2021 smart Phone တွေမှာ Android အစားကိုယ်ပိုင် Harmony OS ကိုအစားထိုးသွားမဲ့ Huawei
2021 မှာ Google ရဲ့ Smart Phone OS ဖြစ်တဲ့ Android အစား Harmony OS အစားထိုးဖို့ပြင်ဆင်နေတဲ့လို့ Huawei ရဲ့ Consumer chief မှပြောကြားခဲ့ပါတယ်။ဒီအစားထိုးမဲ့အကြောင်းကိုတော့ ကြာသာပတေးနေ့က developer conference မှာပြောကြားခဲ့တာဖြစ်ပါတယ်။ Harmony OS ရဲ့နောက်ဆုံး version ကိုတစ်ကမ္ဘာလုံးမှာရှိတဲ့ developer တွေထံသို့တရားဝင်ချပြသွားမှာဖြစ်ပြီး OS ရဲ့ ecosystem နဲ့ကိုက်ညီတဲ့ App တွေကိုလည်းအရှိန်မြင့်ပြီးထုတ်လုပ်နေတယ်လို့လည်းပြောခဲ့ပါတယ်။အခု Huawei ရဲ့ Mobile service system App developer ပေါင်း 1.8 million ရှိပြီး active users 490 million နဲ့ Application ပေါင်း 96000 ရှိပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်း Dongguanမြို့မှာကျင်းပခဲ့တဲ့ Huawei ရဲ့ developer conference ကိုနည်းပညာအသိုင်းအဝိုင်းကလည်းမျက်စိကျနေပြီးအမေရိကန်ရဲ့ Smart Phone တွေအတွက်အဓိကဖြစ်တဲ့ chip တွေ နဲ့ 5G base station အပြင်တစ်ကမ္ဘာလုံးမှာနာမည်ကြီးနေတဲ့ Android အပေါ်ပိတ်ပင်မှုတွေနဲ့ပတ်သတ်ပြီးကုမ္ပဏီရဲ့အနာဂတ်စီးပွားရေးအစီအစဉ်တွေကိုပါစောင့်ကြည့်ခဲ့ကြပါတယ်။

Android OS ကသန်းပေါင်းများစွာသော smart phone တွေကိုအဓိကမောင်းနှင်နေတာပါ။အဲ့တော့ Harmony OS အနေနဲ့သုံးစွဲသူတွေအတွက်အသုံးဝင်ထိရောက်မှုရှိဖို့ကအတော်တော်လေးကိုအရေးပါပါတယ်။Huawei အနေနဲ့ တစ်ကမ္ဘာလုံးစမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ ပထမနေရာကိုယူထားပြီး Samsung ကိုတော့ဒုတိယနေရာပို့ထားပါတယ်။သုံးသပ်သူတွေကတော့ Harmony OS ရဲ့ Android OS အပေါ်တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့အစားထိုးနိုင်မှုကိုသံသယဝင်နေကြပါတယ်။တစ်ကမ္ဘာလုံးမှာရှိတဲ့အသုံးပြုသူအများစုဟာ Google app တွေဖြစ်တဲ့ YouTube နဲ့ Gmail လို servicesတွေကိုအသုံးပြုလာခဲ့ကြတာဆယ်စုနှစ်မကရှိနေပါပြီ။
အခုလို user base အနည်းငယ်ပဲရှိသေးတဲ့အတွက် Huawei အနေနဲ့ developer တွေကို Android ကနေ App တွေပြောင်းရွှေ့ဖို့သူတို့ရဲ့အချိန်တွေရင်းနှီးမြှပ်နှံ့ဖို့ဖျောင်းဖျရမှာဖြစ်တယ်လို့ Market research firm IDC ရဲ့ Vice president Bryan Ma မှပြောခဲ့ပါတယ်။နောက်တစ်ခုက Google အနေနဲ့ App တွေကိုသူတို့ဆီမှာအရင်ဆုံးသုံးလို့ရအောင်ပြုလုပ်နေတာလဲ Huawei ရင်ဆိုင်ရမဲ့အခက်အခဲတစ်ခုဖြစ်တယ်လို့ပြောခဲ့ပါတယ်။
US နဲ့ China နည်းပညာတိုက်ပွဲမှာတော့ အမေရိကန်မှ Huawei အပါအဝင် တရုတ် ထိပ်တန်း AI ကုမ္ပဏီတွေဖြစ်တဲ့ Megvii နဲ့ SenseTime တို့ကို Black list ထဲထည့်ခဲ့ပါတယ်။ US ရဲ့ Trade Ban အပြီးမှာတော့ Huawei အနေနဲ့ကိုယ်ပိုင် Operating System တစ်ခုကိုအကောင်အထည်ဖော်နေတဲ့လို့သတင်းတွေထွက်ခဲ့ပါသေးတယ်။ Huawei ကတော့ Harmony OS က Microkernel-based distributed OS တစ်ခုဖြစ်ပြီး Smart Phone တွေမှာသာမက Smart Speaker တွေ နဲ့ ဝတ်လို့ရတဲ့ နာရီတွေသာမက ကားတွေမှာပဲသုံးလို့ရတဲ့ ecosystem တစ်ခုဖြစ်ပေါ်လာအောင်ဖန်တီးနိုင်ပါတယ်။
Author : Hein Htet
Ref : scmp