ရှောင်မီရဲ့မျက်နှာပြင်အောက်က ကင်မရာတွေကိုနောက်နှစ်စမတ်ဖုန်းတွေမှာ မြင်ရတော့မှာလား?
နောက်နှစ် 2021 အတွက်ရှောင်မီဖုန်းတွေမှာ Under display camera တွေကိုမြင်ရတော့မှာပါ။ဒီနည်းပညာဟာ ပထမဆုံးမော်ဒယ် နဲ့ ဒုတိယမြောက်မော်ဒယ်ကိုစီးပွားဖြစ်အမြောက်အမြားမထုတ်လုပ်နိုင်ခဲ့ပဲတတိယမြောက်မော်ဒယ်ကျမှဖုန်းတွေဆီကိုရောက်လာမှာပါ။စမတ်ဖုန်းတွေအတွက်Notch ,Punch hole နဲ့ pop up camera တွေသုံးခဲ့ရာကနေဒီနည်းပညာကြောင့်တစ်ကယ့်ဘောင်ပျောက်စမတ်ဖုန်းတွေဖြစ်လာတော့မှာပါ။
2007 ခုနှစ်မှာ iPhone X မိတ်ဆက်ခဲ့ရာကနေစပြီးစမတ်ဖုန်းကုမဏီများဟာ ကင်မရာ notch နဲ့ ကင်မရာ cut hole တွေကို edge to edge display နဲ့ တောက်လျှောက်အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ပြဿနာတစ်ခုကတော့စမတ်ဖုန်းထုတ်လုပ်သူများအတွက်အခုအချိန်အထိတစ်ကယ့်ဘောင်ပျောက်စမတ်ဖုန်းတွေကိုထုတ်လုပ်ဖို့အတွက်အခက်အခဲဖြစ်ခဲ့ပါတယ်။
ရှောင်မီရဲ့နောက်ထပ်လာမဲ့ display အောက်မှာထားမဲ့ကင်မရာနည်းပညာဟာကင်မရာဟာစမတ်ဖုန်း screen ရဲ့ sub-pixel လေးတွေကြားကနေမြင်နိုင်အောင်ဖန်တီးထားတာပါ။အဲ့တော့ရှေ့ဘက် selfie ကင်မရာဟာစမတ်ဖုန်းရဲ့မျက်နှာပြင်အောက်မှာပိရိစွာတည်ရှိနေမှာပြီးလုံးဝကို bezel-less ဖုန်းတစ်လုံးအဖြစ်တည်ရှိနေမှာပါ။
[youtube https://www.youtube.com/watch?v=o0vS_Ri9Hec&w=754&h=424]
ရှောင်မီကတော့ ကင်မရာနားမှာရှိနေတဲ့ screen ဟာကျန်တဲ့ display ရဲ့အရောင်တွေ brightness တွေနဲ့ color gamut တွေဟာတူညီနေရမှာဖြစ်ပြီးဒီနည်းပညာဟာ OLED screen မှာ support လုပ်မှာလား LED screen မှာ support လုပ်မှာလားဆိုတာကိုတော့ထည့်မပြောသွားပါဘူး။အဲ့တာအပြင်ရရှိနိုင်မဲ့ resolution နဲ့ the verge ရဲ့အဆိုအရတော့ဖုန်းမျက်နှာပြင်အောက်ကကင်မရာဟာလုံးဝပျောက်သွားတာမဟုတ်ဘဲအရိပ်သေးသေးလေးမြင်နေရသေးတယ်လို့ဆိုပါတယ်။အဲ့တော့ ကင်မရာဘယ်မှာရှိနေသလဲဆိုတာသေချာကြည့်ရင်မြင်နေရဦးမှာပါ။

ဒီနည်းပညာကိုစျေးကွက်ထဲကိုသယ်ဆောင်လာမှာရှောင်မီကပထမဆုံးမဟုတ်ပါဘူး။ ZTE ရဲ့ပထမဆုံးscreen အောက်ကကင်မရာနည်းပညာကို စက်တင်ဘာလ 1 ရက်နေ့ တရုတ်နိုင်ငံပြင်ပမှာမိတ်ဆက်သွားဖို့ရှိပါတယ်။အဲ့တော့ စမတ်ဖုန်းတွေရဲ့မျက်နှာပြင်အောက်ကကင်မရာနည်းပညာဟာ Under display fingerprint scanner တွေလိုပဲခေတ်ရေစီးကြောင်းထဲစီးဝင်လာမလားဆိုတာတော့စောင့်ကြည့်ရပါဦးမယ်။
Author : Hein Htet
Ref : Techspot