Shopping center တွေလေဆိပ်တွေမှာရှိတဲ့အများသုံး Wifi တွေကိုအထာကျကျသုံးမယ်ဆိုဆောင်ရန်ရှောင်ရန်အချက်များ

Public wifi လို့ခေါ်တဲ့အများသုံး Wifi များဟာကျွန်တော်တို့ထင်ထားသလောက်လုံခြုံမနေပါဘူး။အခန့်မသင့်ရင် ကို့ရဲ့ credit card နံပါတ်တွေဘဏ်အကောင့်တွေပါပါသွားနိုင်ပါတယ်။အဲ့တော့နောက်ဆုံးမဖြစ်မနေအခြေအနေမှာသုံးရတော့မယ်ဆိုရင်ဆောင်ရန်ရှောင်ရန်အချက်တွေကိုသိထားသင့်ပါတယ်။

ကိုယ်ယုံကြည်ရမယ့်အရင်းအမြစ်ကိုသိပါ။

Public wifiတိုင်းကတော့လုံးဝစိတ်ချရတယ်ဆိုတာမျိူးမရှိပါဘူး။အဲ့တာတွေကလဲဘယ်သူကဒီWifi ကိုလွှင့်ခဲ့လဲ ဘယ်သူကဒီ Wifi ကိုထောက်ပံ့နေလဲပေါ်မှာမူတည်ပါတယ်။

သိသာထင်ရှားတဲ့နာမည်နဲ့ companies တွေကတော့ ကိစ္စ္မရှိပါဘူး။ ဥပမာဘဏ်တွေ ထင်ရှားတဲ့စားသောက်ဆိုင်တွေနဲ့ကုမ္ပဏီတွေစတာတွေကတော့ပြဿနာမရှိပါဘူး။ဘယ်ဟာတွေကပြဿနာရှိလဲဆိုရင်ပေါက်ကရနာမည်တွေနဲ့လွှင့်ထားတဲ့wifi တွေ shopping center မှာ စေျးဝယ်ထွက်နေတုန်းရုတ်တရက်ဆိုသလိုပေါ်လာတဲ့ နာမည်အဆန်းကြီးတွေနဲ့ wifi တွေပါ။ ရိုးရိုးလေးတွေးကြည့်လိုက်မယ်ဆိုရင်ဘယ်သူကဒီ wifi တွေကိုဘာအကျိူးအမြတ်ရလို့အလကားလွှင့်ထားမှာလဲ

ကိုယ်က မြို့အသစ်ကိုရောက်ရင်ကိုယ်အရင်ချိတ်ခဲ့ဘူးတဲ့ စတိုးဆိုင် or ကော်ဖီဆိုင်ကwifi ကိုပြန်ချိတ်တာအကောင်းဆုံးပါပဲ။ ဥပမာ ကိုယ်က ကိုယ့်မြို့ကKFC မှာချိတ်ခဲ့ရင် နောက်အသစ်ရောက်တဲ့ KFC ဆိုင်ကwifi မှာပဲချိတ်ပေါ့။

HTTPS ကိုသုံးပါ။

Google Chrome Browser ကိုယ်ရောက်နေတဲ့ Site ကရိုးရိုးHTTP connection ကိုပဲသုံးထားတယ်ဆိုရင်အသိပေးပါတယ်။ HTTP နဲ့ HTTPS ကွာခြားချက်ကတော့ HTTPS က‌ encrypted connection ကိုသုံးတာပါ။ Public wifi သုံးနေရင် Same network ထဲက မသမာသူက

ကြားထဲက ကိုယ့် Data ကို ဖြတ်ယူသွားရင်တောင် ဖတ်လို့မရပါဘူး။ Public key , Private Key နဲ့ encryption လုပ်ထားလို့ပါ။ပြောချင်တာကတော့ပိုလုံခြုံပါတယ်။

ကိုယ်ပိုင် Information တွေသိပ်မပေးပါနဲ့

Public wifi ကို sign up လုပ်တဲ့အခါမှာpersonal detail ကိုအရမ်းတောင်းနေပီဆိုရင်သတိထားပါတော့။

ကိုယ့်ရဲ့ Credit card information တွေ Bank statement တွေအစရှိတဲ့ sensitive data တွေကို Public wifi ပေါ်ကနေSharing မလုပ်ပါနဲ့။ဥပမာ ကို့အသိက က Bank statement လှမ်းတောင်းတဲ့အခါမျိုးမှာ end to end encryption မရှိတဲ့Messenger လိုနေရာမျိုးကနေသွားမပေးပါနဲ့။ ဖုန်းနံပါတ်နဲ့Email address ကိုတောင်းတာမျိုးတွေနဲ့ ကိုယ့် email address password ကိုမယုံကြည်ရတဲ့ Public wifi ပေါ်မှာလုံး၀မထဲ့ပါနဲ့။

Airdrop နဲ့ File Sharing ပိတ်ထားပါ။

ကို့ရဲ့ laptop နဲ့ ဖုန်းပေါ်ကfile sharing features တွေကိုပိတ်ထားပါ။ လပ်တော့မှာဆိုNetwork discovery နဲ့ Turn off file and printer sharing ကိုပိတ်ထားပါ။ iPhone မှာဆို airdrop ပိတ်ပီး android မှာဆို NFC sharing တို့ Bluetooth တို့ပိတ်ထားပါ။

VPN သုံးပါ။

VPN တွေဟာ Data Traffic တွေကို client browser က နေ server ကို Encrypt လုပ်ပီးပေးပို့တာဖြစ်တဲ့အတွက် စိတ်ချရပါတ​ယ်။ VPN နဲ့သုံးရင် ကို့ရဲ့IP address ကို VPN ထုတ်တဲ့ company တွေက တခြားတနေရာမှာ သူတို့ရဲ့ IP address နဲ့Mask လုပ်ထားတာြဖစ်လို့ ကို့ရဲ့ Location ကိုtrack လို့မရပါဘူး။

Antivirus သုံးပါ။

Public wifi သုံးနေတုန်း Malware နဲ့ virus တွေဝင်လာခဲ့ရင် antivirus Program တွေကအသိပေးပါတယ်။

Antivirus ကိုအမြဲတမ်းနောက်ဆုံး Version update လုပ်ထားဖို့ကအရေးကြီးဆုံးပါပဲ။

နောက်ဆုံးအချက်အနေနဲ့ စိတ်ချရတဲ့ အိမ်က wifi သုံးသည်ဖြစ်စေ Public wifi သုံးသည်ဖြစ်စေ Firewall ဖွင့်ထားပါ။ ကိုယ့်ရဲ့အရေးကြီး sensitive data တွေကိုမပို့မဖြစ်ပို့ရတော့မယ်ဆိုရင် Public wifi နဲ့ ဆိုစဥ်းစားပါ။ကိုယ့်ဖုန်းရဲ့ mobile hotspot လွှင့်ပီးသုံးတာအကောင်ဆုံးပါပဲ။

Author : Hein Htet

Previous
Previous

SPARK 5 Pro ဆိုသည့်အတိုင်း ကင်မရာ (၅)လုံးနဲ့ ပွဲထွက်လာပြီး ဝယ်ယူသူတိုင်းကို နောက်ဆုံးပေါ် TWS Earbuds လက်ဆောင်ပေးမည့် TECNO Mobile

Next
Next

OPPO မှ 125W Flash Charge၊ 65W AirVOOC Wireless Flash Charge နှင့် 50W Mini SuperVOOC Charger တို့ကို စျေးကွက်တွင် စတင်မိတ်ဆက်