ဆယ်နှစ်ပြည့်အထိန်းအမှတ် Mi 10 Ultra ကိုမိတ်ဆက်ခဲ့တဲ့ရှောင်မီ

ရှောင်မီက‌တော့ဆယ်နှစ်ပြည့်အထိမ်းအမှတ်ပွဲခံတဲ့အနေနဲ့ Mi 10 ultra ကိုမိတ်ဆက်ခဲ့ပါတယ်။Mi 10 pro ထက်တောင်ပိုပြီး Top end ဖြစ်သလိုပိုပြီးကောင်းလာတဲ့မျက်နှာပြင်,အဆင်မြင့်တင်ထားတဲ့ ကင်မရာနဲ့အရင်ရှေ့ဖုန်းတွေထက်ပိုပြီးမြန်တဲ့ Charging speed နဲ့ထွက်ရှိလာပါတယ်။တခြား ရှောင်မီဖုန်းတွေလိုပဲဒီဖုန်းကိုတရုတ်မှာအရင်မိတ်ဆက်ခဲ့ပြီး Global launch ကိုတော့စောင့်ရဦးမှာပါ။အခုလော‌လောဆယ်မှာတော့ဒီဖုန်းအသစ်ရဲ့ထွက်မဲ့နေ့ရက်နဲ့Global စျေးနှုန်းအတိအကျကိုမသိရသေးပါဘူး။ တရုတ်မှာတော့ယွမ် 5299 ကနေစပါတယ်။ မြန်မာငွေကိုးသိန်းလောက်ကျပါတယ်။ ဒါပေမဲ့ဒီဖုန်းရဲ့ဒီဇိုင်းအနေအထားနဲ့လုပ်ဆောင်ချက်တွေကိုတော့အားလုံးအတိအကျသိရပါပြီ။

Mi Ultra ကို 8GB/128GB , 8GB/256GB , 12GB/256GB နဲ့ 16GB/512GB ဆိုပြီးအမျိုးအစားလေးမျိုးရရှိနိုင်မှာပါ။အရှေ့ဘက်ကနေကြည့်ရင်တော့ Mi 10 Ultra ဟာ Mi 10 နဲ့ Mi 10 pro နဲ့ဆင်တူပါတယ်။ဖုန်းဆိုဒ်ပိုကြီးသွားပြီး Screen ရဲ့ထောင့်ချိုးမှာကွေးထားတဲ့မှန်ခုံးနဲ့ပါ။ Punch hole cut out လေးကိုတော့screen ရဲ့ဘယ်ဘက်ထောင့်လေးမှာထည့်ထားပါတယ်။အနောက်ဘက်ကိုကြည့်လိုက်ရင်ဒီဇိုင်းကလုံးဝပြောင်းလဲသွားပြီးကင်မရာလေးလုံးအကြီးကြီးတွေ့ရမှာပါ။ကင်မရာဖုန်းလို့တောင်ပြောလို့ရပါတယ်။ဒီဖုန်းကမီးခိုးဆန်တဲ့အမည်း‌ရောင်နဲ့အဖြူရောင်ဆိုပြီးနှစ်မျိုးလာပါတယ်။ 6.67 inches AMOLED Display ကို 1800x2400 Resolution တပ်ဆင်ထားပါတယ်။ HDR 10+ ထောက်ပံ့ပေးထားပြီး 120 Hz refresh rate ပါပါဝင်ပါတယ်။ Mi 10 Display နဲ့တူပြီး refresh rate ပဲပိုများသွားတယ်လို့တောင်ပြောလို့ရပါတယ်။

https://platform.twitter.com/widgets.js

အထူးခြားဆုံးကတော့ရှောင်မီရဲ့ Mi 10 ultra ဟာ 120x Digital zoom ပါဝင်ပြီး S20 ultra ရဲ့ Zoom အဆတစ်ရာထက်တောင်ပိုများသေးပါတယ်။ 5x optical zoom အပြင် 48 MP main camera ဆိုပေမဲ့ Resolution မြင့်ရင်တော့ Snap တွေက Daylight မှာကောင်းနေမှာပါ။ဒါပေမဲ့ Mi 10 phones တွေလိုမျိုး 108 MP main camera မဟုတ်တော့ပါဘူး။Video recording လုပ်ရတာကြိုက်တဲ့လူတွေအတွက် 8K Resolution အထိထောက်ပံ့ပေးထားပါတယ်။

Software မှာတော့ MIUI 12 သွင်းပေးထားပြီး android 10 နဲ့မောင်းနှင်မှာပါ။ဒီဖုန်းမှာ Dual speaker နဲ့ audio ပိုင်းကိုအဆင့်မြှင့်တင်ထားပြီး Movies ကြည့် ဂိမ်းဆော့ဖို့အတွက်ပိုကောင်းမှာပါ။ ဘက်ထရီကတော့ 4500 mAh နဲ့ fast charging အတွက် 120 W ကိုသုံးပေးထားပါတယ်။ Wow ပါ။ Zero ကနေ 100 ကို 23 min အတွင်းသွင်းနိုင်မယ်လို့ကြေငြာထားပါတယ်။

Author : Hein Htet

Ref : techradar

Previous
Previous

၂၀၂၀ ခုနှစ် Fortune Global 500 စာရင်းတွင် Huawei က အဆင့် ၄၉ အထိ တိုးတက်လာ

Next
Next

OPPO မှ ထူးခြားဆန်းသစ်သော ပုံရိပ်ဆိုင်ရာ Features များ၊ Trend ဖြစ်လာမည့် Design နှင့် အသုံးပြုရာတွင် ပိုမိုအဆင်ပြေချောမွေ့စေမည့်Reno4 ကို မြန်မာနိုင်ငံတွင် မကြာမီ မိတ်ဆက်သွားမည်