Huawei အနေနှင့်၂၀၂၀ပထမနှစ်ဝက်တွင်Samsung ကိုကျော်ဖြတ်ပြီး ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းတင်ပို့ထုတ်လုပ်သူဖြစ်လာ

ပြီးခဲ့သည့်နှစ်နှစ်အတွင်းကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းတင်ပို့ရောင်းချသူ နံပါတ်(၁)နေရာကိုကြီးစိုးထားသည့် Samsung အနေနှင့် ၂၀၂၀ ဒုတိယသုံးလပတ်အပြီးတွင် Huawei ကပထမဆုံးအကြိမ်အဖြစ်ကျော်ဖြတ်သွားနိုင်ခဲ့ပါသည်။ Canalys မှထုတ်ပြန်ထားသော ၂၀၂၀ သုံးလပတ်အထိအစီရင်ခံစာစစ်တမ်းများအရ ၂၀၂၀ ဒုတိယသုံးလပတ်အတွင်းတင်ပို့ရောင်းချရသည့်စမတ်ဖုန်းအလုံးရေအားဖြင့် Huawei က ၅၅.၈သန်း၊ Samsung က ၅၃.၇သန်း၊Apple မှသန်း ၄၀ နှင့် ၄၅သန်းကြား၊Xiaomi မှ ၂၈.၈သန်း၊OPPO မှ ၂၅.၈သန်း အသီးသီးတင်ပို့ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

ထို့အပြင် Huawei မှ ၂၀၂၀ ပထမသုံးလပတ်အတွင်းတင်ပို့ရောင်းချနိုင်ခဲ့သည့်စမတ်ဖုန်းအလုံးရေ ၄၉သန်း ရှိခဲ့ပြီးယခုဒုတိယ သုံးလပတ်ရလဒ်နှင့်ပေါင်းလိုက်မည်ဆိုလျှင် Huawei အနေနှင့် ၂၀၂၀ ပြည့်နှစ်အတွင်းလက်ရှိအချိန်အထိစမတ်ဖုန်းအလုံးရေတင်ပို့ရောင်းချသည့်ကုမ္ပဏီဖြစ်လာခဲ့ပါသည်။တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် Huawei မှစမတ်ဖုန်းတင်ပို့ရောင်းချရမှုဟာပြီးခဲ့သည့်နှစ်ကထပ် ၅ ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့ပြီး Samsung အနေနဲ့လည်းယခင်နှစ်ကထက်စာလျှင် ၃၀ ရာခိုင်နှုန်းကျဆင်းသွာခဲ့သည်။ ၂၀၂၀ ဒုတိယသုံးလပတ်အတွင်း Huawei အနေနှင့်စမတ်ဖုန်းတင်ပို့ရောင်းချရမှု ( တရုတ်ပြည်မကြီး ပြင်ပဒေသများသို့) မှာယမန်နှစ်ကထက် ၂၇% ကျဆင်းခဲ့ပေမဲ့တရုတ်ပြည်မကြီးအတွင်းရောင်းချမှုဟာ ၈% အထိတိုးတက်လာခဲ့ပြီးလက်ရှိအချိန်တွင်တရုတ်ပြည်မကြီးအတွင်းစမတ်ဖုန်စျေးကွက်    ဝေစု၏စုစုပေါင်း ၇၀ % ကျော်ကို Huawei မှရရှိထားပြီးဝင်ငွေအားဖြင့်လည်း ၁၃ ရာခိုင်နှုန်းကျော်တိုးတက်လာခဲ့ကြောင်းလည်းသိရသည်။

ယမန်နှစ်ကအမေရိကန်ပြည်ထောင်စု၏ Entity List တွင်းထည့်သွင်းခဲ့မှုနှင့်တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် COVID-19 နောက်ဆက်တွဲအနေနှင့်စီးပွားရေးကျဆင်းမှုများဖြစ်ပေါ်ခဲ့ခြင်းများကြားထဲမှ Huawei အနေနှင့်တစ်နှစ်တာအချိန်ကာလအတွင်းတွင်အလျင်အမြန်တိုးတက်မှုပြန်လည်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းနှင့်တရုတ်ပြည်မကြီး စျေးကိုခိုင်မာစွာရယူနိုင်ခဲ့ခြင်းနှင့်ဥရောပဒေသစျေးကွက်အချို့တွင်စျေးကွက်ဝေစုကိုထိန်းထားနိုင်ခြင်းတို့နှင့်အတူ၊လက်ရှိ Huawei ဖုန်းများတွင်အသုံ့းပြုနေသည့် Huawei Mobile services နှင့် App Gallery တို့ကိုအချိန်တိုအတွင်းသိသာသောရလဒ်များရရှိအောင်ဆောင်ရွက်နိုင်ခဲ့ခြင်းတို့က Huawei ကိုလက်ရှိအချိန်တွင် ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်တင်ပို့ရောင်းချသူနေရာကိုရရှိစေခဲ့ခြင်းပဲဖြစ်ပါတော့သည်။

Sources

https://www.canalys.com/newsroom/Canalys-huawei-samsung-worldwidesmartphone-market-q2-2020  

https://www.reuters.com/article/us-huawei-smartphones/huawei-overtakes-samsungas-worlds-top-handset-seller-in-second-quarter-canalys-idUSKCN24V0AP

https://www.channelnewsasia.com/news/business/huawei-overtakes-samsung-asworld-s-top-handset-seller-in-second-quarter--canalys-12975712

https://www.forbes.com/sites/bensin/2020/07/30/how-huawei-managed-to-sell-themost-phones-in-2020-so-far-re-releases-in-europe-and-chineseconsumers/#2778f4b0b9a8 https://www.straitstimes.com/business/companies-markets/huawei-overtakessamsung-as-worlds-top-handset-seller-in-q2-report

Previous
Previous

ဘက်စုံသုံးအတွက်သင့်တော်သည့် HUAWEI MatePad အမျိုးအစားသစ်ကို မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်တော့မည်။

Next
Next

ဆုကြေးငွေပေါင်း သိန်း ၅၀၀ ကျော်ရရှိမည့် PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲအတွက် စာရင်းပေးသွင်းနိုင်