Samsung ၏ Galaxy Note 20 စမတ်ဖုန်းအသစ်နှင့် အခြားသော စွမ်းဆောင်ရည်မြင့် နည်းပညာထုတ်ကုန်အသစ် ၄ မျိုးအား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
Samsung Myanmar သည်၎င်း၏ပထမဆုံးသောအွန်လိုင်းမှတဆင့်တိုက်ရိုက်တင်ဆက်သည့်ထုတ်ကုန်အသစ်မိတ်ဆက်ပွဲအခမ်းအနားအားယနေ့ကျင်းပပြုလုပ်ခဲ့ပြီး Galaxy Note 20 နှင့် Galaxy Note 20 Ultra စမတ်ဖုန်းသစ်များအပါအဝင်စွမ်းဆောင်ရည်မြင့်နည်းပညာထုတ်ကုန်အသစ်များအားသုံးစွဲသူများထံတရားဝင်စတင်မိတ်ဆက်ခဲ့သည်။အဆိုပါအခမ်းအနားတွင်အမြင့်မားဆုံးသောစွမ်းဆောင်ရည်များထည့်သွင်းပေးထားသည့် Note series စမတ်ဖုန်းများအပြင်အခြားသောစွမ်းဆောင်ရည်မြင့်နည်းပညာထုတ်ကုန်အသစ်၄မျိုးကိုလည်းမိတ်ဆက်ပေးခဲ့ပြီးယခုကဲ့သို့မြန်ဆန်စွာတိုးတက်ပြောင်းလဲနေသည့်အချိန်ကာလတွင်အလုပ်လုပ်ကိုင်သည်ဖြစ်စေ၊အပန်းဖြေအနားယူသည်ဖြစ်စေသုံးစွဲသူများ၏လုပ်ဆောင်နိုင်စွမ်းများအားမြင့်မားကောင်းမွန်လာစေရန်နှင့်လုပ်ငန်းဆောင်တာများအားပိုမိုမြန်ဆန်စွာဆောင်ရွက်နိုင်စေရန်ဤစွမ်းဆောင်ရည်မြင့်နည်းပညာထုတ်ကုန်များမှကူညီပေးသွားမည်ဖြစ်သည်။

Galaxy Note 20 series စမတ်ဖုန်းများသည် အလုပ်လုပ်ကိုင်ရာတွင် ကွန်ပြူတာတစ်လုံးကဲ့သို့သော စွမ်းဆောင်ရည်အား ပေးစွမ်းနိုင်မည့် အပြင် အနားယူ အပန်းဖြေရာတွင်လည်း ပရော်ဖက်ရှင်နယ် ဂိမ်းကစားသူ တစ်ဦးကဲ့သို့ ခံစားချက်မျိုးကို ရရှိခံစားရစေမည့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်လုံး ဖြစ်သည်။ ဤ Galaxy Note 20 series စမတ်ဖုန်းများအား version ၂ မျိုးဖြင့် ဝယ်ယူရရှိသွားနိုင်မည် ဖြစ်ပြီး ပြီးပြည့်စုံမှု အရှိဆုံးနှင့် အမြင့်မားဆုံးသော စွမ်းဆောင်ရည်အား ရယူအသုံးပြုလိုသူများ အတွက် Galaxy Note 20 Ultra နှင့် အလုပ်လုပ်ကိုင်ရာတွင် ဖြစ်စေ၊ အပန်းဖြေအနားယူရာတွင် ဖြစ်စေ ပိုမိုကောင်းမွန်သော လုပ်ဆောင်နိုင်စွမ်းများအား ရယူအသုံးပြုလိုသူများအတွက် Galaxy Note 20 ဟူ၍ သုံးစွဲသူများ၏ လိုအပ်ချက်အပေါ် မူတည်၍ စိတ်ကြိုက် ဝယ်ယူသွားနိုင်မည် ဖြစ်သည်။ အဆိုပါ စမတ်ဖုန်း အမျိုးအစား ၂ မျိုးလုံးသည် မြင့်မားသော စွမ်းဆောင်ရည်များ နှင့်အတူ လုပ်ငန်းဆောင်တာများအား မြန်ဆန်စွာ လုပ်ဆောင်သွားနိုင်ရန် ကူညီပေးသွားနိုင်မည် ဖြစ်သည့်အတွက် သုံးစွဲသူများ အနေနှင့် မိမိ ချစ်ခင်နှစ်သက်ရသူများနှင့် ပိုမိုဆက်သွယ်ချိတ်ဆက်သွားနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ Samsung သုံးစွဲသူများ အနေနှင့် Galaxy Note 20 series စမတ်ဖုန်းများအား ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့မှ ၂၆ ရက်နေ့အထိ (ပစ္စည်းလက်ကျန်ရှိသည်အထိ) ကြိုတင်မှာယူသွားနိုင်မည် ဖြစ်ပြီး ကြိုတင်မှာယူလိုသူများ အနေနှင့် ရန်ကုန်နှင့် မန္တလေးမြို့များ အပါအဝင် နိုင်ငံတဝန်း မြို့ကြီးများရှိ Samsung အမှတ်တံဆိပ် အရောင်းဆိုင်ကြီးများနှင့် လက်လီအရောင်းဆိုင်ကြီးများတွင် စရန်ငွေ ၁၀၀,၀၀၀ ကျပ် ပေးသွင်း၍ မှာယူသွားနိုင်မည် ဖြစ်သည်။ ထို့နောက်တွင် ကြိုတင်မှာယူထားသူများသည် ၎င်းတို့၏ Galaxy Note 20 စမတ်ဖုန်းများအား ၂၀၂၀ ခုနစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှ စတင်၍ စက်တင်ဘာလ ၅ ရက်နေ့အထိ ၎င်းတို့ ကြိုတင် မှာယူထားသည့် အရောင်းဆိုင်ကြီးများတွင် သွားရောက်ထုတ်ယူသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် အထူး အခွင့်အရေးအနေနှင့် Galaxy Note 20 စမတ်ဖုန်း များအား ကြိုတင်မှာယူသူများသည် Galaxy Buds+ နှင့် Galaxy Note 20 Ultra စမတ်ဖုန်းများအား ကြိုတင်မှာယူသူများသည် Galaxy Buds Live များအား အထူးလက်ဆောင်အဖြစ် အသီးသီး ရရှိသွားမည် ဖြစ်သည့်အပြင် ထပ်ဆောင်းလက်ဆောင်များအဖြစ် Clear Views Cover များကို ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

ထို့အပြင် Galaxy Note 20 စမတ်ဖုန်းများအား ဝယ်ယူအားပေးသူများ အနေနှင့် အထူးခံစားခွင့်များ ပါဝင်သည့် Samsung Premium Care ဝန်ဆောင်မှုကိုလည်း ရရှိခံစားသွားနိုင်မည် ဖြစ်သည်။