Credit card အရွယ်အစားလောက်ပဲရှိတဲ့ Computer Raspberry Pi ဆိုတာဘာလဲ?
Raspberry Pi ဆိုတာ credit card အရွယ်အစားလောက်ပဲရှိပြီး microprocessor ပါတဲ့ computer chip ပြားလေးပါ။ သူ့မှာကွန်ပြူတာတစ်လုံးလုပ်နိုင်တဲ့စွမ်းရည်တွေပြည့်စုံပြီး CPU , RAM , USB 3.0 , USB , micro HDMI, SD card slot တို့ပါဝင်ပါတယ်။စျေးနှုန်းကလဲအနည်းဆုံး 35 ဒေါ်လာလောက်ပဲရှိပြီးအခုနောက်ဆုံးထွက်ထားတဲ့ Raspberry Pi 4 ဆိုရင် RAM 2GB,4GB နဲ့ 8GB ဆိုပြီးအမျိုးမျိုးရွေးချယ်နိုင်ပါတယ်။

Raspberry Pi ကို 2012 မှာစပြီးမိတ်ဆက်ခဲ့တာပါ။မိတ်ဆက်ခဲ့တဲ့အချိန်ကစပြီးမှုကွဲအမျိုးမျိုးတွေ ပုံစံအမျိုးမျိုးတွေနဲ့မော်ဒယ်အမျိုးမျိးတွေထွက်ရှိခဲ့ပါတယ်။မှုလ Pi မှာတော့ Single core 700MHz CPU နဲ့ RAM ကတော့ 256MB ပဲပါဝင်တယ်။ Pi zero လို့ခေါ်တဲ့မော်ဒယ်ဆို 5 ဒေါ်လာလောက်ပဲရှိပါတယ်။ကမ္ဘာတစ်ဝန်းကလူတွေ Raspberry Pi ကိုသုံးရတဲ့အဓိကရည်ရွယ်ချက်ကတော့ Programming skills တွေကိုသင်ယူပြီးကိုယ်တိုင်အသုံးချဖို့ပါ။ Programming skills တွေကိုကိုယ်တိုင်လေ့ကျင့်နိုင်တဲ့အပြင် Hardware projects တွေ Home automation တွေ နောက်ဆုံး လုပ်ငန်းသုံး Application တွေအတွက်ပါသုံးနိုင်ပါတယ်။
Raspberry Pi ကိုတိုတိုတုပ်တုပ်နဲ့အဓိပ္ပယ်ဖွင့်ဆိုရမယ်ဆိုရင် Linux OS Run ထားတဲ့အလွန်စျေးသက်သာပြီးသေးငယ်တဲ့ကွန်ပြူတာလေးပါ။ပြီးတော့သူ့မှာ GPIO ( General Purpose Input/output ) လို့ခေါ်တဲ့သေးငယ်ပြီး electronic components တွေကိုထိန်းချုပ်နိုင်တဲ့ Pin လေးတွေပါပါတယ်။ Physical computing တွေ နဲ့ IOT တွေအတွက်ပါ။
ထွက်ခဲ့ဖူးတဲ့ Raspberry Pi မော်ဒယ်တွေကတော့ Pi 1, Pi 2, Pi 3 အခုနောက်ဆုံးဆို Pi 4 အထိရှိပြီးမျိုးဆက်တိုင်းအတွက် Model A နဲ့ Model B ဆိုပြီးရှိပါတယ်။ Model A ကတော့ စျေးသက်သာတဲ့မော်ဒယ်ဖြစ်ပြီး RAM USB နဲ့ Ethernet Ports တွေကိုလျှော့ချထားတာပါ။ Pi zero မော်ဒယ်ကတော့ ပိုသေးငယ်တဲ့ Original Pi ရဲ့ မျိုးကွဲပါ။

Raspberry Pi နဲ့ ဘယ်လို Projects မျိုးတွေလုပ်နိုင်လဲ?
အကောင်သေးပေမဲ့တော်တော်အဆိပ်ပြင်းတဲ့ကောင်လေးပါ။သူ့က Flexible ဖြစ်ပြီး Software ရွေးချယ်မှုလဲမရှိတော့ကြိုက်တဲ့ Project တွေလုပ်နိုင်ပါတယ်။အဓိကကတော့ Python သင်နေတဲ့ Programmer တွေအကြိုက်ဖြစ်ပြီး Game ဆော့တာကနေ Network attached storage အထိသုံးလို့ရပါတယ်။ Community ကလည်းအားကောင်းတော့ Google မှာ Raspberry Pi projects လို့ရှာလိုက်တာနဲ့ပျော်စရာတွေလက်တည့်စမ်းစရာတွေအကုန်ထွက်လာမှာပါ။စက်ရုပ်တွေတည်ဆောက်တာ,machine learning သုံးပြီး ကင်မရာနဲ့ objects တွေ real time detect လုပ်တာအစရှိသဖြင့်အများကြီးဖန်တီးယူလို့ရပါတယ်။အဓိကတစ်ခုတည်းသောကန့်သတ်ချက်ကတော့ကိုယ့်ရဲ့စိတ်ကူးတွေပါပဲ။နည်းပညာတိုင်းမှာလွပ်လတ်မှုဆိုတာရှိပါတယ်။ The only limit is your imagination !!
Ref : Opensource.com
Photocrd : networkworld.com
Author : Hein Htet