ကိုယ့် Facebook အကောင့်ထဲက ပုံတွေ ဗီဒီယိုတွေကိုဘယ်လို Back up လုပ်မလဲ?
Facebook ကလွန်ခဲ့တဲ့လေးလလောက်တုန်းက ကိုယ့်အကောင့်မှာတင်ထားတဲ့ဓာတ်ပုံတွေ video တွေကို Google photo ကိုရွှေ့ပြောင်းလို့ရအောင် tool တစ်ခုထုတ်ပေးခဲ့ပါတယ်။ 2018 တုန်းကလည်း Facebook, Google, Apple , Microsoft နဲ့ twitter တို့ကလည်း Data transfer project ကိုထုတ်လုပ်ခဲ့ပါသေးတယ်။ Open source project တစ်ခုဖြစ်ပြီးရည်ရွယ်ချက်ကတော့ယှဥ်ပြိုင်နေတဲ့platform တွေကြားမှာ services တွေအချိတ်အဆက်မိမိနဲ့ဒေတာတွေရှဲဖို့ပါ။ အရင်နှစ် December မှာ Facebook က Photo transfer tool ကိုထုတ်လုပ်ခဲ့ပြီးအခုအချိန်မှာတော့မြန်မာနိုင်ငံမှာသုံးလို့ရနေပါပြီ။

ဘယ်လိုလုပ်မလဲ? How to ?
အဲ့တော့ Google Photo ပေါ်ကို Back up လုပ်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ Google account တစ်ခုရှိဖို့လိုပါလိမ့်မယ်။အဲ့လိုပြုလုပ်ချင်းဟာတစ်ကယ်လို့ ကိုယ့်အကောင့် lock ကျသွားတာပဲဖြစ်ဖြစ်မသမာသူတစ်ယောက်ယောက်က ယူသွားတာပဲဖြစ်ဖြစ် ကိုယ့်ပုံတွေနဲ့ video တွေကို ကိုယ့်အကောင့်ပါသွားသည့်တိုင်အောင် Back up လုပ်ထားတဲ့အတွက်အချိန်မရွေးပြန်သိမ်းထားလို့ရပါတယ်။
အရင်ဆုံး Facebook ရဲ့ setting > Your Facebook Information > Transfer a Copy of Your Photos or Videos ဆိုတာကိုရွေးပါ။ ပြီးရင် ကိုယ့် Facebook အကောင့် password ကိုထည့်ပြီးရင်Choose Destination မှာ Google Photo ကိုရွေးလိုက်ရင် သူ့အလိုလို Back up လုပ်သွားပါလိမ့်မယ်။ Google photo အပြင် တခြား cloud service တွေဖြစ်တဲ့ Koofr နဲ့ Dropbox တို့ကိုပါ support ပေးပါသေးတယ်။ Dropbox နဲ့ Google photo ကတော့လူတိုင်းသိပြီးသားဖြစ်မှာပါ။ Koofr လဲသူတို့လိုပဲ Cloud storage service တစ်ခုပါ။ 2GB free space ရပါတယ်။ storage ထပ်လိုချင်ရင်တော့ပိုက်ဆံထပ်ပေးရမှာပါ။ Cloud storage တွေအကြောင်းသိချင်သေးရင်တော့သပ်သပ် article တစ်ပုဒ်ထပ်ရေးပေးရမလားဆိုတာ comment ပေးသွားလို့ရပါတယ်။
Author : Hein Htet
Ref : lifewire