Reviewer အကြိုက် 2020 ရဲ့စမတ်ဖုန်းနည်းပညာများ
Display အကောင်းဆုံးစမတ်ဖုန်း
Display အကောင်းဆုံးကိုရွေးပေးရမယ်ဆိုရင် S20 series ကိုရွေးပေးရလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့အားလုံးသိကြတဲ့အတိုင်းပဲခေတ်အဆက်ဆက် OLED display မှာနာမည်ကြီးလာတဲ့ Samsung ပါ။ S20 series ကအရင်ထွက်ခဲ့တဲ့ S10 နဲ့ Note 10 series ထက်ပိုပြီးတော့ Brightness ပိုင်းရော Color accuracy ပိုင်းကောသိသိသာကိုပိုကောင်းလာပါတယ်။သူ့ရဲ့120 refresh rate မှာ သုံးလို့ရတဲ့ Full HD အရည်အသွေးကNote 10 ရဲ့ Full HD အရည်အသွေးထက်အများကြီးကိုပိုကောင်းလာပါတယ်။

အားသွင်းတဲ့နေရာမှာအကောင်းဆုံးနဲ့အမြန်ဆုံးဖုန်း
ZTE ရဲ့ Nubia Redmagic ဖုန်းရဲ့ Neo charge ကအားသွင်းတဲ့နေရာမှာတော်တော်ကြီးကိုမြန်တာပါ။ထိုင်ကြည့်နေရင်းနဲ့ကို percent လိုက်ကြီးကိုတက်တာပါ။ကျွတ်ဆင်ကြီးပါ။သူတို့ကြေငြာထားတဲ့အတိုင်းပဲ 56% ကို 15 min အတွင်းရတဲ့ဆိုတာအဲ့ထက်တောင်ပိုမြန်နေပါသေးတယ်။ဗူးထဲမှာပါတဲ့ fast charging 55W adaptor အတုံးကိုသူ့မှာပါတဲ့ကြိုးနဲ့သွင်းမှ Neo charge ကိုရမှာပါ။

Cooling ပိုင်းနဲ့ Battery ပိုင်းအကောင်းဆုံးဖုန်း
Cooling ပိုင်းမှာ P40 pro ကလုံးဝကိုအကောင်းဆုံးပါ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် Full review မှာပြောခဲ့တဲ့အတိုင်းပဲဖုန်းကမပူဘူးလားဆိုတော့ပူတယ်ဒါပေမဲ့ပူပြီးရင်ပူတဲ့ Limit တစ်ခုကိုရောက်ပြီဆိုရင်သူ့အလိုလိုအပူကိုပြန်လျှော့ပေးပါတယ်။ Heat management တော်တော်ကောင်းတဲ့ဖုန်းတစ်လုံးပါ။ Battery Optimization အကောင်းဆုံးဖုန်းဆိုရင်တော့ 2020 ထွက် iPhone တွေကိုရွေးပေးရလိမ့်မယ်ဗျ။အခု 2020 မှာထွက်ထားတဲ့iPhoneတွေက mAh က တခြား Android Flagship ဖုန်းတွေထက်ကိုပိုပြီးတော့နဲပါတယ်။ဒါပေမဲ့ IOS ရဲ့ Optimization ကတော်တော်ကိုကောင်းတဲ့အတွက်လက်တွေ့သုံးတဲ့အခါမှာတော်တော်ကြီးကိုအသုံးဝင်ပါတယ်။

စွမ်းဆောင်ရည်အကောင်းဆုံးစမတ်ဖုန်း
ဒီနှစ်ထဲမှာ Review လုပ်ခဲ့သမျှဖုန်းတွေထဲမှာစွမ်းဆောင်ရည်ပိုင်းအားအရဆုံးဖုန်းကတော့ Snapdragon 865 နဲ့ GPU Adreno 650 Ram 8GB ကိုမှ UFS 3.0 နည်းပညာပါဝင်တဲ့ Redmagic ဖုန်းဖြစ်ပါတယ်။သူ့ကဂိမ်းမင်းဖုန်းဆိုတော့မြန်နေအောင် latest Hardware တွေပဲသုံးထားတဲ့အတွက်လုံးဝကို Flagship level performance ပါ။အဲ့တာအပြင်ကိုအားသွင်းတဲ့နေရာမှာပါတော်တော်လေးစိတ်ကျေနပ်ဖို့ကောင်းအောင်မြန်တဲ့အတွက်ဒီဖုန်းကအခုထက်ထိတော့စွမ်းဆောင်ရည်အကောင်းဆုံးဖုန်းဖြစ်နေပါသေးတယ်။

ပေးရတဲ့စျေးနဲ့အတန်ဆုံးဖုန်း
Flagship ထဲမှာပေးရတဲ့စျေးနဲ့အတန်ဆုံးဖုန်းကတော့ OnePlus 8 series ပါသူ့မှာအရင် Flagship killer OnePlus လို့နာမည်ကြီးခဲ့တုန်းကမပါခဲ့တဲ့ IP68 dust and water resistance တွေ wireless charging တွေအပြင် Flagship ဖုန်းတွေအကုန်လုပ်နိုင်တဲ့ Wifi 6 , Bluetooth 5.1, 30W Fast charging 4k video recording နဲ့ 120 Hz refresh rate တို့ပါဝင်ပါတယ်။Flagship ဖုန်းတစ်လုံးမှာပါသင့်တဲ့လွတ်နေတဲ့ Feature တွေလဲမရှိဘူးအဲ့တာတွေအပြင် Oxygen OS ကပါတော်တော်လေးကို Clean ဖြစ်တဲ့အပြင်ကို ဒီဖုန်းကစျေးနှုန်း 13 သိန်းမကျော်တဲ့အတွက် Price to performance အကောင်းဆုံးဖုန်းတစ်လုံးဖြစ်ပါတယ်။

Build quality နဲ့ Design ပိုင်းအကောင်ဆုံးဖုန်း
တစ်ဖန် S20 series ပါပဲ။ဒီဖုန်းက Daily usage မှာတော်တော်ကိုင်လို့ကောင်းတဲ့ဖုန်းဖြစ်တဲ့အပြင် camera bump ထားတဲ့ပုံစံဖုန်းရဲ့အလေးချိန်ဘာညာအထားအသိုအကုန်လုံးကကိုင်လို့အကောင်းဆုံးဖုန်းတစ်လုံးဖြစ်စေတာပါပဲ။ကျွန်တော် Review လုပ်ခဲ့သမျှဖုန်းတွေထဲမှာ Punch hole အလှဆုံးနဲ့ကိုင်လို့အကောင်းဆုံးဖုန်းတစ်လုံးပါပဲ။

UI အကောင်းဆုံးဖုန်း
နောက်ဆုံးမှာတော့မင်းသားကြီးလာပါပြီ။ OS နဲ့ UI အမိုက်ဆုံးကတော့သူ့ software သူ့ Hardware နဲ့ထွက်ထားတဲ့ iPhone ပါပဲ။သုံးရတာထိရောက်မှုရှိတာတွေအပြင်အရိုးရှင်းဆုံးနဲ့ဆွဲဆောင်မှုအရှိဆုံးဖုန်းပါပဲ။IOS ရဲ့အားသာချက်ကတော့အပိုစာသားမပါဘဲအရိုးရှင်းဆုံးနဲ့ခမ်းနာနေခြင်းပါပဲ။အဲ့တာကြောင့်ဒီ category မှာတော့ IOS နဲ့ iPhone ပါပဲ။သူ့ရဲ့နောက်မှာတော့ဒုတိယအကောင်းဆုံးကိုတော့ Samsung ရဲ့ One UI ကိုပေးချင်ပါတယ်။One UI လဲသုံးရတာတော်တော်လေးကိုခရီးရောက်တဲ့အပြင်ကိုင်ရတွယ်ရတာတော်တော်အဆင်ပြေပါတယ်။

Author : Hein Htet
Photocrd : AndoridPIT