယ်လွယ်ကူကူကြိုက်တဲ့အချိန် ရယူနိုင်တာကြောင့် Cloud storage service ကိုတစ်ကမ္ဘာလုံးတွင်တွင်ကျယ်ကျယ်အသုံးပြုနေတာဆယ်စုနှစ်တစ်ခုလောက်ရှိပါပြီ။

Cloud storage နဲ့ Cloud back up

Cloud storage နဲ့ Cloud backup ဆိုတာမတူပါဘူး။ဒါပေမဲ့သူတို့နှစ်ခုအလုပ်လုပ်ပုံကတော့ဆင်တူပြီးရလဒ်ကလည်းတူပါတယ်။

Cloud storage ကအသုံးပြုသူကဘယ် Files/folder ကိုရွေးပြီး Online ပေါ်မှာသိမ်းမှာလဲဆိုတာရွေးချယ်ပြီးတင်လိုက်ရင် ကိုယ့်ကွန်ပြုတာထဲမှာဖျက်ပစ်လိုက်လည်း Cloud ပေါ်ကကိုယ့်အကောင့်ထဲမှာဒေတာကျန်နေမှာပါ။အဲ့တော့ကိုယ့်ကွန်ပြူတာထဲက Storage နဲ့ဘာမှမဆိုင်တဲ့အတွက် storage လွတ်သွားပါလိမ့်မယ်။ Cloud storage ကကိုယ် Back up လုပ်ချင်တဲ့ ဒေတာကိုပဲရွေးပြီး Backup လုပ်နိုင်တဲ့ service ပါ။ကိုယ့်ကွန်ပြူတာမှာ online ပေါ်မှာတင်ထားတဲ့ file ကို ပြောင်းပြင်လိုက်လည်း Online ပေါ်က Files ကလိုက်ပြောင်းမှာမဟုတ်ပါဘူး။

Cloud backup

သူကျတော့ cloud backup Program တစ်ခုကိုကိုယ့်ကွန်ပြူတာမှာ Install လုပ်လိုက် ၊ ဘယ် files ကို online ပေါ်မှာသိမ်းမယ်ဆိုတာကိုရွေးပြီးတာနဲ့ကိုယ့် online account နဲ့ bind လုပ်ပြီးတင်လိုက်မယ်။ အဲ့တော့ ကိုယ် Online ပေါ် Backup လုပ်ဖို့တင်ထားတဲ့ files ကိုကွန်ပြူတာမှာဖျက်လိုက်တာနဲ့ cloud storage ပေါ်မှာရှိတဲ့ file ကလည်းပျက်သွားမှာပါ။ file ကိုတစ်ခုခုအပြောင်းအလဲလုပ်လိုက်တာနဲ့ online ပေါ်မှာ Backup လုပ်ထားတဲ့ Files ကလည်းအော်တိုလိုက်ပြောင်းမှာပါ။ကိုယ့်ကွန်ပြူတာထဲက Files မှာအပြောင်းအလဲလုပ်သမျှအကုန် Online ပေါ်မှာတင်ထားတဲ့ Files ကလည်းအချိန်နဲ့တပြေးညီလိုက်ပြောင်းနေမှာပါ။ပြီးတော့သူကအလိုအလျှောက်အလုပ်လုပ်ပါတယ်။

ရွေးချယ်စရာ Personal cloud storage များကတော့

Amazon Drive - သူကတော့ 5GB free ရပါတယ်။ ကိုယ့်မှာ Amazon prime account ရှိရင် Free plan 5GB အပြင် Photos တွေကိုအကန့်အသတ်မရှိသိမ်းလို့ရပါတယ်။နောက်တခြား Files type တွေအတွက် 5GB free ထပ်ပါပါသေးတယ်။

Google Drive - အထူးသဖြင့် Google ထုတ်ကုန်တွေနဲ့အဆင်ပြေပြေအလုပ်လုပ်နိုင်ဖို့ထုတ်ထားတဲ့ Cloud storage တစ်ခုပါ။ Google Drive အတွက် 15GB free ရမှာဖြစ်ပါတယ်။ Google drive ကနေ Google One ကို Upgrade လုပ်လိုက်ရင် 100GB ကနေ 300GB ကအထိပိုက်ဆံပေးရင်ပေးသလောက် storage ဝယ်နိုင်ပါတယ်။

Microsoft OneDrive - ကြိုက်တဲ့ File သိမ်း 5GB free ရပါတယ်။ OneDrive လည်း Microsoft Office တို့ outlook တို့နဲ့အဆင်ပြေပြေအလုပ်လုပ်နိုင်အောင်ထုတ်ထားတာပါ။သူလည်းပေးသလောက်သုံး storage လိုချင်ရင်ထပ်ဝယ်ရမှာပါ။

Apple iCloud - သူကတော့ Apple ဆိုတဲ့အတိုင်း Apple user တွေအတွက်ပဲရမှာပါ။သင့်မှာ Apple product တစ်ခုခုရှိနေမှဒီ service ကိုသုံးလို့ရမှာပါ။ထုံးစံအတိုင်းပဲ 5GB အလကားရပြီး ထပ်လိုချင်ရင်ရင်တော့သုံးသလောက်ပေးပုံစံပါပဲ။သူက Online backup service ပုံစံမျိုးနဲ့သွားဆင်တူပါတယ်။ iCloud service ဟာလုံခြုံရေးမြင့်မားမှု ဒေတာတွေအတွက်စိတ်ချရမှုတွေကြောင့်အဓိကနာမည်ကြီးပါတယ်။

Dropbox – 2GB အလကားပေးထာပြီး ကြိုက်တဲ့နေရာ (web,Phone,desktop,tablet)ကလှမ်းယူလို့ရပါတယ်။ Dropbox plus နဲ့ Professional ဆိုရင် 1TB အထက် Cloud storage တွေကိုဝယ်ယူနိုင်ပါတယ်။ Dropbox Business planလည်းရှိပါသေးတယ်။

Author: Hein Htet
Ref : lifewire

Previous
Previous

Body ကျစ်ကျစ်လစ်လစ် နဲ့ ဒေါ်လာ 1799 ကျသင့်မဲ့ Sony ရဲ့ Full frame mirrorless A7C camera အသစ်

Next
Next

Vivo Y Series ၏ နောက်ဆုံးထုတ် စမတ်ဖုန်းသစ် Y20 ကို ပြည်တွင်းဈေးကွက်သို့ စတင်မိတ်ဆက်