တရုတ်နိုင်ငံမှာရင်နှီးမြုပ်နှံမှုများရပ်ဆိုင်းလိုက်ပြီး Facebook , Amazon , Apple တို့နည်းတူ အိန္ဒိယမှာ ဒေါ်လာ 10 Billion ရင်းနှီးမြုပ်နှံလိုက်တဲ့ Google
ဧပြီလတုန်းက Facebook က အိန္ဒိယမှာ ဒေါ်လာ ၅.၇ Billion ရင်းနှီးမြှပ်နှံလိုက်ပြီလိုကြေငြာလိုက်ပါတယ်။ဇန်နဝါရီလတုန်းကလည်း Amazon က အိန္ဒိယမှာ 1 billion ရင်းနှီးမြှပ်နှံလိုက်ပါသေးတယ်။အခုဆိုရင် Google သို့မဟုတ် သူ့ရဲ့မိခင်ကုပ္မဏီ Alphabet ကအိန္ဒိယမှာ infrastructure ပိုင်းနဲ့ ecosystem ပိုင်းမှာဒေါ်လာ 10 billion ရင်းနှီးမြှပ်နှံလိုက်ပါတယ်။
အခုဆိုရင်တော့တရုတ်မှာရင်းနှီးမြှပ်နှံလို့မရတော့တဲ့ Tech ကုပ္မဏီကြီးများဟာတခြားတစ်နေရာမှာရင်းနှီးမြှပ်နှံရတော့မှာပဲဖြစ်ပါတယ်။Google ရဲ့ CEO Sunder Pichai ( ဆန်ဒါ ပချိုင် ) ဟာ ကျွန်တော် ငယ်ငယ်တုန်းကနည်းပညာအပိုင်းအစအသစ်များဟာလေ့လာသင်ယူဖွံဖြိုးဖို့အတွက်အမြဲတမ်းအခွင့်အလမ်းအသစ်တွေကိုယူဆောင်ပေးခဲ့ပါတယ်။ဒီနေ့မှာတော့အိန္ဒိယနိုင်ငံကလူတွေဆီကိုနည်းပညာအသစ်ရောက်လာဖို့အတွက်စောင့်နေစရာမလိုတော့ပါဘူး။နည်းပညာရဲ့မျိုးဆက်သစ်များဟာအိန္ဒိယနိုင်ငံမှာအရင်ဆုံးဖြစ်ထွန်းနေပါပြီ”လို့ဆိုခဲ့ပါတယ်။

Google ရဲ့ရင်းနှီးမြှပ်နှံမှု 10 Billion ကိုနေရာလေးနေရာမှာအဓိကအသုံးပြုသွားမှာပါ။
1. Localization “ အလွယ်တကူရရှိနိုင်သောနည်းပညာများကိုအိန္ဒိယဘာသာစကားနှင့်အသုံးပြုနိုင်ရန် “
2. Google နှင့် Alphabet ထုတ်ကုန်များ ဝန်ဆောင်မှုများကိုအိန္ဒိယနိုင်ငံအတွက်သီးသန့်ထုတ်လုပ်ရန်
3. Digital transformation စီးပွားရေးလုပ်ဆောင်မှုများကိုဒစ်ဂျစ်တယ်ခေတ်သို့ကူးပြောင်းရန်
4. Social Good “နည်းပညာနှင့် AI ကိုအသုံးပြုပြီးလူနေမှုအဆင့်အတန်းမြင့်မားစေရန်ရည်ရွယ်မှု
တရုတ်နိုင်ငံအနေနဲ့ ပြည်တွင်းကုမဏီတွေနဲ့ယှဥ်ပြိင်မဲ့နိုင်ငံခြားကုမဏီတွေဖြစ်တဲ့ Google, Facebook, Netflix, Bing, Twitter, Pinterest နဲ့ Quora တို့ကိုတရုတ်နိုင်ငံနဲ့စီးပွားရေးလုပ်ငန်းတွေနဲ့လုပ်ဆောင်ဖို့ကိုတားမြစ်ထားပါတယ်။
Author : Hein Htet
Ref : Forbes.com