US ဒေါ်လာ 1400 နဲ့စတင်ဝယ်ယူနိုင်တော့မယ့် Microsoft surface Duo

Microsoft ကတော့ ဖြန့်ကားနိုင်တဲ့ Dual screen Android phone ( Microsoft surface Duo) ကိုစက်တင်ဘာလ ၁၀ ရက်နေ့ကနေစတင်ပြီးရောင်းချပေးတော့မှာပါ။ လပေါင်းများစွာစမ်းသပ်ပြီးတဲ့အချိန်မှာ‌တော့ Surface Duo ကို Pre Order စတင်မှာယူနိုင်တော့ပဲဖြစ်ပါတယ်။ကျန်ခဲ့တဲ့အောက်တိုဘာလမှာတုန်းက Microsoft အနေနဲ့ Surface Duo ရဲ့ ဒီဇိုင်းကိုပြသခဲ့ပေးမဲ့ ပါဝင်တဲ့ Specs တွေကိုတော့လျှို့ဝှက်ထားခဲ့ပါတယ်။ဒီ Surface Duo မှာတော့ 5.6 inches OLED display နှစ်ခုပါဝင်ပြီးResolution ကတော့ 1800x1350 ရရှိမှာပါ။ဒီကောင့်ရဲ့ aspect ratio ကတော့ 4:3 ဖြစ်ပြီး Display နှစ်ခုနဲ့ဆို 8.1 inches ရှိမှာပဲဖြစ်ပါတယ်။ Samsung ရဲ့ Galaxy Fold နဲ့မတူတာကတော့ Surface Duo မှာ Gorilla Glass ကိုသုံးပေးထားတာပဲဖြစ်ပါတယ်။ Window PC တွေမှာ Multiple display သုံးသလိုနဲ့တူနေမှာပါ။

ကင်မရာကတော့ Surface Duo မှာ 11 MP f/2.0 သုံးပေးထားပါတယ်။ HDR multi-frame capture, zoom 7 ဆ 4k video recording ကို 30fps မှာရော 60fps မှာပါရိုက်ကူးနိုင်မှာပါ။အဲ့တော့ Surface Duo မှာကင်မရာတစ်လုံးထဲပါမှာပါ။ video call အတွက် Main ကင်မရာကိုပဲသုံးရမှာပါ။

CPU ကတော့ Snapdragon 855 , RAM 6GB နဲ့ storage ကတော့ 256GB အထိသုံးနိုင်မှာပါ။ 5G ကတော့ရမှာမဟုတ်ပါဘူး။ Battery ကတော့ နှစ်လုံးပါဝင်ပြီး နှစ်လုံပေါင်းလိုက်ရင် 3577 mAh capacity ရှိပါတယ်။

Android device ဆိုတော့ Android app တွေအကုန် Run နိုင်မှာဖြစ်ပြီး Split screen သုံးနိုင်ဖို့အတွက် Developer တွေအနေနဲ့စိတ်ကြိုက် optimize လုပ်နိုင်မှာပါ။ Surface Duo အတွက် Microsoft အနေနဲ့ google နဲ့အနီးကပ်လုပ်ကိုင်ခဲ့ပါတယ်။ 5G နဲ့ NFC မပါဝင်တာကတော့ Battery life အတွက်ပဲဖြစ်နိုင်ပါတယ်။

Author : Hein Htet

Ref : theverge

Previous
Previous

Mobile Legends: Bang Bang Professional League Myanmar Season 5 ကို ဩဂုတ်လတွင် စတင်ကျင်းပသွားမည်

Next
Next

၂၀၂၀ ခုနှစ် Fortune Global 500 စာရင်းတွင် Huawei က အဆင့် ၄၉ အထိ တိုးတက်လာ