Fortnite ကို app store က Kick လိုက်တဲ့ Apple, Epic game store ကတော့ Apple ကိုစစ်ကြေငြာလိုက်ပါပြီ။

Apple ကတော့ Epic game store ရဲ့ နာမည်ကြီး Battle royal game တစ်ခုဖြစ်တဲ့ Fortnite ကို Apple store ကနေဖြုတ်ချလိုက်ပါပြီ။ အကြောင်းအရင်းကတော့ Fortnite ရဲ့ developer တွေဟာ in-app payment system ကို Apple ရဲ့ standard 30 Percent fee ကို‌မပေးချင်လို့က‌ကျော်လုပ်လို့ပဲဖြစ်ပါတယ်။Game ထဲမှာဝယ်ယူနိုင်တဲ့ In game purchased ကို Apple App store ထံမှဝယ်ယူမယ်ဆို 9.99 ဒေါ်လာသတ်မှတ်ထားပြီး Epic ရဲ့ direct payment ထံမှဝယ်ယူမယ်ဆိုရင် 7.99 ဒေါ်လာသတ်မှတ်လိုက်တာဖြစ်ပါတယ်။ဒီလုပ်ဆောင်ချက်ကို Epic က Apple ထံမှ Review နဲ့ ခွင့်ပြုချက်မယူဘဲလုပ်ခဲ့တာပါ။Digital store ရဲ့တိုက်ပွဲကို Epic က Apple ရဲ့ 1984 တုန်းက Mac ကြော်ငြာကိုတိုက်ရိုက်သရော်လိုက်ပြီး ဒီရာစုနှစ်Digital storefronts ရဲ့ကာလရှည်တိုက်ပွဲကိုစတင်လိုက်ပါပြီ။Epic game store ကိုဖန်တီးခဲ့တဲ့ steam ဆိုရင် သူတို့ရဲ့ Payment system က App store လိုပဲသွားပါတယ်။အရောင်း 30% ကိုအကုန်သိမ်းပါတယ်။ Epic ကတော့ Developer တွေဆီက 12% ပဲဖြတ်ပါတယ်။

[vimeo 447590857 w=640 h=360]

Nineteen Eighty-Fortnite - #FreeFortnite from Fortnite on Vimeo.

Fortnite Game ကို Epic က android platform ပေါ်မှာ Google play store ကိုရှောင်ပြီးသူတို့ Platform ပေါ်မှာအရင်ထုတ်ခဲ့တာပါ။နောက်ဆုံးတော့မှာ Google play store ပေါ်ကိုရောက်လာခဲ့တာပါ။‌အခုတော့ Epic က Apple ကိုလက်မရွံ့ပဲတိုက်ခိုက်လိုက်ပါပြီ။ Apple ကလဲလက်မခံပဲ Fortnite ကို App store ပေါ်ကဖြုတ်ချလိုက်တော့ IOS devices တွေမှာဆော့တဲ့ Fortnite သမားတွေအတွက်အခက်တွေ့ပါပြီ။

ဗုဒ္ဓဟူးနေ့တုန်းက Epic Game ဟာ Fortnite mobile devices တွေအတွက် Direct payment update ကိုထုတ်ပေးခဲ့ပါတယ်။ဒီ Update မှာ Gamer တွေကို In-game purchased ဝယ်ယူရာမှာလွတ်လပ်စွာဝယ်ယူခွင့်ပုံစံကိုပေးခဲ့ပါတယ်။ဒီလိုလုပ်လိုက်တာလဲ Epic game အနေနဲ့လောဘကြီးတယ်လို့လဲပြောလို့ရသလို Apple store ကချမှတ်ထားတဲ့စည်းဘောင်ကိုကျော်လုပ်တယ်လို့လဲပြောလို့ရပါတယ်။ V-bucks လို့ခေါ်တဲ့ Game ထဲကဝယ်ယူမှုတွေကို Game ထဲက Currency နဲ့ ( Mobile legend မှာစိန်ဝယ်သလို) ပုံစံမျိုးကိုပဲ Epic က သူတို့ဆီကဝယ်ရင် 20% သက်သာခွင့်ကိုပေးလိုက်တာပဲဖြစ်ပါတယ်။ V-bucks ရဲ့ 20% သက်သာခွင့်ကို တခြား platform တွေဖြစ်တဲ့ PS4,Xbox One, Nintendo Switch, PC နဲ့ Mac တွေအတွက်ပါ နောက် Update မှာထည့်သွင်းနိုင်ဖို့အတွက်ကြံစည်နေတာပါ။ Mobile user တွေအတွက်တော့ V-bucks လိုသက်သာစွာဝယ်ယူနိုင်ခွင့်ကတော့ Direct payment Option တစ်ခုပဲရှိပါတယ်။

Ref : Forbes

Author : Hein Htet

Previous
Previous

Capital Connect သည် မြန်မာပြည်တစ်ဝန်းရှိ ပြည်သူများအား လူနေမှုပုံစံသစ်အတွက် ငွေကြေးဝန်ဆောင်မှုပေးရန် Citizens ကို စတင်မိတ်ဆက်

Next
Next

Mobile Legends: Bang Bang Professional League Myanmar Season 5 ကို ဩဂုတ်လတွင် စတင်ကျင်းပသွားမည်