IOS သုံးရတာကြာလာလို့ Android မသုံးတက်တော့ဘူး?

ကျွန်တော်တို့ဒီစကားကိုအရင်တုန်းကနည်းပညာနဲ့ရင်းနှီးတဲ့လူတွေမဟုတ်ရင်တောင်မှခပ်စိပ်စိပ်ကြားနေရမှာပါ။ဟုတ်ပါတယ်။ဖုန်းတစ်လုံးနဲ့တစ်လုံးက IOS နဲ့ Android ဆိုပြီးကွဲထွက်နေတဲ့အပြင်ကို custom UI တွေကလဲအမျိုးမျိုးကိုကွဲထွက်နေတာပါ။ Android မှာမှ One UI , EMUI , MIUI , Oxygen OS , Fun Touch OS, Color OS နဲ့ နောက်ဆုံးတစ်သီးတစ်သန့်ထဲ IOS ဆိုပြီးအများကြီးကွဲထွက်နေတာပါ။ဒါတောင်အရင်တုန်းက Window တင်ထားတဲ့ Nokia ဖုန်းတွေမပါသေးပါဘူး။အဲ့တော့ ကျွန်တော်တို့ကြားကြားနေရတဲ့ IOS သုံးရတာကြာလာပြီ Android မသုံးတက်တော့ဘူးဆိုတဲ့စကားဟာတစ်စိတ်တစ်ဒေသမှန်ပါတယ်။

သမိုင်းကြောင်းတစ်လျှောက်ကွာခြားချက်များ

UI ပိုင်းမှာအသိသာဆုံးကွာခြားချက်ကတော့ Android မှာဟိုးဘိုးအေ ဗားရှင်းမှာကတည်းကပါလာတဲ့ Widget တွေပါ။ Widget တွေဟာဟိုးအရင်တုန်းက Android ရဲ့အမှတ်အသားလို့တောင်ပြောနိုင်ပါတယ်။အခုတော့ IOS 14 မှာနောက်ဆုံးတော့ Widget တွေပါလာပါပြီ။

နောက်တစ်ခုကတော့ Back key နဲ့ menu key တွေပါ။ Home Button တစ်ခုထဲကိုပဲဆယ်နှစ်လောက်စွဲစွဲမြဲသုံးလာတဲ့ Apple ဟာ iPhone X ကိုမိတ်ဆက်လိုက်ပြီးကတည်းကသူတို့ရဲ့ Flagship ဖုန်းတွေမှာဖြုတ်ပစ်လိုက်ပါပြီ။အရင်တုန်းက Android ကိုင်နေကြလူတွေဟာရုတ်တရက် iPhone ကိုကောက်ကိုင်လိုက်ရင် Home Button ဘေးက chin ကိုလာလာနိုပ်မိနေတက်ကြပါတယ်။အခုဆိုရင်တော့ဖုန်းတွေအားလုံးက Home button တွေမပါတော့ဘူးအကုန်လုံးက Swipe up လုပ်နေကြပြီဆိုတော့ရောစရာအကြောင်းမရှိတော့ပါဘူး။

App drawer

အရင်တုန်းက Android ကနေ iPhone ပြောင်ကိုင်စဆို App drawer ကိုလိုက်ရှာတက်ကြပါတယ်။ IOS က‌တော့ app တွေကို Home screen မှာပဲပျံ့ကျဲပြီးထားတာပါ။အခု 14 မှာတော့ App library လို့ခေါ်တဲ့အကန့်လေးပါလာပါပြီ။ Android က App drawer လိုသဘောပါပဲ။ App drawer ဟာ Customization ကောင်းတယ်ဆိုတဲ့သဘောမျိုးပါပဲ။အရင်တုန်းဆို Next launcherတို့ Nova launcher တို့နဲ့‌လျှောက်ကလိခဲ့ကြတာကိုသတိရကြမှာပါ။

Sharing အကန့်အသတ်နဲ့ software environment ကွာခြားမှု

အရင်တုန်းက iPhone ဝယ်မယ်ဆို Zapya သုံးပြီး App တွေရှဲလို့မရတာကစိတ်အနှောင့်အယှက်ဖြစ်စရာကြီးပါ။ iPhone ကကွာဟိုဟာနဲ့ချိတ်မရဒီဟာနဲ့ချိတ်မရနဲ့အဆင်မပြေပါဘူးလို့ပြောခဲ့တဲ့အချိန်တွေကိုသတိရကြမှာပါ။အဲ့တုန်းက wifi ပေးတဲ့ ISP တွေကလဲဒီလောက်မပေါသေးဘူး။ ဖုန်းဘေတွေကလည်းစျေးကြီးသေးတော့‌ဒေါင်းလုပ်ဆွဲဖို့ဆို Night Package နဲ့ညရောက်မှဆွဲခဲ့ရတာပါ။အဲ့တာကြောင့် အဲ့တုန်းက App sharing အကန့်အသတ်ရှိတဲ့ iPhone တွေဟာအဆင်ပြေမနေခဲ့ပါဘူး။သီချင်းတွေဆိုလဲဆိုင်မှာသွင်းခဲ့ရတာပါ။‌Apple music လေးနဲ့သီချင်းနားထောင်ဖို့ကိုအရင်တုန်းကဆိုင်မှာနာရီဝက်လောက်စောင့်ပြီးသွင်းခဲ့ရတာပါ။ Android မှာတော့ Zapya လေးဖွင့်လိုက်ယုံပါပဲ။

Split screen စကရင်နှစ်ခုခွဲနဲ့ App နှစ်ခုတပြိုင်တည်းသုံးမယ်။

Split screen က iPad OS မှာသုံးလို့ရပေမဲ့ iPhone တွေမှာတော့အခုထက်ထိကိုမရသေးပါဘူး။ဒါကြီးကလည်း iPhone တွေနဲ့ Android တွေရဲ့ကွာခြားချက်အကြီးကြီးတွေပါ။

IOS မှာသူတို့သုံးခိုင်းတဲ့ lock screen ပုံစံပဲသုံးရမှာပါ။

IOS မှာတော့ IOS version တစ်ခုလုံးပြောင်းမှ lock screen ပုံစံအသစ်လေးကိုသုံးရတာပါ။Android မှာတော့ Launcher ပေါင်းစုံနဲ့ lock screen ပေါင်းစုံကိုကြိုက်တာကိုသုံးလို့ရနေတာနှစ်ပေါက်နေပါပြီ။အရင်တုန်းက iPhone တွေမှာဆို IOS version တိုင်းမှာတောင်ပြောင်းဖို့တော်တော်လေးကိုခဲယဉ်းပါတယ်။အရင်တုန်းက slide to unlock မြှားလေးကိုပြန်လိုချင်နေကြတဲ့လူတွေရှိနေပါသေးတယ်။

Software Support ပေးနိုင်မှုကွာခြားချင်း

IOS ရဲ့ Software Support ပေးနိုင်စွမ်းအားကအံ့မခန်းပါပဲ။IOS 13 ကို ၂၀၁၆ တုန်းကထွက်ထားတဲ့ iPhone 6s plus မှာရနေပေမဲ့သူနဲ့အတူတူထွက်ခဲ့တဲ့ S7 ကတော့အခုအချိန်မှာ android 10 မရတော့ပါဘူး။

Author : Hein Htet

Previous
Previous

ဆုကြေးငွေပေါင်း သိန်း ၅၀၀ ကျော်ရရှိမည့် PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲအတွက် စာရင်းပေးသွင်းနိုင်

Next
Next

OPPO သုံးစွဲသူများအတွက် ဖုန်းပြင်ဆင်မှုများကို တစ်နာရီအတွင်း အမြန်ဆုံး ပြုလုပ်ပေးနိုင်မည့် OPPO 1 Hour Flash Fix အစီအစဉ်