OPPO Reno 4 မှာသုံးကြည့်သင့်တဲ့ ကင်မရာ Feature များ

OPPO ကလောလောလတ်လတ်မိတ်ဆက်လိုက်တဲ့ Reno 4 series မှာသုံးကိုသုံးကြည့်ရမယ့်ကင်မရာလုပ်ဆောင်ချက်တွေပါဝင်ပါတယ်။အဲ့တာတွေကတော့ Reno 4 မှာအသစ်ပါဝင်လာတဲ့ Night Flare Portrait နဲ့ AI Color Portrait ပါ။ဒီ Feature တွေကတော့ Reno 4 ရဲ့ 48MP wide , 8MP ultrawide , 2MP macro နဲ့ 2MP Mono  quad camera တို့နဲ့တွဲဖက်ပြီးပါဝင်လာတဲ့ထူးခြားတဲ့ Features တွေပါ။

Night Flare portrait ကတော့ Reno4 ရဲ့ portrait mode မှာပါဝင်လာတဲ့ effect ပါ။ Portrait mode မှာ Night Flare Portrait ကသာမန် Portrait mode တွေနဲ့မတူတာက ညဘက်တွေမှာရိုက်မယ်ဆိုရင်ပိုမိုတောက်ပတဲ့အ‌ရောင်တွေကိုပိုမြင်ရမှာပါ။ဘာဖြစ်လို့လဲဆိုတော့ ညဘက်မီးရောင်တွေကိုကိုယ့်ပုံနောက်မှာနောက်ခံထားပြီးရိုက်မယ်ဆိုရင်မီးရောင်တွေကိုပိုမိုသိပ်သည်းစေပြီးပုံသားကိုလည်းကျစ်ကျစ်လစ်လစ်နဲ့ပိုမိုတောက်ပတဲ့အ‌ရောင်တွေကိုဖြည့်ပေးနိုင်ပါတယ်။ Bokeh effect လည်းပိုမိုပေါ်လွင်စေပြီးလင်းလင်းရှင်းရှင်းနဲ့ပုံရိပ်တောက်တောက်တွေကိုဖန်တီးနိုင်ပါတယ်။အဓိက Night flare portrait mode ကိုသုံးနိုင်တဲ့နေရာကတော့ ညဘက်တွေပါ။ OPPO ကညဘက်တွေမှာ Portrait ရိုက်ရင်အလင်းနဲတဲ့ပြဿနာကို Reno4 မှာ Night Flare Portrait mode နဲ့ဖြေရှင်းထားပါတယ်။ သုံးကြည့်သင့်တဲ့ Feature တစ်ခုပါ။

AI Color Portrait

သူကတော့ကျွန်တော်တို့ Portrait ရိုက်တဲ့အခါမှာသာမန် Portrait တွေနဲ့မတူတာကကိုယ် focus ထားတဲ့အရာကို natural color စိုစိုနဲ့မြင်ရမှာဖြစ်ပြီး‌နောက်ခံ Background ကို Black and white နဲ့ retro ဆန်တဲ့ပုံတွေကိုရမှာပါ။ပုံတွေပြန်ကြည့်လိုက်တိုင်း Black and white နဲ့ ကိုယ့်ဘဝရဲ့အမှတ်တရတိုင်းကိုသိမ်းဆည်းထားနိုင်ပါပြီ။အဲ့တာတွေအပြင်တခြား effect ဖြစ်တဲ့ OP 4 ,OP 5, OP 6 effect တွေကလည်းပုံတွေကို အလင်းအမှောင်ကြိုက်သလိုပြင်ဆင်နိုင်မှာပါ။ ဒီ Feature ကိုတော့ အရှေ့ဘက်အနောက်ဘက် Video တွေမှာပါရိုက်ကူးနိုင်ပါတယ်။

နောက်ထပ်အသစ်ပါဝင်လာတဲ့ Video features တစ်ခုက 960fps smart slow-motion ပါ။သူကတော့ Mid-range ဖုန်းတွေထဲက slow motion mode တွေထဲမှာတော်တော်လေးကို stand out ဖြစ်တဲ့ slow-motion mode ဖြစ်ပါတယ်။သူ့ရဲ့ smart slow-motion လုပ်ဆောင်ချက်က fps မြင့်တဲ့အတွက်ကြောင့်ပိုမို Detail ကျတဲ့ ရွေ့လျှားမှုတွေနဲ့ slow motion video တွေကိုထုတ်ပေးနိုင်ပြီး Lighting နဉ်းတဲ့နေရာတွေ မွေးနေ့ပွဲ မီးပုံပွဲတို့လိုနေရာတွေအတွက်ကွက်တိပါပဲ။  
အရှေ့ဘက်ကင်မရာကတော့ 32MP selfie ကင်မရာထည့်ပေးထားပါတယ်။Reno4 Ultra-Steady Video 3.0 လုပ်ဆောင်ချက်ကိုအရှေ့ကင်မရာနဲ့လည်းရိုက်ကူးနိုင်ပြီးပိုမိုတည်ငြိမ်တဲ့ Video တွေကို AI Color portrait နဲ့ထုတ်ပေးနိုင်ပါတယ်။ တခြား lifestyle အတွက်အသုံးဝင်‌လောက်တဲ့ Feature တွေကတော့ Smart air control နဲ့ Smart spying prevention ပါ။ Smart air control က Facebook မှာ Newsfeed ကိုလက်နဲ့မထိပဲပွတ်နိုင်ပြီး Smart spying prevention ကတော့ကိုယ့်ဖုန်းကိုတခြားတစ်ယောက်ယောက်နဲ့အတူတူကြည့်နေရင်တက်လာတဲ့ Notification တွေက Content တွေကို Hide လုပ်ပေးတာပါ။ ဒီ Feature က Bus ကားပေါ်မှာကိုယ်ရဲ့ဖုန်းကိုတခြားတစ်ယောက်ကလာကြည့်နေရင်လည်း ကိုယ့်ဖုန်းမှာ Pop up ပေါ်လာတဲ့ content‌ တွေကို Auto hide ပေးပါတယ်။

အဲ့တာတွေအပြင် 8nm Snapdragon 720G ကိုသုံးထားပေးတဲ့အတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ image processing ကိုပိုမိုလျှင်မြန်စွာလုပ်ပေးနိုင်ပြီးကင်မရာ Performance ကိုလည်းပိုမိုမြှင့်တင်ပေးထားပါတယ်။ဓာတ်ပုံရိုက်တာကြာလာရင်ဖြစ်တတ်တဲ့ဖုန်းအပူချိန်လွန်ကဲခြင်းကိုလည်းအနဲနဲ့အများလျှော့ချပေးပါတယ်။

Author : Hein Htet



Previous
Previous

PUBG MOBILE မှ 1.0 version အသစ်နှင့် PUBG MOBILE GLOBAL CHAMPIONSHIP တို့ကို ထုတ်ပြန်ကြေညာ

Next
Next

သင့်ဖုန်း မျက်နှာပြင်ကနေတစ်ဆင့်ဘက်တီးရီးယားပိုးတွေကူးစက်နိုင်သလား