Android မှာလဲ Google play store ပေါ်ကအကစ်ခံလိုက်ရတဲ့ Epic ရဲ့ Fortnite
Apple ရဲ့ Apple store ပေါ်ကနေအဖြုတ်ခံလိုက်ရပြီးနောက်မကြာခင်မှာပဲ Fortnite ကို Google play store ပေါ်ကနေဖယ်ရှားခြင်းခံလိုက်ရပါတယ်။မနေ့က Epic Game အနေနဲ့ iPhone နဲ့ Android အတွက် Epic ကနေတိုက်ရိုက် Fortnite အတွက် In-game purchased ဝယ်ယူနိုင်တဲ့ Update ကိုထုတ်ပေးလိုက်တာကစပြီး Android နဲ့ IOS Platform နှစ်ခုလုံးရဲ့တားမြစ်ခြင်းခံလိုက်ရတာပါ။ဒါပေမဲ့ Android မှာ Epic website ကနေပြီးတိုက်ရိုက်သွင်းလို့ရပါသေးတယ်။

Apple က Fortnite ကို Kick လိုက်ပြီးမကြာခင်မှာပဲ Apple ကိုတရားစွဲခဲ့ပြီး Apple ရဲ့ 1984 ကြော်ငြာကိုလှောင်ပြောင်သရော်ခဲ့ပါသေးတယ်။ Apple ကိုလက်ဝါးကြီးအုပ်အမြတ်ကြီးစားသူအဖြစ် Video ထဲမှာလှောင်ပြောင်ခဲ့ပါတယ်။
အခုတော့စကားဝိုင်းထဲကို Google ပါဝင်လာပါပြီ။Apple လိုပဲ Google အနေနဲ့ in-app purchase လုပ်ဖို့အတွက် Google play system လိုပါတယ်။ဒါပေမဲ့ Play store ရဲ့စည်းမျဉ်းတွေဟာ Apple ရဲ့ App store လောက်တော့မတင်းကျပ်ပါဘူး။ Google လည်းပြတ်သားပါတယ်။ Developer တွေအနေနဲ့ငွေပေးချေမှုအတွက် Google ရဲ့ in-app billing စနစ်ပဲသုံးရမှာဖြစ်ပြီး Google လဲ Apple လိုပဲရောင်းရငွေရဲ့ 30% ကိုဖြတ်ပါတယ်။
Epic အနေနဲ့ဒီစည်းမျဉ်းစည်းကမ်းကိုဖြတ်ဖောက်ခဲ့ပြီး Google ကတော့ စည်းကမ်းဖောက်ဖျက်မှုကြောင့် Play store ပေါ်ကဖယ်ရှားလိုက်တာ Apple ထက်တော့နောက်ကျခဲ့ပါတယ်။

Google ရဲ့ရှင်းလင်းချက်ကတော့
“Open Android ecosystem ဟာ app ရေးသားသူတွေအတွက် App store ပေါင်းများစွာကနေ App ပေါင်းများစွာကိုဖြန့်ချီဖို့ခွင့်ပြုပေးထားပါတယ်။Plays store ကိုရွေးချယ်တဲ့ Game ရေးသားသူတွေအနေနဲ့ Developer တွေလိုက်နာဖို့မျှတတဲ့ ပေါ်လစီတွေကိုအသုံးပြုသူတွေစိတ်ချဖို့အတွက်ပြဌာန်းထားပါတယ်။ Fortnite ကတော့ Android platform ပေါ်မှာဆက်ရှိနေပေမဲ့ချမှတ်ထားတဲ့ပေါ်လစီတွေကိုမလိုက်နာခဲ့တဲ့အတွက် Play store ပေါ်မှာတော့ဆက်ရှိခွင့်မပေးနိုင်တော့ပါဘူး။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့ Fortnite ကို Play store ပေါ်ပြန်ယူလာဖို့အတွက်ဆွေးနွေးမှုအခွင့်အလမ်းတွေကိုကြိုဆိုနေပါတယ်။”
Google ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ the verge ကို “Android ဟာ Open ecosystem ဖြစ်တဲ့အတွက်တခြားသော app store တွေပေါ်ကနေဖြန့်ချီတာကိုလက်ခံပေမဲ့ Google play store ရဲ့ပေါ်လစီတွေကိုတော့ developer တွေအားလုံးအပေါ်မှာညီတူမျှတူဖြစ်သင့်ပါတယ်။တခြား store ပေါ်ကနေဖြန့်ချီတာဖြစ်ဖြစ် Epic အနေနဲ့သူတို့ကိုယ်တိုင်ဖြန့်ချီတာဖြစ်ဖြစ်ကိစ္စမရှိပါဘူး။” လို့ပြောခဲ့ပါတယ်။
Android ပေါ်မှာ Epic game store ပေါ်ကနေ Fortnite သွင်းနိုင်ပြီး Samsung ရဲ့ Galaxy store ကနေလည်း Samsung ဖုန်းတွေမှာ download ဆွဲနိုင်ပါတယ်။Android နဲ့ IOS ကွာခြားချက်ကတော့ဒါပါပဲ IOS ပေါ်မှာ App store ပေါ်ကနေဘန်းခံလိုက်ရရင် Game ကို Install လုပ်ဖို့တခြားနည်းလမ်းမရှိပါဘူး။
Epic နဲ့ Google ကြားမှာလည်း History တွေရှိပါတယ်။ 2018 August မှာ Epic က Fortnite ကို Play store ပေါ်ကနေထုတ်ခဲ့ပြီး Epic website ကနေတိုက်ရိုက်ဖြန့်ချီခဲ့ပါတယ်။ ဒီလိုလုပ်လို့ရတယ်ဆိုတာကလည်း Google က Android ကို third party အရင်းအမြစ်တွေကနေ App တွေ install လုပ်ခွင့်ပေးထားလို့ပါ။ဒီလိုခွင့်ပြုပေးထားတာလည်း Security အကြောင်းပြချက်နဲ့ဆိုအန္တာရယ်များပါတယ်။ ၁၈လအကြာမှာတော့ Epic က Fortnite ကို Play store ပေါ်ပြန်တင်ခဲ့ပါတယ်။
Fortnite လိုမျိုးနာမည်ကြီးတဲ့ Game တစ်ခုသာတခြား third party store တွေကိုသုံးဖို့အသုံးပြုသူတော်တော်များများကိုအလေ့အကျင့်ပေးနိုင်ခဲ့ရင် Google Play Store ရဲ့သြဇာအာဏာဟာလျှော့ဆင်းသွားမလားစိုးရိမ်ရပါတယ်။တစ်ကယ်လို့ Samsung ရဲ့ Galaxy Phone တွေကိုသုံးဖူးတဲ့လူတစ်ယောက်ဆိုရင်လိုအပ်တဲ့ App တွေကို Galaxy store ကနေဒေါင်းလုပ်ဆွဲဖို့အတွက် Option ပေးထားတာကိုကြုံဖူးမှာပါ။ ကျွန်တော့်အထင်တော့ Google ဟာ Apple လိုတော့အမြတ်ကြီးစားလက်ဝါးကြီးအုပ်တယ်လို့ Epic ကမြင်ပုံမရပါဘူး။ဒါရဲ့နောက်ဆက်တွဲကတော့ App Store တွေရဲ့ပြိုင်ဆိုင်မှုပြင်းထန်လာဖို့ရှိပါတယ်။ Microsoft ရဲ့ Game pass Ultimate streaming service ဆိုရင် Google Play ပေါ်မှာရော Galaxy store မှာရောရရှိပါတယ်။တစ်ကယ်လို့ Google play ကနေတစ်ဆင့် install လုပ်ခဲ့ရင် Xbox game အတွက် DLC content တွေကိုဝယ်ယူနိုင်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ 30% ဖြတ်လို့ပါ။ Samsung store ကနေ download ဆွဲမှ DLC content တွေဝယ်ယူနိုင်မှာပါ။
Ref : the verge
Author : Hein Htet