Console ပေါ်ကိုရောက်ရှိလာတော့မဲ့ Microsoft flight simulator
PC ပေါ်မှာ August 8 ရက်နေ့တုန်းကရောက်ရှိလာတဲ့ Microsoft flight simulator ဟာ 1982 တုန်းကလည်းထွက်ခဲ့ဖူးတဲ့ ဂိမ်းပါ။ ပြင်ပနဲ့တူညီတဲ့ခံစားချက်ရရှိမှုတွေကြောင်လူကြိုက်များခဲ့ပြီး အခုချိန်မှာတော့ 1982 တုန်းကမျိုးဆက်သစ် Flight simulator ထွက်ရှိလာပါပြီ။
လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက Xbox ရဲ့အကြီးအကဲ Phil Spencer ကဒီဂိမ်းကို Xbox series X အတွက်ရည်ရွယ်ထားတယ်လို့ပြောခဲ့ပါတယ်။ Microsoft Flight simulator ရဲ့အကြီးအကဲ Neumann ဟာလည်းဒီဂိမ်းဟာအရင်တည်းက Console အတွက်ရည်ရွယ်ပြီးဖန်တီးခဲ့တယ်လို့ပြောခဲ့ပါတယ်။ “ကျွန်တော်တို့ဒီဂိမ်းကို Consoles ပေါ်ကိုရောက်ရှိလာဖို့အတွက်ကြိုးစားနေပါတယ်လို့ပြောခဲ့ပြီးအချိန်ကိုတော့အတည်မပြုနိုင်သေးပါဘူး” လို့လဲပြောခဲ့ပါသေးတယ်။

ဒီဂိမ်းကို Xbox one နဲ့ Xbox series X ဆီကိုယူလာဖို့ရှိပြီး Microsoft ကထုတ်ထားတာဖြစ်တဲ့အတွက် PlayStation အတွက်ထွက်ရှိလာဖို့ကတော့မဖြစ်နိုင်တော့ပါဘူး။ ဒီဂိမ်းကို Xbox မှာဆော့နိုင်ဖို့အတွက် controller အတွက်အရင်ဆုံးဖန်တီးနေပါတယ်။ ဒီဂိမ်းဟာ တစ်ကမ္ဘာလုံးကိုလေယာဉ်ပတ်မောင်းနိုင်ပြီး တွေအနေနဲ့အပြင်မှာရှိတဲ့လေဆိပ်ပေါင်း 37000 ကနေပျံသန်းနိုင်မှာဖြစ်ပြီး တစ်ကယ့်အပြင်ကနေ့ခင်ဘက်တောင်တန်းတွေရဲ့ရှုခင်းတွေအပြင်လက်တွေ့ air-traffic တွေကိုပါကြုံတွေ့ရမှာပါ။ ညဘက်ဆိုရင်လဲကြယ်တွေရဲ့အလင်းရောင်နဲ့မြို့ရဲ့ညခင်းဘက်အလှကိုခံစားရဦးမှာပါ။
တစ်ကမ္ဘာလုံးရဲ့နေရာတွေကို Flight simulator ဂိမ်းခွေဆယ်ခွေထဲမှာထည့်သွင်းထားပါတယ်။ဒီဂိမ်းကို Joystick တွေနဲ့ဆော့ရင်ပိုကောင်းပြီး Microsoft က Logic tech နဲ့ လက်တွဲထားပါတယ်။ ဒီဂိမ်းအတွက် system Requirement တွေကတော့ CPU မှာတော့အနဲဆုံး Ryzen 3 1200 ဒါမှမဟုတ် intel i5-44460 recommend ပေးထားကတော့ Ryzen 5 1500X ဒါမှမဟုတ် intel i5-8400 အကောင်းဆုံးကတော့ Ryzen 7 Pro 2700X ဒါမှမဟုတ် intel i7-9800X တို့ဖြစ်ပါတယ်။ GPU Graphic card မှာတော့ အနဲဆုံး Radeon RX 570 ဒါမှမဟုတ် Nvidia GTX 770 ညွှန်းပေးထားတာကတော့ Radeon RX 590 ဒါမှမဟုတ် Nvidia GTX 970 အကောင်းဆုံးကတော့ Radeon Vll ဒါမှမဟုတ် Nvidia RTX 2080 တို့က Graphic card အတွက်ဖြစ်ပါတယ်။ RAM ကတော့ အနဲဆုံး 8GB ရှိဖို့လိုပြီးရှိသင့်တာကတော့ 16GB နဲ့အကောင်းဆုံးကတော့ 32GB ပါ။ ဂိမ်းအတွက်အင်တာနက် Bandwidth လိုအပ်ချက်ကတော့ အနဲဆုံး 5 MBps လိုအပ်ပါတယ်။ ရှိသင့်တာကတော့ 20 Mbps နဲ့ အကောင်းဆုံးကတော့ 50 Mbps တို့ဖြစ်ပါတယ်။ တခြားဂိမ်းတွေနဲ့မတူတာကတော့ ဂိမ်းဒေတာတွေကို Microsoft server တွေကနေတစ်ဆင့်တိုက်ရိုက်ရယူရတာဖြစ်တဲ့အတွက်ဒီဂိမ်းက Bandwidth အများအပြားလိုအပ်ပါတယ်။ ဒီဂိမ်းတစ်ခုလုံးရဲ့ဆိုဒ်က Blu-ray discs အချပ်ရေ နှစ်သောင်းနဲ့ညီပါတယ်။ Developer တွေအနေနဲ့ internet connection နှေးတဲ့နေရာအတွက်အဆင်ပြေအောင်လုပ်နေပြီးoffline ကစားဖို့အတွက်ဆိုရင် ဂိမ်းဆိုဒ်က GB 150 လောက်ထပ်ကြီးသွားမှာပါ။ 4K ရုပ်ထွက်နဲ့ကစားမယ်ဆိုရင်တော့အကောင်းဆုံးဖြစ်ပြီးBandwidth ကလဲအများကြီးလိုအပ်မှာပါ။ဒီဂိမ်းမှာ ရာသီဥတုတွေဖြစ်တဲ့ ဟာရီကိန်းတွေ မိုးကြိုးမုန်တိုင်းတွေပါပါဝင်မှာဖြစ်ပြီး ဒီရာသီဥတုအချက်အလက်တွေကိုတော့ Bing ကနေတစ်ဆင့်ရယူမှာဖြစ်ပါတယ်။
Author : Hein Htet
Ref : Digital trends